Home News ဟူစတန္ျမိဳ႕တြင္ ေရလႊမ္းမိုးမႈျဖစ္၊ ၁၈ ဦးေသဆံုး၊ လူေပါင္း ၁၃၀၀၀ ေက်ာ္ ကယ္ဆယ္ႏိုင္ခဲ့

ဟူစတန္ျမိဳ႕တြင္ ေရလႊမ္းမိုးမႈျဖစ္၊ ၁၈ ဦးေသဆံုး၊ လူေပါင္း ၁၃၀၀၀ ေက်ာ္ ကယ္ဆယ္ႏိုင္ခဲ့

0

အေမရိကန္ႏုိင္ငံ ဟူစတန္ျမိဳ႕မွာ ေရလႊမ္းမိုးမႈေၾကာင့္ လူေပါင္း ၁၈ ဦးေသဆံုးျပီး စစ္တပ္နဲ႕ လူမႈအဖြဲ႕အစည္းေတြက လူေပါင္း ၁၃၀၀၀ ေက်ာ္ကို အေရးေပၚ ကယ္ဆယ္ခဲ့ရပါတယ္။ ဒါ့အျပင္ တကၠဆက္ျပည္နယ္မွာလဲ ေရလႊမ္းမိုးမႈ ျဖစ္ေပၚေနျပီး လူေပါင္းမ်ားစြာ ဒုကၡေရာက္ေနၾကတာ ျဖစ္ပါတယ္။

ေရလႊမ္းမိုးမႈပမာဏ အလြန္ျမင့္မားမႈေၾကာင့္ လူေနအိမ္မ်ား နစ္ျမဳပ္ခဲ့ရျပီး လူမ်ားကို ရဟတ္ယာဥ္မ်ားျဖင့္ ကယ္ဆယ္ခဲ့ရေၾကာင္း သိရပါတယ္။ ယခုတစ္ခါ ေရလႊမ္းမိုးမႈဟာ အေမရိကန္ႏုိင္ငံရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ ျဖစ္ခဲ့တဲ့ အၾကီးဆံုး ေရလႊမ္းမိုးမႈလည္း ျဖစ္ပါတယ္။

မိုးေရခ်ိန္ လက္မ ၂၀ ကေန လက္မ ၅၀ အထိ ျမင့္တက္သြားခဲ့ျပီး လမ္းမ်ားမွာလဲ ေရလႊမ္းမိုးမႈေၾကာင့္ ႏွစ္ျမဳပ္ခဲ့ျပီး ေလယာဥ္ကြင္းမ်ားပါ နစ္ျမဳပ္မႈအထိ ျဖစ္ခဲ့ပါတယ္။ ေနာက္ထပ္ ၄၈ နာရီအတြင္း မိုးေရခ်ိန္ ထပ္မံျမင့္တက္ဖြယ္ရွိျပီး ဆံုးရံႈးပ်က္စီးမႈဟာ ၁၀ ဘီလီယံ ေဒၚလာ ေက်ာ္ခန္႕ရွိေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ အေမရိကန္ေတြရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ သဘာ၀ေဘးအႏၱရာယ္ေၾကာင့္ ပ်က္စီးဆံုးရံႈးမႈအမ်ားဆံုး ျဖစ္ရပ္လည္း ျဖစ္ပါတယ္။

စင္ကာပူ ကာကြယ္ေရး၀န္ၾကီးဌာနမွ ေဆး၀ါး၊ အစားအစာနဲ႕ ရဟတ္ယာဥ္ ၄ စင္းကူညီေထာက္ပံ့ေနေၾကာင္းလည္း သိရပါတယ္။

Unicode : ဟူစတန်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်၊ ၁၈ ဦးသေဆုံး၊ လူပေါင်း ၁၃၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၈ ဦးသေဆုံးပြီး စစ်တပ်နဲ့ လူမှုအဖွဲ့အစည်းတွေက လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။ ဒါ့အပြင် တက္ကဆက်ပြည်နယ်မှာလဲ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပြီး လူပေါင်းများစွာ ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုပမာဏ အလွန်မြင့်မားမှုကြောင့် လူနေအိမ်များ နစ်မြုပ်ခဲ့ရပြီး လူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရပါတယ်။ ယခုတစ်ခါ ရေလွှမ်းမိုးမှုဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ အကြီးဆုံး ရေလွှမ်းမိုးမှုလည်း ဖြစ်ပါတယ်။

မိုးရေချိန် လက်မ ၂၀ ကနေ လက်မ ၅၀ အထိ မြင့်တက်သွားခဲ့ပြီး လမ်းများမှာလဲ ရေလွှမ်းမိုးမှုကြောင့် နှစ်မြုပ်ခဲ့ပြီး လေယာဉ်ကွင်းများပါ နစ်မြုပ်မှုအထိ ဖြစ်ခဲ့ပါတယ်။ နောက်ထပ် ၄၈ နာရီအတွင်း မိုးရေချိန် ထပ်မံမြင့်တက်ဖွယ်ရှိပြီး ဆုံးရှုံးပျက်စီးမှုဟာ ၁၀ ဘီလီယံ ဒေါ်လာ ကျော်ခန့်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အမေရိကန်တွေရဲ့ သမိုင်းတစ်လျှောက်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဝါး၊ အစားအစာနဲ့ ရဟတ်ယာဉ် ၄ စင်းကူညီထောက်ပံ့နေကြောင်းလည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: