Home Knowledge ရှဉ့်တွေအစာသိုလှောင်တာဘယ်သူတွေနဲ့တူလဲ?

ရှဉ့်တွေအစာသိုလှောင်တာဘယ်သူတွေနဲ့တူလဲ?

0
ရှဉ့်တွေအစာသိုလှောင်တာဘယ်သူတွေနဲ့တူလဲ?

ရှဉ့်တွေရဲ့ အစာသိုလှောင်ပုံက ကျွန်တော်တို့လူသားတွေ ဈေးဝယ်ထွက်ရင် ပစ္စည်းတွေသိုလှောင်သိမ်းဆည်းတဲ့ပုံစံနဲ့ အတူတူပဲဆိုတာကို လေ့လာမှုတစ်ခုကနေ တွေ့ရှိထားပါတယ်။ လေ့လာချက်အသစ်အရ ရှဉ့်တွေအခွံမာသီးသိုလှောင်ပုံအမျိုးမျိုးကွဲပြားပြီး အသီးရဲ့ အရည်အသွေး နဲ့ သူတို့နှစ်သက်တဲ့အရာတွေအလိုက်လည်း သိုလှောင်နည်းကွဲပြားကြပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဘာကီလီရဲ့ လေ့လာချက်တစ်ရပ်မှာ တွေ့ရှိထားတဲ့ရှဉ့်တွေ အစာကို စုစည်းတဲ့ ပထမဆုံး သက်သေကတော့ သူတို့လုပြီးမှရလာတဲ့အသီးတွေကို သူတို့မှာရှိပြီးသား လျှပ်တစ်ပြက်ဉာဏ်ကို အသုံးချပြီး  ပိုစနစ်ကျတဲ့နည်းဗျူဟာနဲ့ စုဆောင်းလေ့ရှိပါတယ်။

ဒီလျှပ်တစ်ပြက်ဉာဏ်က လူနဲ့တိရိစ္ဆာန်တို့ရဲ့သိခြင်းနဲ့ ဆိုင်တဲ့ ဦးနှောက်ထဲမှာရှိတဲ့ ဉာဏ်မျိုးဖြစ်ပြီး ဒီအသိဉာဏ်က လူတွေ တိရိစ္ဆာန်တွေ ဝတ္ထုပစ္စည်းတွေကို အစီအစဉ်တကျ ထားသိုတတ်အောင် လုပ်ဆောင်ပေးပါတယ်။ ဒီဟာက ဘာနဲ့တူလဲဆိုတော့ ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင် အငယ်စားတွေအစီအစဉ်တကျ ရှိနေတာနဲ့ ဆင်တူပါတယ်။

မြောက်အမေရိက က ရှဉ့်တွေဟာ တစ်နှစ်မှာ အခွံမာသီး ၁၀၀၀၀ အထိစုဆောင်းနိုင်ပြီး သူတို့ရဲ့ အစာသိုလှောင်ခန်းထဲမှာ အမျိုးအစားတစ်ခုချင်းစီအလိုက် သီးခြားစီသိုလှောင်ထားတတ်ပါတယ်။

“ဒီသရုပ်ပြမှုဟာ တိရိစ္ဆာန်တွေထဲမှာ အသုံးပြုတဲ့ ပထမဆုံးသောလျှပ်တပြက် ဉာဏ်ကိုအသုံးပြုတာဖြစ်ပြီး သူတို့အစာရရှိမှုအပေါ်မူတည်ပြီးတော့ ဆီလျှော်တဲ့နည်းလမ်းကို အသုံးပြုတာလည်းဖြစ်ပါတယ်လို့” ဒီသုတေသနကို လုပ်နေတဲ့ ဒေါက်တာ မိုက်ကယ်ဒယ်ကတ်တို နဲ့ စိတ်ပညာ ပါမောက္ခ ဒေါက်တာ လူစီကာ ဂျက်ကော့ တို့က ပြောပါတယ်။

“လူတွေက သူတို့ရဲ့ အသီးအနှံတွေကို အမျိုးအစားခွဲပြီးထည့်သလို ရှဉ့်တွေကလည်း ထိုနည်းအတိုင်း အလုပ်လုပ်ကြပါတယ်။ သစ်သီးတွေကို စင်တစ်ခုတည်းမှာထားမယ်။ ဟင်းသီးဟင်းရွက်တွေကို တစ်ခြားတစ်နေရာမှာထားမယ်။ နောက်ပြီးတော့ ကြက်သွန်ထားမယ့်နေရာကိုသင်ကြည့်မယ်။ ဒီလိုပစ္စည်းတွေကိုထားသိုနိုင်ဖို့ မီးဖိုချောင်ရဲ့တစ်နေရာတည်းကိုပဲသင်ကြည့်မှာဖြစ် ပြီး နေရာအားလုံးကို ကြည့်မှာမဟုတ်ဘူးလို့” ဒေါက်တာ ဂျက်ကော့ က ပြောပါတယ်။

တန်းလေးခုရှိတဲ့အထဲမှာ သုတေသီတွေက ရှဉ့်တွေအတွက် အခွံမာသီး ၁၆ လုံးပေးထားပြီး တစ်တန်းစီမှာ ပန်းညိုရောင်သစ်စေ့ လေးလုံး၊ နောက်တစ်တန်းမှာ သစ်အယ်သီးနဲ့ နောက်တစ်တန်းမှာ သစ်ကြားသီးတွေကိုထားထားပါတယ်။ တစ်ခြား ရှဉ့်တွေကိုတော့ အခွံမာသီး ၁၆ လုံးနဲ့ပဲ ရောပြီးတော့ပေးထားပါတယ်။ ရှဉ့်တွေရဲ့လက်ထဲမှာထည့်ထားတဲ့ လက်အသုံးပြုပုံ GPS လမ်းညွှန်ကိုသုံးပြီး သူတို့အစာကို ဘယ်လိုသိုလှောင်လဲဆိုတာကို သုတေသီတွေက လေ့လာပါတယ်။

လေ့လာမှုအရတွေ့ရှိတာက နေရာတစ်ခုတည်းမှာပဲ အကြိမ်ပေါင်းများစွာ အစာရှာလေ့ရှိတဲ့ ရှဉ့်တွေက အသီးတွေကိုအမျိုးအစားအလိုက် စုစည်းနိုင်စွမ်းရှိပြီးတော့ ထိုအမျိုးအစားတွေကိုနေရာတစ်ခုချင်းစီမှာ ခွဲခြားသိမ်းဆည်းနိုင်စွမ်းရှိပါတယ်။

နေရာပေါင်းစုံမှာ အစာရှာထွက်တဲ့ရှဉ့်တွေကတော့ သူတို့မြှုပ်ထားပြီးသား နေရာတွေကို တမင်တကာချန်ထားပြီးတော့ တစ်ခြားတစ်နေရာမြှုပ်လေ့ရှိကာ အမျိုးအစားအလိုက် ထားသို ထားထက် မြှုပ်ထားတဲ့စနစ်ကို ပိုသုံးကြပါတယ်။

“ဒီလေ့လာမှုကနေ အကြံပြုထားတာက အစာသိုလှောင်တာနဲ့ပတ်သက်ပြီး အာရုံသိတွေရှဉ့်ထဲမှာမရှိတဲ့အခါ ရှဉ့်တွေက ကိုယ်တွေ့ကြုံထားတဲ့ အတွေ့အကြုံကို အခြေခံပြီး သူတို့အစာသိုလှောင်ထားပြီးသားနေရာတွေကို ချန်လှပ်ထားကာ တစ်ခြားနေရာတွေမှာ သိုလှောင်တတ်တယ်လို့” ပညာရှင်တွေက အဆုံးသတ်မှာ ပြောသွားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: