Home News ဆောဒီက ယာဉ်စည်းကမ်း ဥပဒေအသစ်က အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပေးတော့မည်

ဆောဒီက ယာဉ်စည်းကမ်း ဥပဒေအသစ်က အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပေးတော့မည်

0
ဆောဒီက ယာဉ်စည်းကမ်း ဥပဒေအသစ်က အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပေးတော့မည်

ကျား၊မ တန်းတူညီမျှမှု ရှိခြင်းနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့ ကမ္ဘာမှာ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ဆိုင်ကယ်တို့၊ ကားတို့ မောင်းနှင်ဖို့အတွက် အခွင့်အရေးပိုများနေတာကို တွေ့ရပါလိမ့်မယ်။ ဒါတင်မကသေးပဲ တစ်ချို့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေ ဆိုင်ကယ်မောင်းတာ၊ ကားမောင်တာတို့ ကန့်သတ်ထားတာတွေရှိပါတယ်။ အဲ့ဒီနိုင်ငံကတော့ ဆောဒီ အာရေးဗျနိုင်ငံပဲဖြစ်ပါတယ်။

အရင်တုန်းက ဘယ်လိုပင်ကန့် သတ်မှုတွေရှိခဲ့ရှိခဲ့ အခုအချိန်မှာ ၎င်း နိုင်ငံဟာ အသိအမြင်အနည်းအကျဉ်းပွင့်လင်းလာပြီလို့ ဆိုရတော့မှာပါ။ ဘာလို့လည်း ဆိုတော့ သူတို့ရဲ့ ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်း တားမြစ်ချက်ကို မြှင့်တင်ပြီးတဲ့အချိန်မှာတော့ ၎င်း နိုင်ငံက အမျိုးသမီးတွေ အရင်က အခွင့်အရေးမရှိခဲ့တဲ့ ဆိုင်ကယ်မောင်းခွင့်၊ ကားမောင်းခွင့် ရရှိတော့ မှာဖြစ်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်းအသစ်ကို လာမယ့် ဇန်နဝါရီလမှာ မိတ်ဆက်သွားတော့မှာပါဖြစ်ပါတယ်။ ဆော်ဒီရဲ့ ယာဉ်လမ်းကြောင်း ညွှန်ကြားရေးမှူး က ဒီဥပဒေဟာ အမျိုးသားအတွက်ရော၊ အမျိုးသမီးအတွက်ပါ မျှတတဲ့ ဥပဒေဖြစ်လာမယ်လို့ ပြောပါတယ်။ သူကထပ်ပြောသေးတာက ကားမောင်းမယ့်အမျိုးသမီးတွေအတွက် အမျိုးသားနဲ့ ကွဲပြားပြီး တပ်ဆင်ရမယ့် နံပါတ်ပြား မလိုပါဘူးဆိုပြီးတော့လည်းပြောပါတယ်။

ဆော်ဒီကအမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးစင်တာ က ကားမတော်တဆဖြစ်မှုတွေနဲ့ ယာဉ်လမ်းကြောင်း ပြစ်မှုကျူးလွန်မှုတွေအတွက် ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတွင်း အမျိုးသမီးတွေ ကားမောင်နှင်ခွင့် ရရှိဖို့အတွက် ဘုရင်ဆယ်မန်းက စက်တင်ဘာလကတည်းက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ရှေးရိုးစွဲ ဘုရင်စနစ် ကိုပြန်လည်ပြင်ဆင်ဖို့အတွက် ဒီဥပဒေဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ရှိနေမှာဖြစ်ပြီး ၎င်း ဥပဒေဟာ အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ကန့်သတ်ထားခြင်းကနေ လွတ်လပ်ခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာမှာပါ။

ဒီလို အခွင့်အရေးမရခင်အချိန်ထိ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေက ဆယ်စုနှစ်ချီ လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး တစ်ချို့အမျိုးသမီးတွေဆိုရင် ကားခိုးမောင်းလို့ အချုပ်ခန်းထဲရောက်တာတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံရဲ့ အုပ်ထိန်းမှုစနစ် လည်း အခြားသော ကန့်သတ်မှု ဖြေလျော့တဲ့ စနစ်ထဲမှာပါဝင်မှာဖြစ်ပြီး ပညာသင်ကြားခွင့်၊ ခရီးလွပ်လပ်စွာသွားလာခွင့်နှင့် လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခွင့်တို့ကို ဖြေလျော့ပေးသွားမှာဖြစ်ပါတယ်။

လွန်ခဲ့တဲလတုန်းကလည်း လာမယ့်နှစ်ကစပြီး ရုပ်ရှင်ကြည့်ရှုခွင့်နှင့်ပတ်သက်တဲ့ တားမြစ်ချက်တွေကို ဖြေလျော့သွားဦးမှာဖြစ်ပြီး ဆယ်စုနှစ် သုံးခုကျော်လောက်က ခိုးကြောင်ခိုးဝှက်ကြည့်ရတဲ့ ရုပ်ရှင်တို့ ၊ ဗွီဒီယိုတို့ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်ကြည့်ရှုခွင့်ရတော့မှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: