ပိုလန်နိုင်ငံက ဝက်ရှ် ကုန်တိုက်မှာ အသက် ၁၀၀ ပြည့်ခဲ့ပေမယ့် လုပ်အားပေး လုပ်နေသေးတဲ့ အဖိုးအို

0
1504

အဖိုးအိုဟာ ပေါက်ပေါက်ကို လုပ်အားပေးအနေနဲ့  ရောင်းလာတာ အသက် ၁၀၀ ပြည့်တဲ့ အချိန်ထိ ဆယ်စုနှစ် သုံးစု တိုင်ခဲ့ပါပြီ။ ဥရောပမှာ လူတွေသေလောက်တဲ့ စုဝေးမှုတစ်ခုမတိုင်ခင် အချိန်ထိ နာဇီက ကမ့်တစ်ခုမှာ စစ်သားအနေနဲ့ နှစ်နှစ်ခွဲလောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒါပြီးတဲ့ နောက်ပိုင်း ၁၉၈၁ ခုနှစ်ကစပြီး ပေါက်ပေါက် ရောင်းလာခဲ့တာပါ။

“ ကျွန်တော် ပေါက်ပေါက်ရောင်း တဲ့နေရာမှာ လုပ်အားပေး လုပ်လာခဲ့တာ အနှစ် ၃၀ လောက်ရှိပါပြီ။ ဒီလိုအလုပ်ကို လုပ်တာနေ့တိုင်းလိုလိုပါပဲ။ နားရက်မရှိသလောက်ပါပဲ” လို့ သူပြောပါတယ်။ “ ဗြိတိန်တပ်မဟာ အပေါ်မှာ မှီခို နေရတဲ့ ကျွန်တေ်ာတို့အတွက် အာဖဂန်ကနေပြန်လာတဲ့ သူတွေအတွက်ကို အလုပ်တွေအများကြီးလုပ်ပေးချင်ပါတယ်။ သူတို့ အကူအညီလိုလာတဲ့အချိန်မှာ ကျွန်တော်ရှိနေပေးပါတယ်။ ကျွန်တော် ရောင်းရတဲ့ ပိုက်ဆံတွေက များသောအားဖြင့် ပေါင် ၁ သောင်းခွဲလောက်ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်တော် တို့အဖွဲ့ဟာ ၉ ထောင်ကနေ ၁ သောင်းအထိ ရကြပါတယ်။

အဖိုးအို နှစ်ယောက် အနက် နယူးပေါ့ပ် ကအဖိုးအိုဟာ သူဟာ ဒီမှာ လုပ်အားပေးလုပ်နေရင်း တဖြေးဖြေးနာမည် ကြီးလာနေတယ်လို့ လန်ဒန်ကနေ နယူးပေါ့ပ်ကို ဈေးဝယ်ထွက်လာတဲ့ အမျိုးသမီးကို ပြောခဲ့ပါတယ်။

“သူမ ကျွန်တော့ စက္ကူပုံးထဲကို ပေါင် ၂၀ လာထည့်ပါတယ်။ အဲ့အချိန်မှာ နာမည်ကြီးလာတယ်လို့” သူကပြောပါတယ်။ သူ့အကြောင်း ရိုက်ထားတဲ့ “ပေါက်ပေါက် ရောင်းသူ” ထွက်လာရင်တော့ သူ့ရဲ့ လာမယ့်လမှာ သူ့ကိုလူတွေပိုသိလာမှာပါ။ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ရရှိလာတဲ့ ပိုက်ဆံတွေကို ဗြိတိန်တပ်မဟာကို လှုဒါန်းခဲ့ပါတယ်။ မစ္စတာ ဂျူန်းအဖိုးအိုဟာ ဧပြီလမှာ အသက် ၁၀၀ ပြည့်ခဲ့ပြီး ၁၉၄၂ မှာ လစ်ဗျားက ဘန်ဟဇီ မှာ အဖမ်းခံခဲ့ရပါတယ်။ နောက်ပြီးတော့ အူရှဝစ် ကိုလွှဲပြောင်းခံခဲ့ရပါတယ်။ အဲ့နေရာမှာ သူဟာ နာမည်သိပ်မထင်ရှားတဲ့ ဓာတုစက်ရုံတစ်ခုရှိပြီး ဂျူးတွေနဲ့အတူ အစေခံ အဖြစ် အလုပ်လုပ်ခဲ့ပါသေးတယ်။

၁၉၄၅ မှာ ဆန္ဒပြဖို့ အတွက် သူဟာတွန်းအားပေးခြင်းခံခဲ့ရပြီး အဲ့အချိန်တုန်းက ဆန္ဒပြပွဲမှာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ပိုလန်ကနေ သြစတီးရီးယားအထိ လုပ်တဲ့ဆန္ဒ ပြပွဲမှာ ပါခဲ့တာဖြစ်ပြီး ၁၇ ပတ်လောက် လမ်းမှာ ကုန်တင်ကားတွေကို ညဘက်မှာ ဆွဲပေးရပြီး အေးတဲ့ဒဏ်ရယ် အစာရေစာ ငတ်ပြတ်တဲ့ဒဏ်တွေခံစားခဲ့ရပါတယ်။ ၁၉၄၅ မှာ အမေရိကန်စစ်သား တွေအကူအညီနဲ့ လွှတ်မြောက်ခဲ့ပြီး သူ့မိန်းမ ဂလဒေးလ် နဲ့ ပြန်တွေ့ခဲ့ပါတယ်။ ပင်စင်စားတစ်ယောက်ဖြစ်တဲ့ အဖိုးအိုဟာ သူ့မိန်းမကို ၂၀၀၅ မှာဆုံးရှုံးလိုက်ရပါတယ်။ စစ်ပြီးတဲ့နောက်ပိုင်း အသက်ရှင်ကျန်ရစ်တဲ့သူတွေအတွက် ဗြိတိန်တပ်မဟာ ဟာ အကူအညီ လိုနေတဲ့သူတွေအတွက် နေရာတစ်ခုဖြစ်တယ်လို့ သူသူငယ်ချင်းတွေကို ပြောခဲ့ပါတယ်။

တော်ဝင်ဗြိတိန်တပ်မဟာ အတွက် ရန်ပုံငွေ ရှာနေသူတစ်ယောက်ဖြစ်တဲ့ လင်းဝတ်ယက် က သူ့ကို “ဒဏ္ဍာရီ” သူရဲကောင်းလို့တင်စားခေါ်ဝေါ်ပါတယ်။ သူဟာ လုပ်အားပေးတဲ့သူတွေထဲမှာ ပင်တိုင်စံတစ်ယောက်ဖြစ်ပြီး ပေါက်ပေါက် ကုပ္ပဏီ ရဲ့ သံအမတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာအတော်လေးနာမည်ကြီးပြီး ကုန်တိုက်တွေကနေ ပစ္စည်းတွေစုပေးပါတယ်။ လူငယ်တွေက သူနဲ့ စကားပြောရတာကို ကြိုက်နှစ်သက်ပြီး သူတို့လေးတွေလုပ်အားပေးမှာ ပါဝင်တာကို လည်း သူကနှစ်သက်ပါတယ်။

သူက အသက် ၁၀၀ ပြည့်လာပေမယ့် သူဟာ အလုပ်တွေကို လက်လွတ်စပယ်လုပ်တာမျိုးမရှိပဲ ရန်ပုံငွေရှာတာကို လည်း ရပ်တန့် ပစ်ဖို့ အစီစဉ်ရှိပုံမရဘူးလို့ ရွန်က ပြောပါတယ်။

Source: Sky News

LEAVE A REPLY

Please enter your comment!
Please enter your name here