Home Lifestyle Health အအိပ်လွန်ခြင်းကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများ


0

 










Unicode :အအိပ်လွန်ခြင်းကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများ

over-sleep

အိပ်စက်အနားယူခြင်းဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံအိပ်စက်ခြင်းကိုတော့ ရှောင်ကြဉ်ပါ။

တစ်နေ့မှာ လူတစ်ယောက်ဟာ ပုံမှန် (၇)နာရီမှ(၉)နာရီကြားအိပ်စက်သင့်ပါတယ်။ အအိပ်လွန်ခြင်းဟာ သက်တမ်းတိုခြင်းကို ဖြစ်စေပါတယ်။

အအိပ်လွန်ပါက ဖြစ်နိုင်သော လက္ခဏာများမှာ အမြဲ အိပ်ချင်နေခြင်းပင်ဖြစ်ပြီး ဒါဟာ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးပါပဲ

အိပ်စက်ရာမှ ရှုသွင်းတဲ့လေကို အလုံအလောက်မရတဲ့အခါတွေရှိနိုင်ပါတယ်။ ဒါကြောင့် သန်းခေါင်ယံလန့်နိုးခြင်း၊ အိပ်ရေးမဝခြင်းတို့ကို ဖြစ်စေပါတယ်။

သွေးတိုး ဆီးချို အစရှိတဲ့ ရောဂါတွေလည်း အဖြစ်များစေပါတယ်။

အအိပ်လွန်ခြင်းဟာ အဝလွန်ခြင်းကို ဖြစ်စေမယ့် အစပါပဲ။ အစာစားပြီး တန်းအိပ်ခြင်းများဟာ အဝလွန်ခြင်းများကိုဖြစ်စေပါတယ်။

ခေါင်းကိုက်ခြင်းမှာလဲ ပုံမှန်ထက်ပိုပြီး အိပ်စက်တဲ့အခါမှာဖြစ်နိုင်ပါတယ်။ နေ့အချိန်မှာ အိပ်စက်ပြီး ညအချိန် အိပ်ရေးပျက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အိပ်စက်ပုံမမှန်ကန်သောကြောင့် ခါးနားတတ်သော်လည်း အိပ်စက်ချိန်ကြာသည့်အခါမျိုးတွင်လည်း ဖြစ်နိုင်ပါသည်။

အအိပ်လွန်တဲ့လူတွေမှာ နှလုံးရောဂါပိုဖြစ်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: