Home News နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ရခိုင်ပြည်သူပြည်သားများရဲ့ ဇွဲသတ္တိကို ချီးကျူးတဲ့ သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ရခိုင်ပြည်သူပြည်သားများရဲ့ ဇွဲသတ္တိကို ချီးကျူးတဲ့ သဝဏ်လွှာပေးပို့

0
နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ရခိုင်ပြည်သူပြည်သားများရဲ့ ဇွဲသတ္တိကို ချီးကျူးတဲ့ သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံတော် သမ္မတကြီးက ဒီဇင်ဘာ ၁၅ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ရခိုင်ပြည်သူ ပြည်သားများသည် ကြိမ်းဖန်များစွာ သဘာဝဘေးအန္တရယ်တွေကို ကြံကြံခံနိုင်ခဲ့ပြီး ခိုင်မာသော စိတ်ဓာတ်နဲ့ အရှုံးမပေးတဲ့ ဇွဲသတ္တိတွေကို အထူးပဲ ဂုဏ်ယူမိကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှာကျရောက်တဲ့ ၄၃ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သမ္မတကြီးမှ သဝဏ်လွှာပေးပို့ခဲ့ပြီး ထိုသဝဏ်လွှာမှတစ်ဆင့် ရခိုင်ပြည်သူ ပြည်သားများကို ချီးကျူးစကားပြောခဲ့ ကြောင်းသိရပါတယ်။

သမ္မတကြီးက ရခိုင်ပြည်နယ်ရဲ့ အနာဂတ် လုံခြုံအေးချမ်းပြီး ခေတ်မီတိုးတက်ကာ သာယာလှပလာအောင် ပြည်နယ်သားတွေက စုပေါင်းညီညွတ်တဲ့ အင်အားနဲ့ ကြိုးပမ်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့က နိုင်ငံကိုစတင် တာဝန်ယူပြီးနောက်မှာ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးရေးအတွက် ပြည်နယ်တိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ ၄ ရပ်ဖွဲ့စည်းခဲ့တယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၊မောင်တောဒေသ ကညင်ချောင်းစီးပွားရေးဇုန် ၊ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း အလေးပေးဆောင်ရွက်နေကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အသီးသီးကလည်း ရခိုင်ပြည်နယ်အရေးကို ပြည်ထောင်စုအရေးလို့ မှတ်ယူကာ ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်တမျှ ကူညီပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။

ထို့ပြင် သမ္မကြီး၏ သဝဏ်လွှာတွင် ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုင်မှု ဖြစ်စဉ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ၊ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီဖွဲ့စည်း လုပ်ဆောင်နေကြောင်းလဲ ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: