Home Lifestyle Health တွဲဖက်မစားသင့်သော စားနေကြအစားအစာများ

တွဲဖက်မစားသင့်သော စားနေကြအစားအစာများ

0
တွဲဖက်မစားသင့်သော စားနေကြအစားအစာများ

တွဲဖက်စားသောက်နေတဲ့ အချို့အစားအသောက်တွေက  မထင်မှတ်ပဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုတာ သတိပြုမိကြရဲ့လား? သတိမထားမိဘူးဆိုရင်လည်း အခုဖေါ်ပြထားတဲ့ အစားအသောက်တွေကို တွဲဖက်မစားသောက်ကြဖို့ အကြံပြုလိုပါတယ်။

အသားညှပ်ပေါင်မုန့်နဲ့ ကော်ဖီ

အသားညှပ်ပေါင်မုန့်က အစားခြေစနစ်ကို ကောင်းမွန်စေတယ်ဆိုပေမယ့် အသင့်သောက်ကော်ဖီနဲ့ တွဲဖက်လိုက်ရင်တော့ ကျန်းမာရေးအတွက် ကောင်းကျိုးမရှိတော့ပါဘူး။

ခရမ်းချဉ်သီးနဲ့ သခွားသီး

ခရမ်းချဉ်သီးနဲ့ သခွားသီးကို အသုပ်တော်တော်များများမှာ အသုံးပြုကြပါတယ်။ ဒီအသီးနှစ်မျိုးကို တွဲဖက်စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ဇီဝဓာတုလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေရုံသာမက အဲ့ဒီအသီးနှစ်မျိုးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေက အစာခြေစနစ်ကို ကောင်းကောင်းမလည်ပတ်စေနိုင်ပါဘူး။

အာလူးနဲ့ အသားများ

အသားနဲ့ အာလူးကြော်ဆိုတာ လူတိုင်းကြိုက်တဲ့ အစားအစာပါ။ ဒါပေမယ့် အာလူးမှာပါဝင်တဲ့ ကစီဓာတ်က alkalotic ဆိုတဲ့ အစာခြေရည်ကို လိုအပ်ပါတယ်။ အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်ကတော့ အက်ဆစ်ဓာတ်ကို လိုလားပါတယ်။ လိုအပ်ချက်တွေမတူူညီတဲ့ ဒီအစားအစာနှစ်ခုကို တွဲဖက်စားသုံးတဲ့အခါမှာ ရင်ပူရင်ဆာဖြစ်လာမယ်။ ဂတ်စ်တွေ ထွက်လာမယ် စတဲ့ ကျန်းမာရေးအတွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘီယာနဲ့ မြေပဲဆားလှော်

ဘီယာနဲ့ မြေပဲဆားလှော်ဆိုတာ ပေါ်ပြူလာဖြစ်တဲ့ အစားအသောက်ပါ။ အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေက ကျန်းမာရေးကို အထောက်အကူမပြုရုံသာမက ရေဓာတ်ဆုံးရှုံးမှုကိုလည်း ဖြစ်စေနိုင်ပါတာကြောင့် ဘီယာနဲ့ တွဲဖက်မစားသုံးသင့်ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: