Home News ကုလသမဂ္ဂကော်မရှင်မင်းကြီးမှ မြောက်ကိုရီးယားအားပိတ်ဆို့ ဒဏ်ခတ်မှုအပေါ် ပြန်လည်သုံးသပ်ပေးရန် တောင်းဆို

ကုလသမဂ္ဂကော်မရှင်မင်းကြီးမှ မြောက်ကိုရီးယားအားပိတ်ဆို့ ဒဏ်ခတ်မှုအပေါ် ပြန်လည်သုံးသပ်ပေးရန် တောင်းဆို

0
ကုလသမဂ္ဂကော်မရှင်မင်းကြီးမှ မြောက်ကိုရီးယားအားပိတ်ဆို့ ဒဏ်ခတ်မှုအပေါ် ပြန်လည်သုံးသပ်ပေးရန် တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက မြောက်ကိုးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် ဒုက္ခဘေးတွေဖြစ်ပေါ်လာတာကြောင့် ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လုံခြုံရေးကောင်စီအနေနဲ့ ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုလိုက်ပါတယ်။

ပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေခံစားရတဲ့ ရလဒ်တစ်ခုကို ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတကာက  မြောက်ကိုးရီးယား ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် စားနပ်ရိက္ခာ Ration တွေ ၊ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းကိရိယာတွေနဲ့ အခြား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မြောက်ကိုးရီးယားနိုင်ငံသားတွေကို ပေးနေတာတွေ နှေးကွေးသွားစေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးကပြောခဲ့ပါတယ်။

မြောက်ကိုးရီးယားက ဒုက္ခဘေးတွေနဲ့ ရင်ဆိုင်နေရသူ ၁၃သန်းလောက်အတွက် အသက်လောက်အရေးပါတဲ့ အကူညီတွေကို ကုလသမဂ္ဂ စာနာမှုအကူအညီပေးရေးအဖွဲ့ အေဂျင်စီတွေက ထောက်ပံ့ပေးနေကြောင်း ၊ ယခုလို ပိတ်ဆို့မှုတွေကြောင့် ထိုအရေးပါတဲ့ အကူအညီပေးမှုတွေအပေါ်မှာ မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ပဲရစ်မြို့မှ ဗွီဒီယိုကနေတဆင့် အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားတဲ့စီမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရုတ်၊ရုရှား နှင့် ဘိုလီးဗီးယားနိုင်ငံတွေက ကန့်ကွပ်ခဲ့ကြပေမယ့် အဖွဲ့နိုင်ငံအများစုက ထောက်ခံခဲ့တဲ့ အတွက် မြောက်ကိုးရီးယား လူ့အခွင့်အရေးအခြအနေတွေကို အဓိကထား ဆွေးနွေးတဲ့ ကောင်စီရဲ့ အထူးအစည်းအဝေးပွဲဖြစ်မြောက်ခဲ့ပြီး ထိုအစည်းအဝေးပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: