Home Lifestyle Health ခေါင်းကိုက်သက်သာစေရန် နိုပ်နယ်ပေးရမည့် နေရာများ

ခေါင်းကိုက်သက်သာစေရန် နိုပ်နယ်ပေးရမည့် နေရာများ

0
ခေါင်းကိုက်သက်သာစေရန် နိုပ်နယ်ပေးရမည့် နေရာများ

အနိုပ်ခံခြင်းဟာ ရောဂါဝေဒနာတွေကို သက်သာနိုင်ပါတယ်။ ခေါင်းကိုက်ဝေဒနာဟာ ခံစားရခက်တဲ့ ဝေဒနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ တစ်ခါတစ်ရံ မခံမရက်နိုင်တဲ့အထိတောင် ခေါင်းကိုက်တာမျိုးတွေရှိနိုင်ပါတယ်။

အလွန်အကျွံခေါင်းကိုက်မှုများကြောင့် မျက်လုံးအားနည်းတဲ့ ဝေဒနာများကိုပါ ခံစားရနိုင်ပါတယ်။ ထိုအခါ ကုန်ကျစရိတ်တွေပိုလာနိုင်ပါတယ်။

ဒါကြောင့် ယခု ခေါင်းကိုက် ဝေဒနာကို ယူပစ်လိုက်သလို ဖြစ်သွားစေမယ့် နိုပ်နယ်သင့်တဲ့နေရာလေးတွေကို ပြောပြပေးသွားပါမယ်။

နှာတံဘေးမှ နေရာနှစ်နေရာ

ပါးရိုးများအောက်နားနေရာဖြစ်ပြီး ညင်သာစွာနိုပ်နယ်ပေးပါက ခေါင်းကိုက်၊ သွားကိုက် ဝေဒနာများကို သက်သာစေပါတယ်။

မျက်ခုံးဒေါင့်များ

ထိုနေရာများကို ညင်သာစွာနိုပ်နယ်ပါက နာရိုးအဆစ်နာတာကို သက်သာစေပြီး မျက်စီအားလည်းတိုးစေပါတယ်။

ဦးနှောက်အနောက်ဖက် အလယ်နေရာ

ထိုနေရာကို နိုပ်နယ်ပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ၊ မျက်လုံးနှင့် နား နာကျင်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်။

မျက်ခုံးနှစ်ခုကြားနေရာ

တတိယမျက်လုံးလို့ လူသိများတဲ့ ဒီနေရာဟာ မျက်လုံးမှာ အဆီပိုစုခြင်းကို ကာကွယ်ပေးပြီး ခေါင်းကိုက်သက်သာစေပါတယ်။ စက်ဝိုင်းပုံစံနိုပ်နယ်ပေးရမှာပါ။

လက်မနှင့် လက်ညှိုး ကြားနေရာ

ခေါင်းကိုက်၊ သွားကိုက်၊ ခါးနာ စသည့်ဝေဒနာများ ပျောက်ကင်းသက်သာစေမည့် နေရာပင်ဖြစ်သည်။

နားအပေါ်တည့်တည့်နေရာ

ခေါင်းကိုက် နှင့် မျက်လုံးကိုက် ဝေဒနာများအတွက် ချက်ချင်းသက်သာစေမည့်နေရာပင်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: