Home News ပြင်သစ်တွင် ရထားနှင့် ကျောင်းကားတိုက်မှုကြောင့် လူ၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပြင်သစ်တွင် ရထားနှင့် ကျောင်းကားတိုက်မှုကြောင့် လူ၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။

0
ပြင်သစ်တွင် ရထားနှင့် ကျောင်းကားတိုက်မှုကြောင့် လူ၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၄ရက်နေ့တွင် ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိပယ်ပီညွန်မြို့ အပြင်ဘက်မှာ ကျောင်းကား နှင့် လူ၁၅ယောက်ပါတဲ့ ရထားတို့ တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့ နေ့တွင် အခင်းဖြစ်ပွားတဲ့ နေရာနားမှာပင် ပြုလုပ်ခဲ့သော အစည်းအဝေးမှာတော့ ကျောင်းသား ၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိကာ ၉ဦးကဒဏ်ရာပြင်းထန်ကြောင်းနှင့် တိုက်မိတဲ့ အကြောင်းအရာကို မဆုံးဖြတ်ရသေးဘူးလို့ ဝန်ကြီးချုပ်၏ပြောပြမှုအရ သိရပါတယ်။

ပြင်သစ် သမ္မတကလည်း ကျောင်းကားတိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် သူတို့မိသားစုနဲ့ ထပ်တူ အပြည့်အဝခံစားရကြောင်းကို တွစ်တာ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
အခင်းရဲ့ အနောက်ကွယ်က အခြေအနေတွေက ရှုပ်ထွေးနေတာကြောင့် ဖော်ထုတ်ရေးလုပ်ငန်းစဉ်တွေ စတင်လုပ်ကိုင်နေပြီးဖြစ်ပါတယ်။ အရေးပေါ်အဖွဲ့အားလုံး လှုပ်ရှားနေပြီး အကျပ်အတည်း ညှိနှိုင်းဖြေရှင်းရေးအဖွဲ့လည်း ဖွဲ့ပြီးပြီလို့ ဒေသခံ မြို့တော်ခန်းမ အရာရှိတစ်ဦး၏ ပြောပြချက်အရသိရပါတယ်။


၂၀၁၃ခုနှစ်က ပြင်သစ်အလည်ပိုင်းမှာ ရထားလမ်းချောမှုကြောင့် အနည်းဆုံး ၆ဦးသေဆုံးခဲ့ရပြီး ၁၉၈၈ခုရှစ်ကတော့ ရထားဘရိတ်ချွတ်ယွင်းမှုကြောင့် ရပ်ထားတဲ့ ရထားတစ်စီးကို ဝင်တိုက်ခဲ့တဲ့အတွက် လူ၅၆ဦး သေဆုံးခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: