Home Lifestyle သင့်ဘဝအတွက်မှန်ကန်သောလူကို ရွေးချယ်ရာဝယ်

သင့်ဘဝအတွက်မှန်ကန်သောလူကို ရွေးချယ်ရာဝယ်

0
သင့်ဘဝအတွက်မှန်ကန်သောလူကို ရွေးချယ်ရာဝယ်

ဘဝလက်တွဲဖော် ဆိုတာ ပါရမီဖြည့်ဖက်ဆိုတာ မျိုးကိုရွေးရတော့မယ်ဆိုရင်တော့ အသေအခြာရွေးချယ်ဖို့လိုအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ ယူပြီးသွားရင် ပြန်ထားလို့မရတော့တဲ့ ပစ္စည်းထဲမှာပါဝင်နေလို့ပါ။ ဒါကြောင့် အရွေးမမှားစေရန်အတွက် နည်းလမ်းလေးတွေကို အကြံပြုပါရစေ။

၁။ ကြောက်စိတ်မရှိအောင်နေပါ။

ကြောက်တတ်တဲ့စိတ်ကြောင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးချတတ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုယ်တိုင်အလွဲလွဲ အမှားမှားတွေပြုမှုပြီး ရွေးချယ်မှုကို မှားယွင်းစေတတ်ပါတယ်။ ပျော်ရွင်မှုကိုတွေ့ရမယ့်လမ်းကို သွားပါ။ သင့်ကိုယ်တိုင်လမ်းမှန်သွားမှ လူမှန်ကို တွေ့ရမှာပဲဖြစ်ပါတယ်။

၂။ အချိန်ယူပါ။

အချိန်ယူစဉ်းစားပါ။ အစပိုင်းတွင် ပျော်ရွင်ရုံဖြင့် ဘဝတစ်သက်တာအတွက် တစ်ခါတည်းဆုံးဖြတ်မရပါ။ အလုပ်၊ လူမှုဘဝ၊ ကိုင်ပိုင်ဘဝ စသည့်တို့မှာ အတူတူ ဖြတ်သန်းပြီး တွေ့လာနိုင်တဲ့ ပြဿနာများကို ဖြေရှင်းခြင်းဖြင့် အတွေ့အကြုံများကို ရယူပါ။

၃။ သင့်ရွေးချယ်ထားတဲ့လူမှာ မှားယွင်းနေတတ်ခြင်း

အစပိုင်းတွင်အဆင်ပြေသော်လည်း နောက်ပိုင်းတွင် ပြဿနာများဖြင့် ဆိုးဆိုးရွားရွားကြုံလာသည်များရှိနိုင်ပါတယ်။ သင့်အနေဖြင့် သည်းခံနိုင်သလား။ ဒါမှမဟုတ် လက်လွှတ်မလားကို သေချာဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။

၄။ အစကို ခိုင်မာစွာ တည်ဆောက်ခြင်း

အစကောင်းမှ အနောင်းသေချာပါမယ်။ သင့်နဲ့လက်တွဲမယ့်လူကို အစကတည်းက ဘယ်လိုလူမျိုးလဲသိအောင် ပြုလုပ်ပြီး အဆင်မပြေပါက လမ်းခွဲပါ။ သို့မဟုတ်က နောင်တဖြင့် မလွဲမသွေရင်ဆိုင်ရပါလိမ့်မယ်။

အချုပ်အားဖြင့်ဆိုသော် သင့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ရရန် အချိန်ကြာပါလိမ့်မယ်။ သို့သော် မှားယွင်းတဲ့လူရဲ့ လက်ကို ဆုပ်ကိုင်ထားခြင်းဖြင့် ထိုအခွင့်အရေးမျိုးကို လွဲချော်နိုင်ပါတယ်။ အမှားများကနေ အမြဲသင်ယူပြီး သင့်တော်မည့်လူကိုသာ ရွေးချယ်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: