Home News အပူပိုင်းမုန်တိုင်းကျရောက်မှုကြောင့် တက္ကဆက်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်


0





Unicode : အပူပိုင်းမုန်တိုင်းကျရောက်မှုကြောင့် တက္ကဆက်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်

taxas

ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဟာ ရပ်တန့်သွားသော်လည်း လက်ရှိမှာ တက္ကဆက်ပြည်နယ်မှာ ရေလွှမ်းမိုးမှုဖြစ်နေဆဲပါဘဲ။ ပြည်နယ်တစ်ခုလုံး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ရေမြုပ်လျက်ရှိပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

မိုးရေချိန် လက်မ ၅၀ ကျော်အထိ ထပ်မံမြင့်တက်လာဖွယ်ရှိသေးကြောင်း မိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။ အပူပိုင်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာပြီး ယခင်က တက္ကဆက်ပြည်နယ်မှာ နေအိမ်မြုပ်လောက်တဲ့အထိ ရေကြီးတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ပါဘူး။ Dallas မြို့တောင်ဘက်မှာ တည်ဆောက်ထားတဲ့ Mega Shelter ရဲ့ သက်ရောက်မှု ကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။

တက္ကဆက်ပြည်နယ်မှာ ရေကြီးမှုကြောင့် ၂ ဦးသေဆုံးပြီး တစ်ညထဲနဲ့ လူပေါင်း ၁၀၀၀ ကျော်ခန့်ကို ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့များနဲ့ အမေရိကန်စစ်တပ်များကို စေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေလို့ သိရှိရပါတယ်။ ရေလွှမ်းမိုးမှုဟာ နောက်ထပ် ၄ ရက်မှ ၅ ရက်အထိ ထပ်မံမြင့်တက်ဖွယ်ရာရှိနေပြီး ကျောင်းတွေကိုလည်း တစ်ပတ်ခန့် ပိတ်ထားရပါတယ်။

လျှပ်စစ်မီးများလည်း ဖြတ်တောက်ထားရပြီး လူနေအိမ်ပေါင်း ၃၁၆၀၀၀ ဟာ လျှပ်စစ်မီးရရှိအုံးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် လာမယ့် အင်္ဂါနေ့မှာ တက္ကဆက်ပြည်နယ်သို့ သွားရောက်မှာ ဖြစ်တယ် လို့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: