Home Lifestyle Health သင်အိပ်စက်အနားယူတဲ့ ပုံစံက သင့်ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးလဲ?

သင်အိပ်စက်အနားယူတဲ့ ပုံစံက သင့်ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးလဲ?

0
သင်အိပ်စက်အနားယူတဲ့ ပုံစံက သင့်ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးလဲ?

အိပ်စက်အနားယူခြင်းက လူတိုင်းလုပ်ကိုလုပ်ရတဲ့ အရာတစ်ခုပါ။ လူတိုင်းမှာ မတူညီတဲ့ အိပ်စက်အနားယူပုံ ပုံစံအမျိုးမျိုးရှိပါတယ်။ ဒီတစ်ခါမှာတော့ သင်အိပ်စက်အနားယူတဲ့ ပုံစံက သင့်ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးလဲဆိုတာကို တင်ပြပေးသွားမှာပါ။

ကျောဘက်ကနာကျင်နေရင်

ခေါင်းအုံးကို ခါးအောက်ပိုင်းလောက်မှာ ထားအိပ်ပါ။ တစ်ချို့သူတွေက ဖက်လုံးကို ခွအိပ်တတ်ကြပါတယ်။ ဘယ်လိုပဲအိပ်အိပ် ကျောရိုးကို သဘာဝအတိုင်း သက်သောင့်သက်သာကွေးစေပြီး အိပ်တာက ကျောဘက်ကနာကျင်တာကို သက်သာစေပါတယ်။

ပခုံးနာနေရင်

ပက်လက်ပဲလှန်အိပ်အိပ်၊ မှောက်ပဲအိပ်အိပ် အဆင်ပြေသလို အိပ်သင့်ပါတယ်။ ဘေးစောင်းအိပ်တာက ပခုံးနာတာကို ပိုဆိုးစေပါတယ်။

ခေါင်းကိုက်နေရင်

ဘေးစောင်းအိပ်ခြင်း ဒါမှမဟုတ် ပက်လက်အိပ်တာက တစ်ကိုယ်လုံးကို သွေးလည်ပတ်မှုကောင်းကောင်း လုပ်နိုင်တာကြောင့် ခေါင်းကိုက်သက်သာစေပါတယ်။

ရင်ပူရင်ဆာဖြစ်နေရင်

ဘေးစောင်းအိပ်တာက နှလုံးသွေးကြောအဆို့ရှင်ကို လွယ်ကူစွာ မပွင့်စေတာကြောင့် ရင်ပူရင်ဆာဖြစ်စေနိုင်ပါတယ်။ ကိုယ်အပေါ်ပိုင်းကို ခပ်ခပ်လေးထားပြီး အိပ်ရင် သက်သာစေပါတယ်။

လည်ပင်းနာနေရင်

လည်ပင်းနာနေရင်တော့ ခေါင်းအုံးအမြင့်နဲ့ မအိပ်သင့်ပါဘူး။ လည်ပင်းအောက်သာရှိတဲ့ ခေါင်းအုန်းနဲ့သာ အိပ်သင့်ပါတယ်။

သွေးတိုးရှိရင်

သွေးတိုးရှိရင် နှလုံးရှိတဲ့ ဘယ်ဘက်ကို စောင်းအိပ်ပေးသင့်ပါတယ်။

တင်ပါးနာနေတယ်ဆိုရင်

ပက်လက်လှန်အိပ်တာ ဒါမှမဟုတ် ဒူးနှစ်လုံးကြားမှာ ဖက်လုံးကို ခွအိပ်တာကလည်း တင်ပါးနာခြင်းကို သက်သာစေပါတယ်။

အစာမကြေရင်

ဘယ်ဘက်ကို စောင်းပြီးအိပ်တာက အစာခြေစနစ်ကို ပိုကောင်းမွန်စေတာကြောင့် အစာမကြေတာကို သက်သာစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: