Home News ရုရှားသမ္မတပူတင်သည် လာမည့် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

ရုရှားသမ္မတပူတင်သည် လာမည့် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

0
ရုရှားသမ္မတပူတင်သည် လာမည့် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်သည် လာမည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ရုရှားရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတပူတင်သည် ပြီးခဲ့သော ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယူနိုက်တက်ရုရှားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာလဲဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအတွင်းမှာ အနည်းဆုံး ၁၀နှစ်နေထိုင်ပြီး အသက် ၁၅နှစ်နဲ့ အထက်ရှိတဲ့ မည်သည့် ရုရှားနိုင်ငံသားမဆို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။

ရုရှားသမ္မတ ပူတင်သည် နှစ်စဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာဖြစ်ပြီး ရုရှားပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုကို မျှော်လင့်ပါတယ်ဆိုပြီး ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: