Home Lifestyle ဉာဏ်ရည်မြင့်မားစေမယ့်နည်းလမ်းများ

ဉာဏ်ရည်မြင့်မားစေမယ့်နည်းလမ်းများ

0
ဉာဏ်ရည်မြင့်မားစေမယ့်နည်းလမ်းများ

တီဗီကြည့်တာလျှော့ပါ။

လူတော်တော်များများက တီဗီကြည့်ရတာ သဘောကျကြပါတယ်။ ဒါပေမယ့် တီဗီကြည့်ခြင်းက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အသုံးမပြုပါဘူး။ တီဗီအကြာကြီးကြည့်မိရင် မျက်စိညောင်းလာပြီး ပင်ပန်းသလိုခံစားရမှာပါ။ ပြီးတော့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် တီဗီကြည့်မယ့်အစား စာအုပ်ဖတ်ပါ။ စာဖတ်ခြင်းက မှတ်ဉာဏ်စွမ်းရည်ကို တိုးမြှင့်လာစေတဲ့အပြင် ဉာဏ်ရည်မြင့်မားလာစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့နည်းလမ်းတစ်ခုပါ။ ခန္ဓာကိုယ်ကို ဖြေလျှော့ရင်း ဦးနှောက်ကို အနားပေးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

စိန်ခေါ်မှုများပြည့်နှက်နေတဲ့စာအုပ်တွေ ဖတ်ပါ။

စာဖတ်တဲ့အခါမှာ သင့်ရဲ့အတွေးအခေါ်တွေ၊ စာအရေးအသားတွေကို တိုးတက်စေနိုင်မယ့် စာအုပ်တွေကိုသာ ရွေးဖတ်သင့်ပါတယ်။ အထူးသဖြင့်ခေတ်ဟောင်းဝတ္ထုတွေကို လေ့လာကြည့်ပါ။ ပြီးရင်ထဲထဲဝင်ဝင်တွေးတော လေ့လာပါ။ ပိုတွေးလေလေ ဉာဏ်ရည်ပိုကောင်းလေလေပါပဲ။

စောစောအိပ်ပြီး စောစောထပါ။

လုံလောက်စွာအိပ်စက်အနားယူခြင်းမရှိရင် အာရုံစူးစိုက်ရတာ ခက်ခဲပါလိမ့်မယ်။ အိပ်ရာစောစောဝင်ပါ။ အိပ်ချိန်ကို ရှစ်နာရီထက်ပိုမအိပ်သင့်ပါဘူး။ မနက်စောစောထတာက သင့်ရဲ့စွမ်းဆောင်ရည်တွေကို ပိုမိုကောင်းမွန်စေတာကြောင့် အိပ်ရာစောစောဝင်ပြီး စောစောထတဲ့အကျင့်က ဉာဏ်ရာ်မြင့်မားလာစေဖို့ အထောက်အကူပေးမှာပါ။

အလေးအနက်စဉ်းစားဖို့ အချိန်ယူပါ။

တစ်ခါတစ်လေမှာ တစ်ယောက်ထဲအချိန်ပေးပြီး ကိုယ့်ရဲ့အတွေးအခေါ်တွေကို အလေးအနက်ပြန်စဉ်းစားဖို့ အချိန်ပေးပါ။ ဒီနည်းလမ်းက အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး ဉာဏ်ရည်ပိုမြင့်လာစေပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: