Home Lifestyle ရေချိုးရင်းမပြုလုပ်သင့်သော အရာများ

ရေချိုးရင်းမပြုလုပ်သင့်သော အရာများ

0
ရေချိုးရင်းမပြုလုပ်သင့်သော အရာများ

ရေချိုးတဲ့အခါမှာ မပြုလုပ်သင့်တဲ့အရာတွေကို ပြုလုပ်မိရင် သင့်အသားအရေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြာင့်ဘယ်လိုအရာတွေကို မပြုလုပ်သင့်လဲဆိုတာကို လေ့လာကြည့်ရအောင်။

အဝတ်အကြာကြီးမလျှော်ပါနဲ့။

ရေအကြာကြီးချိုးမိရင် အသားအရေကို ခြောက်သွေ့စေပြီး ယားယံခြင်းတွေဖြစ်စေပါတယ်။ အဝတ်လျှော်ရင်းရေချိုးတာက အသားအရေကို လိုအပ်တာထက်ပိုပြီး ရေနဲ့ထိတွေ့စေပါတယ်။ ရေကို (၁၀) မိနစ်ထက်ပိုပြီး မချိုးသင့်ပါဘူး။

ဆပ်ပြာခဏခဏမတိုက်သင့်ပါဘူး။

ဆပ်ပြာခဏခဏတိုက်ရင် အရေပြားကိုကာကွယ်မှုပေးတဲ့ အဆီတွေကို ခမ်းခြောက်စေတာကြောင့် အသားအရေခြောက်သွေ့ခြင်းနဲ့ ယားယံခြင်းတွေဖြစ်စေတာကြောင့် ရေချိုးနေရင်း ခဏခဏဆပ်ပြာမတိုက်သင့်ပါဘူး။

ဆပ်ပြာတိုက်တဲ့အဝတ်စကို အကြာကြီးအသုံးမပြုသင့်ပါဘူး။

စိုစွတ်နေတဲ့အဝတ်စမှာ ဘက်တီးရီးယားပိုးမွှားတွေအများအပြား ခိုအောင်းနေတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုမိုများပြားလာမှာဖြစ်တာကြောင့် ဆပ်ပြာတိုက်တဲ့အဝတ်စကို အကြာကြီးအသုံးမပြုသင့်ပါဘူး။

ရေခြောက်အောင် မသုတ်သင့်ပါဘူး။

ရေချိုးပြီးတဲ့အခါမှာ ရေတွေကိုပြောင်စင်နေအောင် အလွန်အကျွံမသုတ်သင့်ပါဘူး။ အနည်းငယ်စိုတဲ့ အနေအထားမှာ သင်ကြိုက်နှစ်သက်ရာ Body cream ကို လိမ်းပါ။

အရမ်းပူတဲ့ရေနဲ့ မချိုးနဲ့။

အရမ်းပူတဲ့ ရေပူနဲ့ရေချိုးခြင်းက အရေပြားပေါ်က အဆီလွှာကို ခမ်းခြောက်စေတဲ့အပြင် အသားအရေခြောက်သွေ့ပြီး အဖတ်လိုက်ကွာတဲ့အထိ ဆိုးရွားစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: