Home Lifestyle Health လွယ်ကူသော လေ့ကျင့်ခန်းနည်းလမ်းများ

လွယ်ကူသော လေ့ကျင့်ခန်းနည်းလမ်းများ

0
လွယ်ကူသော လေ့ကျင့်ခန်းနည်းလမ်းများ

သင်က အားကစားသမား တစ်ယောက်မဟုတ်ပေမယ့် ကျန်းမာရေးအတွက် အားကစားလုပ်ချင်တယ်ဆိုရင်တော့ လွယ်လွယ်ကူကူ လုပ်လို့ရနိုင်မယ့် အားကစားနည်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

ရေကူးခြင်း

ရေကူးခြင်းက အဆစ်အမြစ်နာကျင်တာတွေကို သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

ထိုက်ချိ

ဒါကတော့ တရုတ်ရိုးရာအားကစားနည်းဖြစ်ပြီး ခန္ဓာကိုယ်ရော စိတ်ကိုပါ အပန်းပြေစေနိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။

ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ

အလေးမခြင်း၊ ကြွက်သားလေ့ကျင့်ခန်းတွေက ကြွက်သားတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ကြွက်သားတွေက ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ကြွက်သားတွေ ပိုရှိလေ၊ ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ လျော့နည်းလေပါပဲ။

လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်းကတော့ ရိုးရှင်းပြီး ကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါ။ လမ်းလျှောက်ခြင်းကြောင့် ကိုလက်စရောကို တိုးစေတယ်။ အရိုးတွေကို သန်မာစေတယ်။ သွေပေါင်ချိန်ကို ထိန်းနိုင်ပါတယ်။

တင်ပါးဆုံရိုးကြွက်သားလေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကတော့ ဆီးအိမ်ကြွက်သားတွေကို အထောက်အပံ့ဖြစ်စေပါတယ်။ တင်ပါးဆုံကြွက်သားတွေကို လေးစက္ကန့်၊ ငါးစက္ကန့်လောက် ညှစ်ထားပြီး ဖြေလျှော့လိုက်ပါ။ တစ်နေ့ကို ဆယ်ကြိမ်လောက်လုပ်ပေးရုံပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: