Home Entertainment Celebrity ကမ္ဘာ့အချမ်းသာဆုံး လူငယ် ၁၀ ဦး

ကမ္ဘာ့အချမ်းသာဆုံး လူငယ် ၁၀ ဦး

0
ကမ္ဘာ့အချမ်းသာဆုံး လူငယ် ၁၀ ဦး

ကမ္ဘာပေါ်မှာ ဘယ်လုပ်ငန်းရှင်၊ဘယ်ကုမ္ပဏီပိုင်ရှင်ကတော့ အချမ်းသာဆုံးဆိုပြီး ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့အတွက် လူအများစုက ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလီယံနာတွေနဲ့မစိမ်းကြပါဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်က အချမ်းသာဆုံး ခလေးတွေအကြောင်းကိုတော့ သိတဲ့လူတွေနည်းကြမယ်ထင်ပါတယ်။ ဒါကြောင့် ဆန်းသစ်မြန်မာပရိသတ်တွေသိရှိနိုင်စေဖို့ ရှာဖွေတင်ဆက်လိုက်ပါတယ်။

(၁) Jaden Smith

နိုင်ငံခြားရုပ်ရှင်ကြိုက်ကြသူတိုင်း ဒီကလေးကို သိကြပါလိမ့်မယ်။ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သလို ရက်ပါ တစ်ဦးလည်း ဖြစ်ပါတယ်။ Jada Pinkett Smith နဲ့ Will Smith တို့ရဲ့ သားလည်းဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ သူ့ဖခင် နဲ့အတူစတင်သရုပ်ဆောင်ခဲ့ပါတယ်။ ခုနေခါ သူ့ရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ ၉ သန်းဖြစ်ပါတယ်။ သူ့မိသားစုရဲ့ ၀င်ငွေက ဒေါ်လာ ၅၅၄ သန်းကျော်တဲ့အတွက် နောင်မှာ ဒီကလေးရဲ့ ချမ်းသာကြွယ်ဝမှုက ပိုလာဖို့ပဲရှိပါတယ်။

Jaden Smith

(၂) Dannielynn Birkhead Marshall

သူမကတော့ အမေရိကန်သရုပ်ဆောင် လည်းဖြစ်၊မော်ဒယ်လည်းဖြစ်တဲ့ Anna Nichole Smith ရဲ့ သမီးဖြစ်ပါတယ်။ အမေတူသမီးပီပီ မိခင်လိုပဲ ခလေး မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ (၁၀)သန်းဖြစ်ပါတယ်။

Dannielynn Birkhead Marshall

(၃) Suri Cruise

သူမကတော့ ကမ္ဘာကျော်မင်းသားကြီး Tom Cruise နဲ့ မင်းသမီး Kate Holmes တို့ရဲ့ အသက် ၁၁ နှစ် အရွယ်သမီးငယ်ဖြစ်ပါတယ်။ မိဘတွေက ကွာရှင်းထားကြလေတော့ ဖခင်နဲ့အတူမနေတာ ကြာခဲ့ပါပြီ။ မိဘနှစ်ပါးရဲ့ ၀င်ငွေက သန်း ၅၀၀ ကျော်တာကြောင့် သရုပ်ဆောင် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဆူရီကလည်း သန်းကြွယ်ကလေးအဖြစ် လူသိများလှပါတယ်။

suri

(၄) Valentina Paloma Pinault

ဗလင်တီနာလေးကတော့ ချမ်းသာတဲ့မိဘနှစ်ပါးကမွေးဖွားလာခဲ့သူဖြစ်ပါတယ်။သူမရဲ့ ဖခင်က ၁၅ ဘီလီယံလောက်ထိချမ်းသာပြီး သူမရဲ့ မိခင်ကတော့ ၈၈ မီလီယံချမ်းသာပါတယ်။သူမကိုယ်ပိုင်ဝင်ငွေမရှိပေမယ့် သူမနာမည်ပေါက်အိမ်က ဒေါ်လာ ၁၂ သန်းတန်ပါတယ်။ ဒါအပြင် အသက် ၇နှစ်သာရှိသေးတဲ့သူမအတွက် အမွေတွေရစရာတစ်ပုံတစ်ပင်ရှိသေးတဲ့အပြင် ခုလက်ရှိမှာ သူမနာမည်နဲ့ ၂၅ သန်းရှိပါတယ်။

Valentina Paloma Pinault

(၅) Los Chicos Gates

ဘီလ်ဂိတ်နဲ့ Mekinda Gates တို့ရဲ့ သားတစ်ယောက်နဲ့ သမီးနှစ်ယောက်ဖြစ်ပါတယ်။ ဖခင်က ၈၅ ဘီလီယမ်နဲ့ မိခင်က ၅၁ ဘီလီယမ်အထိချပ်းသာပါတယ်။ အလှူအတန်းရက်ရောသူတွေဖြစ်ပေမယ့် သူ့ကလေးတွေအတွက်တော့ အသက်၂၁ နှစ်ရောက်ရင်ထုတ်ယူနိုင်ဖို့ သန်း၅၀ စီ စီမံပေးထားပါတယ်။ မိဖတွေရဲ့ဝင်ငွေတွေက နှစ်စဉ်တိုးနေတာမို့ မိဘတွေကွယ်လွန်ရင် သေတမ်းစာအရ အမွေလည်းအတော်များများရကြဦးးမှာဖြစ်ပါတယ်။

gates-family

(၆) Reed, Eve And Erin Jobs

Apple အင်ပါယာကြီးရဲ့ပိုင်ရှင်ကွယ်လွန်သူ Steve Jobs ရဲ့ အမွေခံသားသမီးသုံးဦးဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ သူ့ဇနီးက ဒေါ်လာ ၂၅ သန်းအမွေဆက်ခံခဲ့ရပါတယ်။ သူ့သားသမီးတွေအတွက် ထားခဲ့တဲ့ အမွေအနှစ်ကိုတော့ အတိအကျ မသိရပါဘူး။သူ့အမေကွယ်လွန်ရင် သူတို့လည်း ကမ္ဘာ့ အချမ်းသာဆုံး အမွေအနှစ်တွေကို ရကြဦးမှာပါ။

steve-jobs-family

(၇) George Alexander Louis

ကင်းဘရိတ်မြို့စားကြီး မင်းသားဝီလီယမ်နဲ့ မြို့စားကတော် ကက်သရင်းတို့ရဲ့ တစ်ဦးတည်းသော သားတော် ဖြစ်ပါတယ်။သားတော်လေးက ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးနဲ့ အချမ်းသာဆုံးသူလည်းဖြစ်ပါတယ်။သူ့မိဘတွေရဲ့ လက်ထပ်မင်္ဂလာပွဲရုပ်သံကို တော်ဝင်နေ့စဉ်သတင်းက လွှင့်ထုတ်ခဲ့ရာ တစ်ကမ္ဘာလုံးမှာ လူကြည့်အများဆုံးရုပ်သံတစ်ခုဖြစ်ခဲ့သလို မင်းသားလေး ဖွားတော်မူတုန်းကလည်း လူကြည့်များဆုံးဖြစ်ခဲ့ပါတယ်။

George Alexander Louis

(၈) Abigail Breslin

၃ နှစ်သမီးအရွယ်ကတည်းက ဖျော်ဖြေတင်ဆက်မှုကို စတင်ခဲ့တဲ့ ပါရမီရှင်လေးဖြစ်ပါတယ်။ပထမဦးဆုံးရုပ်ရှင်ကို ၂၀၀၂ မှာစတင်ရိုက်ကူးခဲ့ပါတယ်။၂၀၀၆ ခုနှစ်ကစကာ အထူးထင်ပေါ်လာပြီး အကောင်းဆုံးဇတ်ပို့အကယ်ဒမီဆုအပါအ၀င် အခြားဆုတွေအတွက် ရာထားသတ်မှတ်ခံခဲ့ရပါတယ်။ No Reservation(2007)၊My Sister’s Keeper(2009)၊Zombieland(2009)၊Osage County(2013)နဲ့ Ender’s Game (2013) အစရှိတဲ့ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

Abigail Breslin

(၉) Nick D’aloisio

အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ယူကေက ကွန်ပျူတာ ပရိုဂရမ်မာ ဖြစ်ပါတယ်။ အသက် ၁၅နှစ်အရွယ်ကစပြီး အင်တာနက်စွန့်ဦးထွင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ iOs အတွက် အသုံးချပရိုဂရမ်Summly ကို တီထွင်ခဲ့တဲ့အတွက် လူသိများထင်ပေါ်ခဲ့သူဖြစ်ပါတယ်။ နောင်မှာ အဲဒီပရိုဂရမ်ကို Yahoo သို့ ဒေါ်လာသန်း ၃၀ နဲ့ ရောင်းချခဲ့ပါတယ်။ ကမ္ဘာကျော် World Street နဲ့ တိုင်း မဂဇင်းတွေက ထူးချွန်ဆုတွေသတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့အသက်အငယ်ဆုံး သူကြွယ်တစ်ယောက်ဖြစ်ပါတယ်။

Nick D’aloisio

(၁၀) Knox & Vivienne Jolie Pitt

ဟော်လီဝုဒ် စူပါနှစ်ယောက်ဖြစ်တဲ့ ဂျိုလီနဲ့ဘရက်ပစ်တို့ရဲ့ အမွှာမောင်နှမဖြစ်ပါတယ်။၂၀၀၈ ခုနှစ်မှာ ပြင်သစ်နိုင်ငံ Nice ရဲ့ ပင်လယ်ကမ်းစပ်က ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ ပထမဆုံးပုံကို ဟာ ဒေါ်လာ ၁၄ သန်းတောင်တန်တဲ့အတွက် ထင်ပေါ်သူတွေရဲ့ ဓါတ်ပုံတွေထဲမှာတော့ ဈေး အကြီးဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကဲ၊ဆန်းသစ်မြန်မာပရိတ်သတ်တို့ သုတတွေတိုးပွားကြဖို့ ရေးသားတင်ပြမှုကို ဒီမှာတင် အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။

Knox & Vivienne Jolie Pitt

ကိုးကား။ Forbes

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: