Home News ေျမာက္ကိုးရီးယားကို မီးကုန္ယမ္းကုန္တိုက္ခိုက္မည္ဟု ေျပာလိုက္သည့္စကားမွာ မလံုေလာက္ေသးဟု အေမရိကန္ေျပာ

ေျမာက္ကိုးရီးယားကို မီးကုန္ယမ္းကုန္တိုက္ခိုက္မည္ဟု ေျပာလိုက္သည့္စကားမွာ မလံုေလာက္ေသးဟု အေမရိကန္ေျပာ

0

ေျမာက္ကိုးရီးယားကို ႏ်ဴကလီးယားအေရးကိစၥနဲ႕ ပတ္သတ္ျပီး မီးကုန္ယမ္းကုန္ တိုက္ခိုက္မည္လို႕ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေရွ႕ ၄ရက္ခန္႕က ေျပာၾကားခဲ့ျပီး အဆိုပါ ေျပာၾကားခ်က္မွာ စကားနဲ႕ပင္ မလံုေလာက္ေသးေၾကာင္း သမၼတ ထရမ့္က ေျပာဆိုလုိက္သည္။

ေျမာက္ကိုးရီးယားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က “Fire and Fury” ဆိုေသာ ျပင္းထန္သည့္ စကားအသံုးအႏႈန္းျဖင့္ ေျပာဆိုထားျပီး ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းကေတာ့ ၾသဂုတ္လ အလယ္ပိုင္းေလာက္မွာ ဂူအန္းေဒသကို ဒံုးက်ည္ ၄စင္းျဖင့္ ပစ္ခတ္ဖို႕ စီစဥ္ေနေၾကာင္း ႏုိုင္ငံပိုင္သတင္းစာ KCNA ကေန ထုတ္ျပန္ေၾကျငာထားပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ” ေျမာက္ကိုးရီးယားကို မီးကုန္ယမ္းကုန္ တိုက္မယ္လို႕ ေျပာတာ ဒီစကားလံုးေတြနဲ႕ ေတာင္ မလံုေလာက္ေသးဘူး။ ကိုးရီးယားကြ်န္းဆြယ္ကိို အေမရိကန္ ဗံုးၾကဲစစ္ေလယာဥ္ B-1B ေတြက ၀ိုင္းထားျပီးျပီ။ အားလံုးက အဆင္သင့္ျဖစ္ေနျပီ ” ဟု ေျပာခဲ့သည္။

ေျမာက္ကိုးရီးယားသည္ ဂူအန္းကြ်န္းကို တာလတ္ဒံုးက်ည္ျဖစ္ေသာ Hwasong-12 ဒံုးက်ည္ ၄ စင္းျဖင့္ ပစ္ခတ္ဖို႕ ျပင္ဆင္ေနျပီး အဆိုပါ ဒံုးက်ည္ ၄ စင္းမွာ ဂ်ပန္ႏိုင္ငံေပၚမွာ ျဖတ္သန္းျပီး ဂူအန္းသို႕ က်ေရာက္မည္ျဖစ္သည္။ ဒံုးက်ည္ ပ်ံသန္းခ်ိန္မွာ ၁၄မိနစ္ ပ်ံသန္းမည္ျဖစ္ျပီး ပစ္မွတ္ေပၚသို႕  ၁၇.၇၅ မိနစ္တြင္ က်ေရာက္မည္ ျဖစ္သည္။ ထုိ႕ေၾကာင့္ ဂူအန္း ရွိ အေမရိကန္စစ္တပ္မ်ားအတြက္ အခ်ိန္ ၁၈ မိနစ္နီးပါးခန္႕ ျပင္ဆင္ခ်ိန္ရမည္ ျဖစ္သည္။

လက္ရွိတြင္ THAAD စနစ္မ်ားကို ေတာင္ကိုးရီးယား၊ ဂ်ပန္ႏွင့္ ဂူအန္းတို႕တြင္ ျပင္ဆင္ထားျပီး ေျမာက္ကိုးရီးယားတို႕၏ ဒံုးက်ည္စနစ္မ်ားကို ျပန္လည္ဖ်က္စီးႏုိင္မည္ ျဖစ္ေၾကာင္း သိရွိရသည္။

Unicode: မြောက်ကိုးရီးယားကို မီးကုန်ယမ်းကုန်တိုက်ခိုက်မည်ဟု ပြောလိုက်သည့်စကားမှာ မလုံလောက်သေးဟု အမေရိကန်ပြော

trump

မြောက်ကိုးရီးယားကို နျူကလီးယားအရေးကိစ္စနဲ့ ပတ်သတ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်မည်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှေ့ ၄ရက်ခန့်က ပြောကြားခဲ့ပြီး အဆိုပါ ပြောကြားချက်မှာ စကားနဲ့ပင် မလုံလောက်သေးကြောင်း သမ္မတ ထရမ့်က ပြောဆိုလိုက်သည်။

မြောက်ကိုးရီးယားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “Fire and Fury” ဆိုသော ပြင်းထန်သည့် စကားအသုံးအနှုန်းဖြင့် ပြောဆိုထားပြီး မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ သြဂုတ်လ အလယ်ပိုင်းလောက်မှာ ဂူအန်းဒေသကို ဒုံးကျည် ၄စင်းဖြင့် ပစ်ခတ်ဖို့ စီစဉ်နေကြောင်း နိုင်ငံပိုင်သတင်းစာ KCNA ကနေ ထုတ်ပြန်ကြေငြာထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ” မြောက်ကိုးရီးယားကို မီးကုန်ယမ်းကုန် တိုက်မယ်လို့ ပြောတာ ဒီစကားလုံးတွေနဲ့ တောင် မလုံလောက်သေးဘူး။ ကိုးရီးယားကျွန်းဆွယ်ကို အမေရိကန် ဗုံးကြဲစစ်လေယာဉ် B-1B တွေက ဝိုင်းထားပြီးပြီ။ အားလုံးက အဆင်သင့်ဖြစ်နေပြီ ” ဟု ပြောခဲ့သည်။

မြောက်ကိုးရီးယားသည် ဂူအန်းကျွန်းကို တာလတ်ဒုံးကျည်ဖြစ်သော Hwasong-12 ဒုံးကျည် ၄ စင်းဖြင့် ပစ်ခတ်ဖို့ ပြင်ဆင်နေပြီး အဆိုပါ ဒုံးကျည် ၄ စင်းမှာ ဂျပန်နိုင်ငံပေါ်မှာ ဖြတ်သန်းပြီး ဂူအန်းသို့ ကျရောက်မည်ဖြစ်သည်။ ဒုံးကျည် ပျံသန်းချိန်မှာ ၁၄မိနစ် ပျံသန်းမည်ဖြစ်ပြီး ပစ်မှတ်ပေါ်သို့ ၁၇.၇၅ မိနစ်တွင် ကျရောက်မည် ဖြစ်သည်။ ထို့ကြောင့် ဂူအန်း ရှိ အမေရိကန်စစ်တပ်များအတွက် အချိန် ၁၈ မိနစ်နီးပါးခန့် ပြင်ဆင်ချိန်ရမည် ဖြစ်သည်။

လက်ရှိတွင် THAAD စနစ်များကို တောင်ကိုးရီးယား၊ ဂျပန်နှင့် ဂူအန်းတို့တွင် ပြင်ဆင်ထားပြီး မြောက်ကိုးရီးယားတို့၏ ဒုံးကျည်စနစ်များကို ပြန်လည်ဖျက်စီးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: