Home Entertainment ကိုယ့်ရဲ့ sexy ကျတဲ့ ကိုယ်လုံးအချိုးအစားကို meme လို့ခေါ်တဲ့ သရော်လှောင်ပြောင်တဲ့ ပုံထဲထည့်ခံရလို့ ကန့်ကွက်လိုက်တဲ့အမျိုးသမီး

ကိုယ့်ရဲ့ sexy ကျတဲ့ ကိုယ်လုံးအချိုးအစားကို meme လို့ခေါ်တဲ့ သရော်လှောင်ပြောင်တဲ့ ပုံထဲထည့်ခံရလို့ ကန့်ကွက်လိုက်တဲ့အမျိုးသမီး

0
ကိုယ့်ရဲ့ sexy ကျတဲ့ ကိုယ်လုံးအချိုးအစားကို meme လို့ခေါ်တဲ့ သရော်လှောင်ပြောင်တဲ့ ပုံထဲထည့်ခံရလို့ ကန့်ကွက်လိုက်တဲ့အမျိုးသမီး

Meme တွေလုပ်တာဟာ လူတွေကို ဖျော်ဖြေရာရောက်ပြီး တစ်ခါတစ်လေမှာ ပါးစပ်မပိတ်နိုင်အောင် ရယ်ရတဲ့အခိုက်အတန့် ကျွန်တော်တို့ Meme members ၀င်ထားတဲ့သူအားလုံး သိလည်းသိပြီး ကြုံလည်းကြုံဖူးနေကြမှာပါ။ Meme(ပုံထဲတွင်စာရေးသားခြင်း) ကို ကျွန်တော်တို့နိုင်ငံမှာ ပညာပေးအနေနဲ့ရော၊ ဟာသအနေနဲ့ပါ မိမိတို့ ဥာဏ်ကွန့်မြူးသလောက် လုပ်ကြတာတွေ့ရပါတယ်။ ထို့အတူပဲ နိုင်ငံတကာမှာ လည်း သူများကို ဟာသလုပ်ဖို့နဲ့ လှောင်ဖို့အတွက် meme ကိုလုပ်ကြပါတယ်။ အဲ့လိုတီထွင်ဥာဏ်တွေရှိတာကောင်းပေမယ့် တစ်ခါတစ်လေမှာ မထင်မှတ်ပဲနဲ့  အပြင်မှာ တစ်ကယ်ရှိတဲ့လူတွေရဲ့ ပုံသုံးပြီး သရော်တာကနေ လူတစ်ဖက်သားခံစားရတာတွေ၊ မခံမရပ်နိုင်ဖြစ်လာရတဲ့ ကိစ္စတွေဖြစ်လာရပါတယ်။

တွစ်တာအသုံးပြုတဲ့ မြို့ကြီးသားဖြစ်တဲ့ Leyton Mokgerepi က ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ က နာမည်ကြီးစေမယ့် meme တစ်ခုကို ကြိုးစားပမ်းစားတီထွင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ကြိုးပမ်းမှုဟာ မထင်မှတ်ပဲ လူတစ်ဖက်သားကို ထိခိုက်နေတဲ့အတွက် တွစ်တာမှာ public လုပ်ဖို့ကို တားမြစ်ခြင်းခံခဲ့ရပါတယ်။

သူ့ရဲ့ လူနှစ်ယောက်ကို နှိုင်းယှဉ်ပြထားတဲ့ ပုံစံက အရမ်းကိုရိုးရှင်း ပြီး နေရာအတော်များများ နဲ့ အခြေအနေတော်တော်များများမှာသုံးလို့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ နှိုင်းယှဉ်ပြထားတဲ့ ပုံက လူတစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းထားပြီး ခန္ဓာကိုယ်အချိုးအစား မပြေပြစ်မှုကို ကဲ့ရဲ့ထားရာရောက်နေပါတယ်။

“ကျွန်တော်ကြိုက်တဲ့မိန်းကလေးနဲ့ ကျွန်တော့ ကိုပြန်ကြိုက်တဲ့ မိန်းကလေးဆိုပြီး” တစ်ဖက်မှာ ကိုယ်လုံးကိုယ်ပေါက် ကောင်းတဲ့မိန်းကလေးပုံနဲ့ တစ်ခြားတစ်ဖက်မှာ ၀တဲ့ ကိုယ်လုံးနဲ့ နှိုင်းယှဉ်ပြထားတာပါ။

သူ့ရဲ့နှိုင်းယှဉ်ပြမှုက လူတစ်ဖက်သားရဲ့ အားနည်းချက်ကို ထောက်ပြထားပြီး ၄င်းလူကို သိမ်ငယ်စိတ်နဲ့ သူ့ကို ထေ့ငေါ့ပြောသလို ခံစားရစေပါတယ်။ Mokgerepi ရဲ့ meme ပြုလုပ်ချက်က အပြင်မှာရှိတဲ့ လူနှစ်ယောက်ကို ထည့်သွင်းအသုံးပြုထားတာကြောင့် နာမည်ကြီးခဲ့တယ်ဆိုပေမယ့် ညာဖက်မှာ ရှိတဲ့ မိန်းကလေးရဲ့ကိုယ်လုံးကို လှောင်ထားရာရောက်နေပါတယ်။

ညာဖက်ခြမ်းမှာကျတော့ Leeyonce ပုံကိုသုံးထားပြီး ဘယ်ဖက်ခြမ်းမှာတော့ ကိုယ်လုံးသေးသွယ်တဲ့ မိန်းကလေးပုံကိုသုံးထားပါတယ်။

Source: Mashable

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: