Home Entertainment Game Pokemon Go လိုမျိုး နောက်ထပ် Harry Potter ဂိမ်းတစ်ခုထွက်လာဖွယ်ရှိနေ

Pokemon Go လိုမျိုး နောက်ထပ် Harry Potter ဂိမ်းတစ်ခုထွက်လာဖွယ်ရှိနေ

0
Pokemon Go လိုမျိုး နောက်ထပ် Harry Potter ဂိမ်းတစ်ခုထွက်လာဖွယ်ရှိနေ

Pokemon Go ဂိမ်းကို တီထွင်ခဲ့တဲ့သူက အဲ့လိုဂိမ်းလိုမျိုးတစ်ကယ့်အပြင်လောကနဲ့ ချိတ်ဆက်ပြီးဆော့ရမယ့် Harry Potter ဂိမ်း ကို ဖန်တီးဖို့ရှိနေပါတယ်။

တစ်ကယ့် အပြင်လောကမှာ ဆော့ရမယ့် Pokemon Go ဂိမ်းလိုမျိုး မှော်အစွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ Harry Potter ဂိမ်းကို တီထွင်သွားမယ်လို့ နိုဝင်ဘာ ၉ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။ Harry Potter ရဲ့ Wizard Unite ဂိမ်းဟာ App စတိုးတွေမှာ နာမည်ကြီးနေတဲ့အချိန်မှာ အဲ့ဂိမ်းဆော့တဲ့သူတွေဟာ မန္တာန်တွေသုံးပြီး လာသမျှတောကောင်တွေကို တိုက်ခိုက်ရတာဖြစ်ပါတယ်။

နီယန်းတစ် ကုပ္ပဏီနဲ့ ဝါနာဘရို တို့ပူးပေါင်းပြီး Pokemon Go လိုမျိုး အပြင်မှာတစ်ကယ် ရှိတဲ့ တည်နေရာတွေကို သုံးပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လှုပ်လှုပ်ရှားရှားသားကောင်တွေကို ဖမ်းဆီး ဆော့ကစားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။

နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့်နှစ်မှာ ထွက်ပေါ်လာဖို့ရှိပြီး ဗုဒ္ဓဟူးနေ့ကတည်းက ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ပေ့စ်တစ်ခု ထောင်လိုက်ရာ မှာ လူတွေအများကြီး စိတ်ဝင်စားခဲ့ကြပြီး like ပေါင်း ၁၈၀၀၀ ကျော်လောက်ရခဲ့ပါတယ်။

ကြေငြာချက်မှာ နီယန်တစ် ပြောထားတာက “Harry Potter ပါတဲ့Wizard Unite ဆော့ဖူးတဲ့သူတွေက အပြင်မှာ တစ်ကယ့်လက်တွေ့ စုန်းတွေဖမ်းရတဲ့ဂိမ်းလိုမျိုး ဆော့ဖို့ အိမ်မက်မက် ခဲ့ကြတာဖြစ်ပြီး JK Rowling ရဲ့ မှော်ကမ္ဘာထဲက စုန်းတွေကို ဖမ်းလို့ရတော့မှာ ဖြစ်တယ်လို့” ပြောထားပါတယ်။

“ကစားသမားတွေက မန္တာန်တွေ၊ လက်တွေ့ကမ္ဘာကြီးကို စူးစမ်းလေ့လာရမှာဖြစ်ပြီး ဘေးနားက သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ကာ စွမ်းအားကြီး တဲ့သားကောင်တွေကို စွမ်းအားတွေပေါင်းစည်းပြီး ရင်ဆိုင်တိုက်ခိုက်ဆော့ကစားရမှာဖြစ်ပါတယ်။”

Pokemon Go ပထမဆုံးထွက်ပေါ်လာတဲ့ ၂၀၁၆ တုန်းက သူဟာ ဒေါင်းလုပ်ဆွဲသူ အများဆုံးစားရင်းထဲဝင်သွားခဲ့ပြီး နွေရာသီ နေသာတဲ့အချိန်မှာ အကောင်တွေ လိုက်ဖမ်းရတဲ့ဂိမ်းဖြစ်ပါတယ်။

ဝါနာဘရို ရဲ့ ဥက္ကဌ ဖြစ်သူ ဒေးဗစ်ဟက်ဒက်က “ဒီဂိမ်းနဲ့အတူ လူတွေရဲ့စိတ်အားထက်သန်မှုကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ ပရိတ်သတ်တွေက JK Rowling ရဲ့ စာအုပ်ထဲမှာပါတဲ့ စွမ်းအားရှိတဲ့ အကောင်တွေကို စိတ်ကူးယဉ်ဆန်ဆန် လက်တွေ့မှာ ရှာဖွေရမှာဖြစ်ပါတယ်။

အပြင်ကမ္ဘာနဲ့ ချိတ်ဆက်ပြီး ဆော့ရမယ့်ဒီဂိမ်းဟာ အမှတ်ရစရာတစ်ခုဖြစ်လာမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက စုန်းတွေကို စိတ်ဝင်စားတဲ့ သူတွေနဲ့ မှော် အစွမ်းစိတ်ဝင်စားတဲ့သူတွေကို ပေါင်းစည်းမိသွားမှာ ဖြစ်သလို အဲ့အတွက်လည်း သူက စိတ်လှုပ်ရှားလို့နေပါတယ်။

Source: Mashable

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: