Home Entertainment Celebrity အဆိုတော်E d Sheeran စက်ဘီး အက်စီးဒင့် ဖြစ်၊ အာရှဖျော်ဖြေရေးပွဲအတွက် သက်ရောက်မှူရှိနိုင်

အဆိုတော်E d Sheeran စက်ဘီး အက်စီးဒင့် ဖြစ်၊ အာရှဖျော်ဖြေရေးပွဲအတွက် သက်ရောက်မှူရှိနိုင်

0
အဆိုတော်E d Sheeran စက်ဘီး အက်စီးဒင့် ဖြစ်၊ အာရှဖျော်ဖြေရေးပွဲအတွက် သက်ရောက်မှူရှိနိုင်

Ed Sheeran ဟာ Instagram မှာ သူစက်ဘီးစီးရင်း အက်စီးဒင့် ဖြစ်ခဲ့တဲ့ အကြောင်းကိုတင်ထားပါတယ်။ သူ့ကို ချစ်တဲ့အမာခံ ပရိတ်သတ်အတွက်တော့ ဒီသတင်းကစိတ်မကောင်းစရာသတင်းပါ။ ကျွန်တော်တို့ ရဲ့ အဆိုတော်လည်းဖြစ် Game-of-Thrones ရဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သူ ဟာ လန်ဒန်မှာ စက်ဘီးစီးရင်း အက်စီးဒင့် တစ်ခု ဖြစ်ခဲ့တဲ့အတွက် အာရှခရီးစဉ်အတွင်း သူ့ရဲ့ဖျော်ဖြေမှုကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ သူ့ ရဲ့ ညာဖက်လက်ထိခိုက်ဒါဏ်ရာရထားတဲ့ ပတ်တီးစည်းထားတဲ့ ပုံကို တင်ထားပြီးရေးထားတာက “ ကျွန်တော်ဟာ စက်ဘီးစီးရင်း အက်စီးဒင့် အနည်းငယ်ဖြစ်ခဲ့ပြီး လောလောဆယ်မှာတော့ ဆေး နဲ့ပတ်သက်တဲ့ အကြံပြုချက်ကို စောင့်နေပါတယ်။ အဲ့လိုစောင့်နေရတဲ့အတွက် ကျွန်တော့်ရဲ့ လာမည့် ဖျော်ဖြေပွဲအတွက် သက်ရောက်မှုရှိနိုင်ပါတယ်။ နောက်ထပ်သတင်းတွေအတွက်လည်း ဆက်ရှိနေပေးပါ။ Ed x” ဆိုပြီး တင်ထားပါတယ်။

သြစတေးလျ ရေဒီိယို အစီအစဉ်တင်ဆက်သူ ကန့်စမော က Sheeran ရဲ့ လက်ထိခိုက်ဒဏ်ရာ ရမှုနဲ့ ပတ်သက်ပြီး ကောလာဟလ တွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

တစ်ကယ်လို့ ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူဂစ်တာတီးရာမှာ အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ သူဟာ အောက်တိုဘာလ ၂၂ ရက်နေ့မှာ အာရှခရီးစဉ်တစ်ခုဖြစ်တဲ့ တိုင်ပေ ဖို့ လာရောက်ဖို့ရှိပါတယ်။

အမြန်ဆုံးပြန်ကောင်းလာပါစေ။ Ed.

Source: Mashable

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: