Home Lifestyle သင့်ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် နည်းလမ်းအသွယ်သွယ်

သင့်ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် နည်းလမ်းအသွယ်သွယ်

0
သင့်ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် နည်းလမ်းအသွယ်သွယ်

ပုံမှန်သွားနေတဲ့ အရာများဟာ ငြီးငွေ့စေပါတယ်။ ဒါကြောင့် ဖန်တီးနိုင်စွမ်းနဲ့ သူမတူအောင် လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ဖန်တီးနိုင်စွမ်းလို့ဆိုရာမှာ အချို့လူများမှ မွေးကတည်းက ထိုသို့ ပါဝင်သော်လည်း အချို့မှာ လေ့ကျင့်ရာမှ တိုးတတ်လာခြင်းဖြစ်ပါတယ်။ ဒါဆို ဘယ်လိုလေ့ကျင့်ကြမလဲ။

၁။ သင့်ဦးနှောက်(၂)ဖက်ခြမ်းလုံးကို အသုံးချနိုင်အောင်ဆောင်ရွက်ပါ။ ဒါဟာ သင့်ဖန်တီးနိုင်စွမ်းကို အမှတ်တကယ်ထောက်ပံ့ပေးမယ့် နည်းလမ်းပါ။ ပုံမှန်စဉ်းစားနေသော လမ်းစဉ်များထက် ဘယ်လိုပိုကောင်းအောင်လုပ်မလဲ စဉ်းစားပြီး ဦးနှောက်ကို အလုပ်ပေးလေ့ကျင့်ရမှာပဲဖြစ်ပါတယ်။

၂။ ဗဟုသုတတိုးပွားအောင် လုပ်ဆောင်ပါ။ သို့မှသာ သင့်ဖန်တီးနိုင်စွမ်းကို အချိတ်အဆက်မိမိ တိုးတက်နိုင်စေမှာပဲဖြစ်ပါတယ်။

၃။ သင့်ကိုသင် ပြန်ရှင်းပြပါ။ တစ်ခုခုကို ဖတ်သည်ဆိုပါဆို့။ စာဖတ်သည့်ပုံစံမျိုးမဟုတ်ဘဲ ရှင်းပြတဲ့ပုံစံမျိုးဖြင့် မှတ်ဉာဏ်ထဲဝင်အောင် မှတ်သားခြင်းဖြင့် သင့်မှ အခြားသူများကို သင် ဖန်တီးထားသည့် အကြောင်းအရာများကို နားလည်လွယ်အောင် ပြန်လည်ဝေမျှနိုင်မှပဲဖြစ်ပါတယ်။

၄။ အချိန်ယူပါ။ သင့်ရဲ့ဖန်တီးနိုင်စွမ်းဟာ တစ်ခဏအတွင်း တိုးတတ်လာမည်မဟုတ်ပါ။ အချိန်ယူ လေ့လာမှသာ တဖြည်းဖြည်းတိုးတက်လာမှာပဲဖြစ်ပါတယ်။

၅။ မဖြစ်နိုင်တာကို တွေးပါ။ ဒါဟာ အကြောင်းအရာတစ်ခုကို ပုံမှန်ထက် မတူအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ကို ရစေနိုင်မှာပဲဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: