NASA မှ ကပ်ပလာ ၉၀လို့အမည်ပေးထားတဲ့ ဂြိုလ်အသစ်ကို ရှာဖွေတွေ့ရှိ

0
15714

နာဆာမှ ကျွန်တော်တို့အခု လက်ရှိနေထိုင်တဲ့ နေအဖွဲ့အစည်းရဲ့ ဂြိုလ်ထက်ပိုများတဲ့ နေအဖွဲ့အစည်းသစ်တစ်ခုကို တွေ့ရှိထားပြီး ကက်ပလာ ၉၀ လို့ခေါ်တဲ့ ရှစ်ခုမြောက်ဂြိုလ်ကိုတွေ့ရှိထားတယ်ဆိုတဲ့အကြောင်းကို ဒီတစ်ပတ်ထဲမှာ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ကက်ပလာ ၉၀ နေအဖွဲ့အစည်းရဲ့ နေဟာ ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ နေအဖွဲ့အစည်းရဲ့နေနဲ့ ဆင်တူပြီး အဝေးမှာ ရှိနေတာလည်း မဟုတ်ပါဘူး။ ကမ္ဘာကနေ အလင်းနှစ် ၂၅၄၅ ဝေးကွာတဲ့နေရာ ဒါကို ကြယ်တာရာ မှာ ရှိနေတာဖြစ်တယ်လို့ ကက်ပလာ အာကာသ လေ့လာရေးက တွေ့ရှိထားပါတယ်။

တယ်လီစကုပ် ကနေ ရရှိလာတဲ့အချက်အလက်တွေကို စနစ်တကျ စုစည်းနိုင်ဖို့အတွက် Google မှ အချက်အလက်သိမ်းဆည်းနိုင်တဲ့ အလိုဂရစ်သမ် နည်းပညာအသစ်ကို အသုံးပြုဖို့အတွက် လေ့လာမှုတွေပြုလုပ်နေပြီး အဲ့ဒီနည်းပညာကြောင့် အာကာသလေ့လာသူတွေက ကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုလ်အသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

အသစ်တွေ့ရှိထားတဲ့ ဂြိုလ်ကို ကက်ပလာ ၉၀ လို့အမည်ပေးထားပြီး  ၈၀၀ ဒီဂရီဖာရင်ဟိုက်( ၄၂၆ ဒီဂရီ စယ်စီးရပ်) လောက်ပူပြင်းတဲ့မျက်နှာပြင်ရှိကာ ၁၄.၄ ရက်ပြည့်တိုင်း သူ့ရဲ့ နေကို တစ်ပတ်ပြည့်အောင်လှည့်ပတ်ပါတယ်။ ဆိုလိုတာကတော့ သူကတစ်နှစ်ပြည့်အောင် လှည်ပြီးတဲ့အချိန်မှာ ကမ္ဘာက နှစ်ပတ်ပဲ ရှိပါသေးတယ်။

သူ့ကို ဘယ်လိုတွေ့ရှိတာလဲဆိုတော့ သူ့ရဲ့ သေးငယ်တဲ့အရွယ်အစားက နေရှေ့ကိုလှည့်ပတ်တဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကက်ပလာ ၉၀ ရဲ့ စနစ်က ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးရဲ့ အငယ်စား စနစ်နဲ့ ဆင်တူပါတယ်။ ဂြိုလ်ထဲမှာ သေးငယ်တဲ့ နောက်ထပ်ဂြိုလ်တစ်ခုရှိနေပြီး အပြင်မှာတော့ ကြီးမားတဲ့တစ်ခုရှိပါတယ်။ ဒါပေမယ့် တစ်ခုနဲ့တစ်ခု ကပ်လွန်းတာကြောင့် ဂြိုလ်ထဲမှာနောက်ထပ် ဂြိုလ်တွေ ရှိနေတယ်ဆိုတာကို သိဖို့ကခက်ခဲပါတယ်လို့” နာဆာ က ဘွဲ့လွန် အဖွဲ့ဝင် တစ်ယောက်လည်းဖြစ် အော်စတင်က တက်ဆက် တက္ကသိုလ်မှာ အာကာသ လေ့လာသူ တစ်ယောက်လည်းဖြစ်တဲ့ အန်ဒရူး ဗန်ဒါဘတ်က ဆိုပါတယ်။

“ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းပဲ ကက်ပလာ ရှာဖွေတွေ့ရှိထားမှု အချက်အလက် မှတ်ကျောက်ထဲက ငုပ်လျှိးနေတဲ့ စိတ်ဝင်စားစရာအချက်ကို တွေ့ရှိခဲ့တာပါ။ ဒီလိုရှာဖွေတွေ့ရှိဖို့အတွက်လည်း စစ်မှန်တဲ့ ကိရိယာနဲ့ နည်းပညာကို စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့” ဝါရှင်တန်က နာဆာ ရဲ့ ရူပနက္ခဗေဒခွဲခြမ်းစိတ်ဖြာရေး ညွှန်ကြားရေးမှု  ပေါလ် ဟာဇ့်က ပြောပါတယ်။

Google မှတ်ဉာဏ်တု က သုတေသန လုပ်တဲ့ စီနီယာအင်ဂျင်နီယာ ခရစ်စတိုဖာ ဂျေ ရှာလူးဝီ က ကက်ပလာဆီက အချက်အလက်တွေကို စုဆောင်းဖို့အတွက် လူတွေရဲ့ စဉ်းစားပုံနည်းအတိုင်း စွမ်းဆောင်နိုင်စွမ်းရှိတဲ့ အာရုံကြောဆိုင်ရာ ကွန်ယက်တစ်ခုကို အသုံးပြုဖို့ အစတုန်းက စဉ်းစားခဲ့ပါတယ်။ နက္ခဗေဒနဲ့ ဆိုင်တဲ့ လေ့လာမှုတွေ ပြုလုပ်ပြီးနောက် နေအဖွဲ့အစည်းအပြင်ဘက်က ရှိတဲ့ တစ်ခြားဂြိုလ်တွေကို ရှာဖွေဖို့ စိတ်ဝင်စားလာတာဖြစ်ပြီး အခြား သိပ္ပံ ဂိုဏ်းခွဲတွေလိုပဲ ဂြိုလ်တစ်လုံးပြီးတစ်လုံးရှာဖွေတွေ့ရှိမှုကို မှတ်တမ်းတင်တဲ့ နည်းပညာက အရှိန်အဟုန်နဲ့ နေရာယူလာပါတယ်။

သူက အားတဲ့အချိန်တွေမှာလည်း နေအဖွဲ့အစည်း အပြင်ကတစ်ခြားဂြိုလ်တွေနဲ့ ပတ်သက်တဲ့အချက်အလက်စုဆောင်းထားမှုကို google ကနေစတင်ရှာဖွေခဲ့ပြီး ကက်ပလာ ပရောဂျက်နဲ့ အချက်အလက် စုဆောင်းဖိုအတွက် လုပ်စရာရှိတယ်ဆိုတာကို တွေ့သွားပါတယ်။ “လူတွေကိုယ်တိုင်ရှာဖွေတွေ့ရှိဖို့မလွယ်တဲ့ အချက်အလက်တွေအတွက် စက်ပစ္စည်းနဲ့လေ့လာမှု တွေလုပ်တာက သင့်လျော်တဲ့အခြေအနေတစ်ခုပါ။”

“လူတွေက ဂြိုလ်သားကို ရှာဖွေတွေ့ရှိတယ်ဆိုရင် ကက်ပလာအပြင် အခြားနေအဖွဲ့အစည်းတွေမှာလည်း တွေ့ဖို့က သေချာသလောက်ရှိပါတယ်” လို့ နာဆာက ပြောပါတယ်။

အခုတွေ့ရှိတဲ့ဂြိုလ်အသစ်က ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးထက် ၃၀ % ပိုကြီးပြီး နေနဲ့ အရမ်းနီးနီးကပ်ကပ်ရှိတဲ့အတွက် ကျွန်တော်တို့နေအဖွဲ့အစည်းရဲ့ နေ နဲ့ အနီးဆုံးဂြိုလ်ဖြစ်တဲ့ မာကျူရီလိုမျိုး ပူပြင်းမှာတော့ သေချာသလောက်ရှိပါတယ်။ ကက်ပလာ ၉၀ ဂြိုလ်ရဲ့နေကိုလှည့်ပတ်တဲ့အကွာအဝေး ဟာ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက နေကို လှည့်ပတ်နေတဲ့ အကွာအဝေးနဲ့ အတူတူလောက်ပဲကျပါတယ်။

ကက်ပလာ က ဂြိုလ်တွေကို လေ့လာသူတွေအတွက် မမျှော်လင့်ထားတဲ့ စိတ်ပျော်ရွှင်မှုတစ်ခုကိုပေးပါတယ်။ အာကာသတစ်ခုကို လေးနှစ်ကြာလေ့လာပြီးနောက် အာကာသယာဉ်တွေက အာကာသကိုတိုးချဲ့လေ့လာရေးအတွက် အစီအစဉ်များလုပ်ဆောင်နေပါတယ်။

“ဒီရလာဒ်ဟာ ကက်ပလာ ပရောဂျက်အတွက် ကြာရှည်ခံတဲ့ တန်ဖိုးတစ်ခုဖြစ်တယ်လို့”  ဂျက်ဆီ ဒေါ့စွန်ကပြောပါတယ်။

“အလိုဂရစ်သမ်ကိုအသုံးချဖို့အတွက် စက်ပစ္စည်းတွေကိုလေ့လာခြင်း၊ အချက်အလက်တွေကို ကြည့်ရှုတဲ့နည်းလမ်းအသစ်တွေက ဂြိုလ်တွေရဲ့စနစ်ကို လေ့လာတဲ့ နားလည်ဖို့လွယ်ကူတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လူတွေလေ့လာသိရှိဖို့အတွက်လည်း အချက်အလက် အသစ်တွေ ရှိနေမယ်ဆိုတာသေချာပါတယ်လို့လည်း” သူကပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here