Home Tech လေပေါ်ပျံနိုင်တဲ့ တကယ့်သံလူသား

လေပေါ်ပျံနိုင်တဲ့ တကယ့်သံလူသား

0
လေပေါ်ပျံနိုင်တဲ့ တကယ့်သံလူသား

အသက် ၃၈ နှစ်အရွယ် မစ္စတာ ရစ်ချာ့ဒ်ဘရောင်းနင်းသည် တကယ့်သံလူသား ဟုအမည်ပေးထားသော ဂျက်အင်ဂျင်ပါ ပျံသန်းဝတ်စုံကို ကိုယ်တိုင်ဖန်တီးပြုလုပ်ပြီး ဝတ်ဆင်ပျံသန်းပြခဲ့ပါတယ်။ အောက်မှာကတော့ သူပျံသန်းခဲ့တဲ့ video ပါ။

မစ္စတာ ဘရောင်းနင်းသည် ဂရက်ဖ်လို့အမည်ရှိတဲ့ ဒေါ်လာ သန်း ၂၀ တန်ကြေးရှိသည့် ပျံသန်းနိုင်စွမ်းရှိ စက်တွေကိုလေ့လာ ဒီဇိုင်းဆွဲ တီထွင်ထုတ်လုပ်တဲ့ စီးပွားရေးကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

တကယ့် သံလူသားအမည်နဲ့ ပျံသန်းဝတ်စုံသည် ပေါင်၄သောင်း တန်ဖိုးရှိပြီး မစ္စတာဘရောင်းက ဒီဝတ်စုံကို အပျော်အနေနဲ့ တီထွင်ခဲ့တာဖြစ်ပြီးတော့ လူတွေက ဒီတီထွင်မှုဟာ ပြီးမြောက်မှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

“ပျံသန်းတိုင်း ကျွန်တော် စိတ်ကျေနပ်မှုဖြစ်ပါတယ်။ ဒါက တကယ့်ကို ကြီးမားပါတယ်။ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို လူတွေ အမြဲလေးစားရမယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ဖော်မြူလာဝမ်းကား မောင်းနေရသလို ဒါမှမဟုတ် စက်ဘီးစီးပြိုင်ရသလိုပါပဲ၊ ကျွန်တော်ပျံသန်းနေတိုင်း ကျွန်တော့်စိတ်ထဲ ဘာမှမရှိဘူး”လို့ မစ္စတာ ရစ်ချော့ဒ်ဘရောင်းက ပြောခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ သတင်းမြို့ဖြစ်တဲ့ ဆယ်လ်ဖို့ဒ်မြို့မှာ မစ္စတာ ဘရောင်းက သူ့ရဲ့ ဝတ်စုံအစွမ်းကို ဝတ်ဆင်ပျံသန်းပြခဲ့တာဖြစ်ပြီး ကြည့်ရှုသူလူအုပ်ကို အံ့သြစေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: