Home News ဆီးရီးယားတပ်မှာ အိုင်အက်စ်လက်ကျန်များကို ရှင်းလင်း

ဆီးရီးယားတပ်မှာ အိုင်အက်စ်လက်ကျန်များကို ရှင်းလင်း

0
ဆီးရီးယားတပ်မှာ အိုင်အက်စ်လက်ကျန်များကို ရှင်းလင်း

အိုင်အက်စ် လက်နက်ကိုင်အကြမ်းဖက်များရဲ့ နောက်ဆုံးခြေကုပ်ယူထားတဲ့ ဆီးရီးယားရဲ့ အဘယ်လ်ကာမယ်မြို့ကို နိုဝင်ဘာလ ၉ရက်နေ့မှာ ဆီးရီးယားစစ်တပ်မှ အမြောက်များဖြင့်ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၈ရက်နေ့ ထဲက အဘယ်လ်ကာမယ်မြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ယခုတိုက်ခိုက်တာက ကန္တာရနယ်မြေ အနီးအနားမှာဖြစ်တယ်လို့ ဆီးရီးယားစစ်တပ်က ပြောကြားပါတယ်။

အိုင်အက်စ် အကြမ်းဖက်များသိမ်းပိုက်ထားတဲ့ အီရတ်နဲ့ ဆီးရီးယားရှိ နယ်မြေများအားလုံးကို အစိုးရတပ်များက ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သော်လည်း အိုင်အက်စ်တွေရဲ့ လုပ်နေကြအလုပ်များဖြစ်တဲ့ လူများကိုကားနှင့်တိုက်ခြင်း၊ ဓားဖြင့်ထိုးခြင်း အစရှိတဲ့ အကြမ်းဖက်မှုများကတော့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူးလို့ အနောက်နိုင်ငံ လုံခြုံရေး အကြီးအကဲများက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: