Home News ကင္ညာႏိုင္ငံ၏ သမၼတေရြးေကာက္ပြဲတြင္ Uhuru Kenyatta မွ ဒုတိယအၾကိမ္အျဖစ္ သမၼတေနရာ မဲအႏုိင္ရ

ကင္ညာႏိုင္ငံ၏ သမၼတေရြးေကာက္ပြဲတြင္ Uhuru Kenyatta မွ ဒုတိယအၾကိမ္အျဖစ္ သမၼတေနရာ မဲအႏုိင္ရ

0

ကင္ညာႏုိင္ငံရဲ႕ သမၼတေရြးေကာက္ပြဲမွာ Uhuru Kenyatta မွ ေနာက္တစ္ၾကိမ္ ႏုိင္ငံရဲ႕ သမၼတ ေနရာကို ဆက္ခံရရွိသြားျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကင္ညာႏုိင္ငံရဲ႕ သမိုင္းမွာ သမၼတေနရာကို ႏွစ္ၾကိမ္ဆက္တိုက္ရရွိသူအျဖစ္ မွတ္တမ္း၀င္သြားျပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ Uhuru Kentyatta မွ ေနာက္ထပ္ ၅ ႏွစ္သက္တမ္း သမၼတရာထူးအျဖစ္ ေနရာရရွိမည္ျဖစ္ျပီး Uhuru Kentyatta ဟာ အသက္ ၅၅ ႏွစ္အရြယ္ရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႕ရဲ႕ ျပိဳင္ဘက္ကေတာ့ အသက္ ၇၂ ႏွစ္အရြယ္ရွိတဲ့ Odinga ျဖစ္ပါတယ္။ Kentyatta ဟာ မဲအေရအတြက္ ၅၄.၂၇ ရာခိုင္ႏႈန္းနဲ႕ အႏိုင္ရရွိခဲ့တာ ျဖစ္ျပီး ႏွစ္ဖက္လံုးဟာ အားေကာင္းတဲ့ ေထာက္ခံသူေတြ အသီးသီးရရွိထားတာ ျဖစ္ပါတယ္။

Kentyatta ဟာ အႏုိင္ရသြားေပမယ့္ သူ႕ရဲ႕ မိန္ခြန္းမွာ ” အႏိုင္ရရွိသူနဲ႕ ရံႈးသြားတဲ့သူဆိုတာထက္ က်ေန္ာတို႕ဟာ ဒီႏုိင္ငံသားေတြျဖစ္ျပီး ႏိုင္ငံရဲ႕ တုိးတက္ေရးကို အတူတစ္ကြ ပူးေပါင္းျပီး တိုးတက္ေအာင္ လုပ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္။ ကင္ညာ ဆိုတဲ့ႏုိင္ငံကို က်ေနာ္တို႕ေတြ အားလံုး တူတူပူးေပါင္းျပီး တိုးတက္ေအာင္ လုပ္ေဆာင္ၾကရမယ္ ” ဟု ေျပာခဲ့ပါတယ္။

” က်ေန္ာတို႕ ကင္ညာႏုိင္ငံဟာ တိုးတက္ေအာင္ျမင္တဲ့ ႏုိင္ငံျဖစ္ဖို႕ ပါတီႏွစ္ဖက္လံုးက လူေတြ အပါအ၀င္ က်ေနာ္တို႕ အားလံုးဟာ ႏုိင္ငံကို အျမင့္ေရာက္ေအာင္ အတူတူဆြဲတင္ၾကရမွာ ျဖစ္တယ္ ” လို႕ သမၼတ Kentyatta ေျပာခဲ့ျပီး ကင္ညာႏုိင္ငံဟာ အေရွ႕အာဖရိကရဲ႕ အခ်က္အျခာက်တဲ့ ေနရာတစ္ေနရာလည္း ျဖစ္ပါတယ္။

ကင္ညာႏုိင္ငံဟာ လံုး၀ျငိမ္းခ်မ္းေရးရရွိေသးတဲ့ ႏုိင္ငံမဟုတ္သလို ျပည္တြင္းစစ္အပါအ၀င္ စစ္ပြဲေၾကာင့္လည္း တစ္လအတြင္း လူေပါင္း ေထာင္နဲ႕ခ်ီျပီး ေသဆံုးမႈ အေျမာက္အျမားလဲ ျဖစ္ပြားခဲ့ဖူးပါတယ္။ ကင္ညာႏုိင္ငံဟာ ဘာသာေရးကိစၥနဲ႕ပတ္သတ္ျပီး လူသတ္မႈေတြလည္း ျဖစ္ေပၚသလို အခ်ို႕ကိစၥေတြဟာ ႏိုင္ငံေရးႏွင့္ ဘာသာေရး လွည့္စားမႈ၊ စစ္ပြဲႏွင့္ ရာဇ၀တ္မႈမ်ားကို ဖန္တီးေနတဲ့ သူေတြေၾကာင့္ ကင္ညာဟာ လက္ရွိမွာ အျဖဴေရာင္နယ္ေျမ အျဖစ္ သတ္မွတ္၍ မရေသးပါဘူး။ အခ်ိဳ႕ေနရာေတြမွာ အနည္းငယ္ျငိမ္းခ်မ္းသြားခဲ့ေပမယ့္ အညိဳေရာင္အဆင့္ သတ္မွတ္ခ်က္ နယ္ေျမေတြ အမ်ားၾကီးက်န္ရွိေနပါေသးတယ္။

Unicode: ကင်ညာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် Uhuru Kenyatta မှ ဒုတိယအကြိမ်အဖြစ် သမ္မတနေရာ မဲအနိုင်ရ

uhuru-kenyatta-biography

ကင်ညာနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ Uhuru Kenyatta မှ နောက်တစ်ကြိမ် နိုင်ငံရဲ့ သမ္မတ နေရာကို ဆက်ခံရရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ညာနိုင်ငံရဲ့ သမိုင်းမှာ သမ္မတနေရာကို နှစ်ကြိမ်ဆက်တိုက်ရရှိသူအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

ဒါကြောင့် Uhuru Kentyatta မှ နောက်ထပ် ၅ နှစ်သက်တမ်း သမ္မတရာထူးအဖြစ် နေရာရရှိမည်ဖြစ်ပြီး Uhuru Kentyatta ဟာ အသက် ၅၅ နှစ်အရွယ်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ကတော့ အသက် ၇၂ နှစ်အရွယ်ရှိတဲ့ Odinga ဖြစ်ပါတယ်။ Kentyatta ဟာ မဲအရေအတွက် ၅၄.၂၇ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နှစ်ဖက်လုံးဟာ အားကောင်းတဲ့ ထောက်ခံသူတွေ အသီးသီးရရှိထားတာ ဖြစ်ပါတယ်။

Kentyatta ဟာ အနိုင်ရသွားပေမယ့် သူ့ရဲ့ မိန်ခွန်းမှာ ” အနိုင်ရရှိသူနဲ့ ရှုံးသွားတဲ့သူဆိုတာထက် ကျနေ်ာတို့ဟာ ဒီနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံရဲ့ တိုးတက်ရေးကို အတူတစ်ကွ ပူးပေါင်းပြီး တိုးတက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကင်ညာ ဆိုတဲ့နိုင်ငံကို ကျနော်တို့တွေ အားလုံး တူတူပူးပေါင်းပြီး တိုးတက်အောင် လုပ်ဆောင်ကြရမယ် ” ဟု ပြောခဲ့ပါတယ်။

” ကျနေ်ာတို့ ကင်ညာနိုင်ငံဟာ တိုးတက်အောင်မြင်တဲ့ နိုင်ငံဖြစ်ဖို့ ပါတီနှစ်ဖက်လုံးက လူတွေ အပါအဝင် ကျနော်တို့ အားလုံးဟာ နိုင်ငံကို အမြင့်ရောက်အောင် အတူတူဆွဲတင်ကြရမှာ ဖြစ်တယ် ” လို့ သမ္မတ Kentyatta ပြောခဲ့ပြီး ကင်ညာနိုင်ငံဟာ အရှေ့အာဖရိကရဲ့ အချက်အခြာကျတဲ့ နေရာတစ်နေရာလည်း ဖြစ်ပါတယ်။

ကင်ညာနိုင်ငံဟာ လုံးဝငြိမ်းချမ်းရေးရရှိသေးတဲ့ နိုင်ငံမဟုတ်သလို ပြည်တွင်းစစ်အပါအဝင် စစ်ပွဲကြောင့်လည်း တစ်လအတွင်း လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးမှု အမြောက်အမြားလဲ ဖြစ်ပွားခဲ့ဖူးပါတယ်။ ကင်ညာနိုင်ငံဟာ ဘာသာရေးကိစ္စနဲ့ပတ်သတ်ပြီး လူသတ်မှုတွေလည်း ဖြစ်ပေါ်သလို အချို့ကိစ္စတွေဟာ နိုင်ငံရေးနှင့် ဘာသာရေး လှည့်စားမှု၊ စစ်ပွဲနှင့် ရာဇဝတ်မှုများကို ဖန်တီးနေတဲ့ သူတွေကြောင့် ကင်ညာဟာ လက်ရှိမှာ အဖြူရောင်နယ်မြေ အဖြစ် သတ်မှတ်၍ မရသေးပါဘူး။ အချို့နေရာတွေမှာ အနည်းငယ်ငြိမ်းချမ်းသွားခဲ့ပေမယ့် အညိုရောင်အဆင့် သတ်မှတ်ချက် နယ်မြေတွေ အများကြီးကျန်ရှိနေပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: