Home Lifestyle ဘာသာစကားအသစ်တွေ လေ့လာရာတွင် အမြန်တတ်မြောက်နိုင်မည့် နည်းလမ်းများ

ဘာသာစကားအသစ်တွေ လေ့လာရာတွင် အမြန်တတ်မြောက်နိုင်မည့် နည်းလမ်းများ

0
ဘာသာစကားအသစ်တွေ လေ့လာရာတွင် အမြန်တတ်မြောက်နိုင်မည့် နည်းလမ်းများ

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ဝါသနာကြောင့်ပဲဖြစ်ဖြစ် မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာစကားတစ်ခုကို သင်ကြားတော့မယ်ဆိုရင် အခက်အခဲတွေ ကြုံတွေ့နိုင်တာကြောင့် ငြီးငွေ့လွယ်တတ်ကြပါတယ်။  ဘာသာစကားတစ်ခုကို ပျော်စရာကောင်းတဲ့ ပုံစံနဲ့ လေ့လာမယ်ဆိုရင်တော့ ငြီးငွေ့စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘာသာစကားတစ်ခုကို စိတ်ဝင်စားစရာကောင်းအောင် လေ့လာကြမလဲဆိုတာ ဖတ်ကြည့်ကြရအောင်။

ကလေးစာအုပ်လေးတွေ၊ ကလေးသီချင်းတွေကို အရင်လေ့လာပါ။ ဂဏန်းသင်္ချာပဲဖြစ်ဖြစ်၊ စကားလုံးလေးတွေကိုပဲဖြစ်ဖြစ် ကလေးပုံပြင်လေးတွေ၊ သီချင်းလေးတွေနဲ့ စပြီးသင်ကြားမယ်ဆိုရင် တတ်မြောက်တာ ပိုလွယ်ပါလိမ့်မယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရုပ်ရှင်တွေပါ။ ကိုယ်သင်ယူနေတဲ့ ဘာသာစကားပြောတဲ့ ရုပ်ရှင်တွေကို ကြည့်ပါ။ ရုပ်ရှင်ကြည့်ရင်း စကားလုံးတွေကို သင်ယူနိုင်တဲ့အပြင် ရုပ်ရှင်မှာပါတဲ့ စကားလုံးအသုံးအနှုန်းတွေက လက်ရှိပြောဆိုနေတဲ့ အသုံးအနှုန်းတွေ ဖြစ်တာကြောင့် သင်ကြားမှုမှာ ပိုမိုထိရောက်စေမှာပါ။

ကိုယ်တစ်ယောက်ထဲ လေ့လာနေတာမျိုးမဟုတ်ဘဲ ကိုယ်သင်ကြားနေတဲ့ ဘာသာစကားကျွမ်းကျင်သူတွေနဲ့ စကားပြောပေးပါ။ ဒါမှ ကိုယ်မှားသုံးနေတဲ့ စကားလုံးအသုံးအနှုန်းတွေကို သူတို့ဆီကတစ်ဆင့် အမှန်ကို ပြန်လည်သင်ယူနိုင်မှာပါ။

ဘာသာစကားသင်ကြားနိုင်မယ့် နည်းပညာသုံး ကိရိယာတွေကိုလည်း အသုံးပြုပါ။ ဘာသာစကားသင်ကြားနိုင်တဲ့ software တွေလည်း ရှိတာကြောင့် နည်းပညာအကူအညီနဲ့ သင်ကြားတာကလည်း အထောက်အကူဖြစ်စေမှာပါ။

ကိုယ်သင်နေတဲ့ ဘာသာစကားကို သုံးနိုင်သလောက် အသုံးပြုပါ။ ကိုယ်သင်ကြားနေတဲ့ ဘာသာစကားကို အသုံးပြုနေတဲ့ သူငယ်ချင်းတွေနဲ့ စကားများများပြောပါ။ သူတို့ရဲ့ လေယူလေသိမ်းနဲ့ စကားအသုံးအနှုန်းတွေကို အတတ်နိုင်ဆုံး တူအောင်ပြောနိုင်ရင် သင့်အတွက် အထောက်အကူပြုနိုင်ပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: