Home Lifestyle စောစောအိပ်ယာထနိုင်စေဖို့ ဘယ်လိုလေ့ကျင့်မလဲ?

စောစောအိပ်ယာထနိုင်စေဖို့ ဘယ်လိုလေ့ကျင့်မလဲ?

0
စောစောအိပ်ယာထနိုင်စေဖို့ ဘယ်လိုလေ့ကျင့်မလဲ?

မနက်အိပ်ရာထတာ နောက်ကျလို့ ရုံးအမြဲနောက်ကျလို့ စိတ်ညစ်နေရလား?
မနက်ပိုင်းမှာ အိပ်ရာထနောက်ကျလို့ ရုံးနောက်ကျတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဘယ်လိုအလေ့အကျင့်လေးတွေ လိုအပ်မလဲ? ကဲ ဖတ်ကြည့်ကြရအောင်။

ညဘက်မှာ ပုံမှန်အိပ်ချိန်ထက် နောက်ကျပြီးမှ မအိပ်ပါနဲ့။

မနက်ထရမယ့် အချိန်ကို Alarm ပေးထားပါ။

ဒါကတော့ မတွေမဝေဘဲ လုပ်ရမယ့် အဓိကအကျဆုံး အချက်ပါ။ Alarm ကို Snooze လုံးဝမလုပ်မိပါစေနဲ့။

တဖြည်းဖြည်းချင်းကျင့်ယူပါ။ ပုံမှန်အိပ်ရာထချိန်ထက် တစ်နေ့ကို (၁၅) မိနစ်စောထပါ။ သင့်ခန္ဓာကိုယ်က ကျင့်သားရသွားတဲ့အထိ နေ့စဉ်လုပ်ဆောင်ပေးပါ။

အိပ်ရာနိုးတာနဲ့ ချက်ချင်းထပြီး အိပ်ရာသိမ်းပါ။ ဒါမှ ပြန်မအိပ်မိမှာဖြစ်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ပြီးရင်တော့ ရေအေးအေးနဲ့ ရေချိုးလိုက်ပါ။ ရေချိုးလိုက်တာနဲ့ လန်းဆန်းသွားပြီး ပြန်အိပ်ချင်ပျောက်သွားပါလိမ့်မယ်။

သီချင်းတွေ၊ သံစဉ်တွေက ခန္ဓာကိုယ်ကို တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတာကြောင့် ရေချိုးရင်းဖြစ်ဖြစ်၊ ရေချိုးပြီး ပြင်ဆင်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ကိုယ်အကြိုက်ဆုံးသီချင်းတွေကို အချိန်ခဏပေးပြီး နားထောင်လိုက်ပါ။

ပြီးရင် မနက်စာစားပါ။ မနက်စာကို ဝဝလင်လင်စားဖို့ အရေးကြီးပါတယ်။ ဒါမှ တစ်နေကုန်လိုအပ်တဲ့ အားအင်တွေကို ပြည့်နေစေမှာ ဖြစ်ပါတယ်။

ဒီအလေ့အကျင့်လေးတွေ နေ့စဉ်ပြုလုပ်ကြည့်ပါ။ ရုံးသွားဖို့ ပြင်ဆင်ရတဲ့ သင့်မနက်ခင်းတိုင်းက လန်းဆန်းတက်ကြွမှုတွေနဲ့ ပြည့်နှက်နေမယ်မှာ မလွဲပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: