Home News ကုလသမဂ္ဂဆိုင်ရာ မြန်မာ့သံအမတ်ကြီးက ခိုင်မာတဲ့ သတ်သေမရှိပဲ လူမျိုးသုန်းသတ်ဖြတ်တယ်လို့ မသုံးသင့်ကြောင်း သတိပေး

ကုလသမဂ္ဂဆိုင်ရာ မြန်မာ့သံအမတ်ကြီးက ခိုင်မာတဲ့ သတ်သေမရှိပဲ လူမျိုးသုန်းသတ်ဖြတ်တယ်လို့ မသုံးသင့်ကြောင်း သတိပေး

0
ကုလသမဂ္ဂဆိုင်ရာ မြန်မာ့သံအမတ်ကြီးက ခိုင်မာတဲ့ သတ်သေမရှိပဲ လူမျိုးသုန်းသတ်ဖြတ်တယ်လို့ မသုံးသင့်ကြောင်း သတိပေး

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂါလီလူမျိုးတွေအပါ် လူမျိုးသုံးသတ်ဖြတ်ရှင်းလင်းမှုများ ပြုလုပ်နေတယ် ၊ လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ခိုင်မာသောသက်သေ အထောက်အထားနဲ့ ဥပဒေကြောင်းအရ ဆုံးဖြတ်မှု မရှိဘဲ မသုံးသင့်ဟု လုံခြုံရေးကောင်စီတွင် သတိပေး ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်တွေသည် အမှန်တကယ်ချိုးဖောက်မှုတွေရှိတာကို တွေ့ရှိပါက မြန်မာအစိုးရအနေနဲ့ ၊ တစ်ဦးချင်းဖြစ်စေ ၊အဖွဲ့အစည်းနဲ့ဖြစ်စေ ကျူးလွန်သူတိုင်းကို တရားဥပဒေနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။

” ပြောရရင် မြန်မာနိုင့်၏ တရားဝင်အမည် နာမ(Myanmar-မြန်မာ)ကိုပင် ခေါ်ဆိုမှုပြုမည့်ကိစ္စကို ထပ်ခါထပ်ခါ ငြင်းဆန်နေကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ သဘောထားတွေအပေါ် ကျွနု်ပ်တို့အနေနဲ့ ကြီးမားတဲ့ သံသယဖြစ်မိပါတယ်။

ထိုကဲ့သို့ အထက်စီးဆန်ပြီး ရန်စလိုတဲ့ စိတ်နေသဘောထားတို့က အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖြစ်ပေါ်စေမည် မဟုတ်ပေ” ဟု လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက သတိပေးပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းရှိ တင်းမာမှုများကို လျှော့ချရေးနှင့် ဒုက္ခသည်ဘင်္ဂါလီများ လုံခြုံမှု နှင့် နေရပ်သို့ပြန်နိုင်မည့် အနေအထား ဖန်တီးပေးရေးအတွက် မြန်မာနိုင်ငံကို ကုလသမဂ္ဂက ကူညီပေးနိုင်သည်ဟုဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: