Home News အမေရိကန်နှင့် မြောက်ကိုးရီးယားတို့၏ စစ်ရေးအားပြိုင်မှုကြောင့် အာရှနိုင်ငံတွေကိုပါ သက်ရောက်မှု ရှိနိုင်


0




Unicode : အမေရိကန်နှင့် မြောက်ကိုးရီးယားတို့၏ စစ်ရေးအားပြိုင်မှုကြောင့် အာရှနိုင်ငံတွေကိုပါ သက်ရောက်မှု ရှိနိုင်

trump vs kim

အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေးအားပြိုင်မှုဟာ မြင့်သထက်မြင့်လာပြီး လက်ရှိမှာ မြောက်ကိုးရီးယားမှ ဂူအန်းဒေသကို သြဂုတ်လ အလယ်လောက်မှ စတင်ပစ်ခတ်တိုက်ခိုက်မယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။ အကယ်၍သာ တိုက်ပွဲဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ မြောက်ကိုးရီးယားနိုင်ငံ ၂ နိုင်ငံထဲနဲ့ ဒီပြဿနာ မပြီးဆုံးပါဘူး။ အခြားသော နိုင်ငံတွေအပေါ်မှာ စီးပွားရေးနဲ့ စစ်ရေးအရပါ သက်ရောက်မှု ရှိလာမှာ ဖြစ်ပြီး အဓိက သက်ရောက်မှု ရှိစေမှာ အာရှနိုင်ငံတွေဘဲ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ကို နျူကလီးယားဗုံးလက်နက်နဲ့ အပြီးသတ်ခဲ့ပြီး ဂျပန်နိုင်ငံ ကို ပထမဆုံး နျူကလီးယားလက်နက်နဲ့ ပစ်ချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလို မြောက်ကိုးရီးယားရဲ့ စစ်ရေးတင်းမာမှုကိုလည်း နျူကလီးယားနဲ့ဖြေရှင်းမှာဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြပြီး အမေရိကန်ရဲ့ ၇၂ နှစ်အတွင်း ဒုတိယအကြိမ် နျူကလီးယားလက်နက်အသုံးပြုမှုလည်း ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် သြဂုတ်လ အလယ်မှာ ဂူအန်းဒေသကို တိုက်ခိုက်ဖို့ မြောက်ကိုးရီးယားက ပြန်လည်ရုတ်သိမ်းခဲ့မယ်ဆိုရင်တော့ စစ်ရေးတင်းမာမှုက အနည်းငယ်လျော့သွားမှာ ဖြစ်ပါတယ်။ မြောက်ကိုးရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးတင်းမာမှုကို ဂျပန်၊ တောင်ကိုးရီးယားနဲ့ တရုတ်နိုင်ငံတို့အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိစေမှာ ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံငယ်ပေါင်းများစွာကိုလည်း သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: