Home Lifestyle ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ

ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ

0
ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ

ဝန်ထမ်းတွေစိတ်ဖိစီးမှုတွေများလာပြီဆိုရင် သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေလည်း ကျဆင်းသွားပါလိမ့်မယ်။ ဝန်ထမ်းတွေကို စိတ်ဖိစီးတွေက ကင်းဝေးစေတဲ့ နည်းလမ်းတွေ ရှိတာကြောင့် ဒီနည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အလုပ်ချိန်ကို အရမ်းမတင်းကြပ်ပါနဲ့။
အလုပ်ချိန်ကို အရမ်းတင်းကြပ်မထားပဲနဲ့ တစ်ခါတစ်လေမှာ နောက်ကျတာ၊ စောပြန်တာတွေကို ခွင့်ပြုပေးလိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်အောင် အကြံပေးပါ။
ကျန်းမာစွာ စားသောက်နေထိုင်တာကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တာကြောင့် ဝန်ထမ်းတွေကို ကျန်းမာတဲ့ စားသောက်မှုပုံစံရရှိအောင် ကူညီပေးပါ။

ဝန်ထမ်းတွေနဲ့ စကားပြောပါ။
ဝန်ထမ်းတွေ အလုပ်မှာပျော်ရဲ့လား။ စိတ်ဝင်စားမှုရှိရဲ့လား။ ဘာအခက်အခဲတွေ ကြုံနေရလဲဆိုတာတွေကို သိရဖို့အတွက် ဝန်ထမ်းတွေနဲ့ စကားပြောပါ။

အားလပ်ချိန်ပေးပါ။
အလုပ်တွေချည်းပဲ တစ်နေကုန်လုပ်နေရရင် စိတ်ဖိစီးမှုတွေက တိုးသထက်တိုးလာပါလိမ့်မယ်။ နေ့လည်ပိုင်းမှာ အလုပ်ချိန်ကို ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် အနားပေးတာက ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုတွေ လျော့ကျစေမှာပါ။

ရယ်မောစရာတွေ မျှဝေပါ။
ရယ်မောခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တာကြောင့် ရယ်စရာရုပ်ရှင်တွေ၊ အကြောင်းအရာတွေကို ဝန်ထမ်းတွေကိုလည်း မျှဝေပါ။

အစည်းအဝေးတိုင်းကို အခန်းထဲမှာပဲ မလုပ်ပါနဲ့။
အစည်းအဝေးတွေလုပ်တဲ့အခါမှာ တစ်ခါတစ်လေ အပြင်မှာ လမ်းလျှောက်ရင်း လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း လုပ်တာက ဝန်ထမ်းတွေကို စိတ်ဖိစီးမှုက ကင်းဝေးစေရုံသာမက အတွေးအခေါ်သစ်တွေကိုပါ ရရှိစေနိုင်ပါတယ်။

လန်းဆန်းစေတဲ့ အမွှေးရနံ့လေးတွေ ထားရှိပါ။
ဝန်ထမ်းတွေရဲ့စိတ်ကို လန်းဆန်းနေစေဖို့ အခန်းအတွင်းမှာ စိတ်ကိုလန်းဆန်းသွားစေမယ့် အမွှေးရနံ့လေးတွေ ထားရှိပေးပါ။

အပင်လေးတွေ ထားရှိပေးပါ။
အပင်လေးတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် အလုပ်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးထားတာကလည်း ဝန်ထမ်းတွေရဲ့ စိတ်ကိုလန်းဆန်းနေစေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: