Home News မားလ် နှင့် လပေါ်သို့ သွားရောက်ရန်အတွက် ဒေါ်နယ်ထရမ့်က နာဆာကို အမိန့်ပေးလိုက်ပါတယ်။

မားလ် နှင့် လပေါ်သို့ သွားရောက်ရန်အတွက် ဒေါ်နယ်ထရမ့်က နာဆာကို အမိန့်ပေးလိုက်ပါတယ်။

0
မားလ် နှင့် လပေါ်သို့ သွားရောက်ရန်အတွက် ဒေါ်နယ်ထရမ့်က နာဆာကို အမိန့်ပေးလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က နာဆာကို ဆန်းသစ်တဲ့ အာကာသလေ့လာရေး အစီအစဉ်အတွက် အမေရိကန် အာကာသယာဉ်မှုးတွေကို လဆီကို ပို့ဖို့ ဒေါ်နယ်ထရမ့်က မူဝါဒညွှန်ကြားချက်မှာ လက်မှတ်ထိုးလိုက်ပါတယ်။ ညွှန်ကြားချက်မှာ မားလ်ဆီကို သွားဖို့အချက်တွေလည်း ပါဝင် ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းကို အိမ်ဖြူတော်ပြောခွင့်ရသူ ဟိုဂန်ဂစ်ဒလီ က ကြေငြာချက်အနေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လပေါ်ကို ခြေချတဲ့ လူတွေထဲကတစ်ယောက်အနေနဲ့ သူကပါဝင်ခဲ့ပြီး သူ့ကို ဂျက်အနေနဲ့ လူတွေသိကြတာဖြစ်ပါတယ်။ သူက ၁၉၇၂ က အပိုလို ၁၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ နောက်ဆုံးကျန်ရှိနေတဲ့လူလည်းဖြစ်ပါတယ်။

“၄၅ နှစ်ရှိပါပြီ။ ဂျက်ဟာ လ ပေါ်အခြေချတဲ့ နောက်ဆုံးကျန်ရှိနေတဲ့လူလည်းဖြစ်ပါတယ်လို့” အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်က ပြောကြားပါတယ်။ “ဒီကနေ့မှာ ကျွန်တော်ကတိပေးပါတယ်။ သူက လပေါ်အခြေချတဲ့ နောက်ဆုံးလူမဟုတ်တော့ပါဘူး။ နောက်ထပ်လည်း လ အပြင် အခြားသော ဂြိုလ်တွေမှာ ခြေချနိုင်ဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ဒီကနေ့ ကျွန်တော်လက်မှတ်ထိုးလိုက်တဲ့ ညွှန်ကြားချက်ဟာ အာကာသ အစီအစဉ်တွေနဲ့ လူသားလေ့လာရေးနဲ့ ရှာဖွေမှုတွေအတွက် ပြန်လည် ဦးတည်သွားမှာဖြစ်ပါတယ်။ အမေရိကန် အာကာသယာဉ်မှုးတွေကို လ ပေါ်ပြန်လည် ခြေချစေတဲ့ ရည်ရွယ်ချက်ဟာ အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ ၁၉၇၂ လေ့လာမှုအပြီး ဒီတစ်ခေါက်ဟာ ပထမဆုံးအကြိမ်ဖြစ်လာမှာပါ။”

 

“ဒီတစ်ခေါက်မှာ ကျွန်တော်တို့ဟာ အလံတွေ နဲ့ ခြေရာတွေကျန်အောင် လုပ်ရုံတစ်ခုတည်းအတွက်သာမဟုတ်ပဲ အင်္ဂါဂြိုလ်ကိုသွားဖို့အတွက် အပြီးသတ် အခြေခံအုတ်မြစ်ချသွားမှာဖြစ်ပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ အခြားသော ဂြိုလ်တွေကို လည်း လေ့လာနိုင်မှာပါ။”

“အရင်လုပ်ဆောင်ချက်တွေဟာ အခြားသူတွေကိုလည်း စိတ်ခွန်အားမြှင့်တင်ပေးရာရောက်ပြီး နာဆာအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ရှင်သန်နေတယ်ဆိုတာကိုပြသခဲ့ပါတယ်။ ဒီကနေ့မှာလည်း လေ့လာမှုတွေနဲ့ တွေရှိမှုတွေအတွက် အခွင့်အရေးက လက်ယက်ခေါ်နေပါတယ်။ ကျွန်တော်တို့သာ ကြီးမားတဲ့ အိမ်မက်တွေကိုယ်စီရှိကြမယ်ဆိုရင် ကောင်းကင်ဘုံကိုလည်း မြင်နိုင်မှာဖြစ်ပြီး ကောင်းကင်က လှပတဲ့ကြယ်တွေကိုလည်း စိတ်ကူးပုံဖော်ကြည့်လို့ရပါတယ်။” “ဒီခြေလှမ်းဟာ အနာဂတ်ကို ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေစေပြီး အရင်အချိန်က လ ပေါ်ရောက်ရှိခဲ့တဲ့ အမေရိကန်ရဲ့ ကျော်ကြားမှုကို ပြန်လည်ဆောင်ယူရာရောက်ပါတယ်။ “ထရမ့်က အမေရိကန် ဟာ ဦးဆောင်သူအခန်းကဏ္ဍမှာ ရှိနေခဲ့ပြီး နောက်လည်း ဆက်ရှိနေမှာဖြစ်တယ်လို့” ပြောကြားခဲ့ပါတယ်။

မစ္စတာ ရှမစ်ဟာ ၁၉၇၂ အာကာသ လေ့လာရေး အဖွဲ့ရဲ့ ပထမဆုံး လပေါ်အခြေချခဲ့တဲ့ အာကာသယာဉ်မှုးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: