Home How To မိန်းကလေးတွေ လက်တွဲဖော်ဆီက လိုချင်တာ???

မိန်းကလေးတွေ လက်တွဲဖော်ဆီက လိုချင်တာ???

0

 

အသားဖြူဖြူ ချောချော ဗလတောင့်ရုံဖြင့် မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ရနိုင်မှာတဲ့လား။ မဖြစ်နိုင်ပါဘူး။ ရုပ်ချောတာထက် ပိုပြီး ထည့်သွင်းစဉ်းစားတဲအချက်တွေရှိနေပါသေးတယ်။ ဒီအချက်တွေအားလုံး သင့်ဆီမှာရှိရမယ်မဆိုလိုပါဘူး။ ဒါပေမယ့် သင့်ကို သူ့နှလုံးသားရအောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ကဲ ဘယ်အချက်တွေလည်း ကြည့်ရအောင်။

ဟာသဥာဏ်ရွင်သူ

ဟာသဥာဏ်ရွင်ခြင်းကို မိန်းကလေးများ အရမ်းကိုနှစ်သက်ပါတယ်။ သူတို့ရဲ့ စိတ်တွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီလို ဟာသဥာဏ်ရွင်တာက သမီးရည်းစားနှစ်ဦးကြားမှာရှိတဲ့ သံယောဇဉ်ကိုလည်းတိုးစေပြီး ဘဝကို အတူလျှောက်လှမ်းရာမှာ ပျော်ရွင်စွာ လျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

ရည်မှန်းချက်ကြီးခြင်း

အခုချိန်မှာ ဘာဖြစ်ရမယ်ကို မစဉ်းစားဘဲ နောက်အရေးအတွက် ရည်မှန်းချက်ကြီးကြီးထားတဲ့လူတွေကို သဘောကျတတ်ပါတယ်။ အနာဂတ်ကို ကြိုစဉ်းစားပြီး စဉ်းစားမှုများပြုလုပ်ထားသူကိုသာ လက်တွဲဖော်အဖြစ်ထည့်သွင်းစဉ်းစားကြပါတယ်။

ဆက်ဆံရေးကောင်းမွန်ခြင်း

သင့်အနေဖြင့် အထင်လွဲမှုများမရှိစေရန် သင့်ရဲ့ စကားပြောစွမ်းရည်နှင့် ဆက်ဆံရေးစွမ်းရည်တို့မှာ တိုးတက်လာအောင် နေရပါတယ်။ သင့်ကောင်မလေးပြောတာကို သေချာနားထောင်ပြီး ပြန်လည်နားဝင်အောင် ဖြေရှင်းခြင်းတို့ပြုလုပ်ရပါမည်။ အော်ဆဲပြောဆိုခြင်းဟာ မပြုလုပ်သင့်တဲ့ အရာပင်ဖြစ်သည်။

သင့်ကိုယ်သင့်ဂရုစိုက်ခြင်း

ရင့်ကျက်ပြီး သူတို့ကို ထိန်းချုပ်နိုင်မယ့်လူကိုသာ မိန်းကလေးတွေ အလိုရှိကြပါတယ်။ ကိုယ်ဘာသာကိုယ် အိမ်မှုကိစ္စတွေကိုလုပ်တတ်သောအမျိုးသားတွေကို ပိုစိတ်ဝင်စားမှုများနိုင်ပါတယ်။ ကိုယ်ကိုယ်ကို ဆေးစစ်ခြင်း၊ အစီတကျ ပြုလုပ်တတ်တဲ့ လူတွေကိုသာ နှစ်သက်ကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဝေမျှပါ။

သင့်အနေဖြင့် ကိုယ်ပိုင် အလုပ်၊ လူမှုဆက်ဆံရေး၊ နှစ်သက်သည့်အရာများရှိကြမှာပါ။ သို့သော် သင့်မှာလက်တွဲဖော်ရှိလာရင် သင့် တစ်ယောက်ထဲမဟုတ်တော့ပါ။ သူနှင့်အတူ သင့်ဘဝနှင့် သူ့ဘဝမှ အရာတွေကို ခွဲဝေခံစားရမှာပဲဖြစ်ပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ သွားမတွေ့ချင်တာမျိုး၊ တွေကို ရှောင်ရှားသင့်ပါတယ်။ သင်ကြိုက်တဲ့အရာတွေကို လိုက်လျှောပေးပြီး သူ့ကြိုက်တဲ့အရာတွေအတွက်လည်း ခွင့်ပြုပေးရပါမယ်။

အချုပ်အားဖြင့်ဆိုသော် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရင်အဆင်ပြေပါတယ်။ ပျိုတိုင်းကြိုက်ဘရပ်ပစ်လို ရုပ်ရည်မျိုးရရန် ပလစ်စတစ်ဆာဂျူရီလူပ်မည့်အစား သင့်ရဲ့ အကျင့်တွေကို ပြင်ဆင်ပါ။ ဟာသဥာဏ်ရွင်အောင်နေပါ။ အမျိုးသမီးများ တကယ်လိုချင်တဲ့အချက်တွေကို ကိုယ်မှာရှိလာအောင် လုပ်ဆောင်ကြည့်ပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: