Home Lifestyle Health ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့အဆိပ်သင့်ခြင်းကို ကာကွယ်ဖို့

ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့အဆိပ်သင့်ခြင်းကို ကာကွယ်ဖို့

0
ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့အဆိပ်သင့်ခြင်းကို ကာကွယ်ဖို့

ပတ်ဝန်းကျင်မှာ ပြည့်နှက်နေတဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့က ဘယ်ကနေလာလဲ? ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ သိကြရလား? ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့တွေက အရောင်မရှိ၊ အနံ့မရှိတဲ့ ဓာတ်ငွေ့တွေဖြစ်ပြီး ကား၊ မီးဖို၊ မီးချောင်း၊ အကင်အိုးတွေနဲ့ မီးစက်တွေ စတာတွေကနေ ထွက်လာတဲ့ ဓာတ်ငွေ့တစ်မျိုးပါ။ ဒီဓာတ်ငွေ့က လူတွေအတွက် ဘယ်လောက်အန္တရာယ်များစေလဲဆိုတာကို လေ့လာကြည့်ရအောင်။

ဒီဓာတ်ငွေ့ကို ရှူရှိုက်မိတာကြောင့် နှစ်စဉ် လူ(၄၀၀) ကျော် သေဆုံးပြီး လူ (၂၀၀၀၀) ကျော် အရေးပေါ်ခန်းထဲ ရောက်ကြရပါတယ်။ ကာဗွန်မိုနောက်ဆိုက်ကို ရှူမိရင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ အော့အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းစတာတွေ ခံစားရပြီး ပင်ပန်းနွမ်းနယ်ရုံသာမက သေစေနိုင်တဲ့အထိ ဆိုးရွားစေနိုင်ပါတယ်။

သေစေနိုင်တဲ့အထိ ဆိုးရွားစေနိုင်တဲ့ ကာဗွန်မိုနောက်ဆိုက်အန္တရာယ်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတွေလည်း ရှိပါတယ်။

အိမ်မှာ Carbon monoxide detector တွေ ထားရှိပါ။

ဂိုဒေါင်ထဲမှာ ကားစက်မနှိုးထားပါနဲ့။ ကားကို အပြင်မှာ ထားမယ်ဆိုရင်လည်း အိတ်ဇောပိုက် ပိတ်နေဖို့ အရေးကြီးပါတယ်။

မီးစက်မောင်းရင် အိမ်အပြင်မှာသာ မောင်းပါ။

အကယ်၍ အိမ်မှာ အပူပေးစနစ်ကို အသုံးပြုတယ်ဆိုရင် အဲ့ဒီအပူပေးစနစ်ကို တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးပါ။

ကာဗွန်မိုနောက်ဆိုက်ရဲ့ ပြင်းတန်တဲ့ ရောဂါလက္ခဏာတွေကတော့ အသက်ရှူရခက်ခဲခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ငိုက်မြည်းခြင်း၊ အစာအိမ်ပြဿနာများဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေအကုန်လုံးကို သိထားဖို့လိုပါတယ်။

လေကောင်းလေသန့် ရှူရှိုက်နိုင်မယ့် နေရာမျိုးကို သွားပေးပါ။

ကာဗွန်မိုနောက်ဆိုက်ကြောင့် အန္တရာယ်တစ်ခုခုကြုံတွေ့ရပြီဆိုရင်လည်း အရေးပေါ်ဌာနကို ဖုန်းဆက်အကူအညီတောင်းဖို့ မမေ့ပါနဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: