Home News မြောက်ကိုးရီးယားမှ အမေရိကန်အား သြဂုတ်လ အလယ်တွင် စတင်တိုက်ခိုက်မည်ဟု ကြေငြာ
0
Unicode: မြောက်ကိုးရီးယားမှ အမေရိကန်အား သြဂုတ်လ အလယ်တွင် စတင်တိုက်ခိုက်မည်ဟု ကြေငြာ
kim warn guam
မြောက်ကိုးရီးယားဟာ အမေရိကန်ကို သြဂုတ်လ အလယ်ပိုင်းမှာ စတင်တိုက်ခိုက်ဖို့ စီမံကိန်းရေးဆွဲနေပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ KCNA ကနေ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ အားပြိုင်မှုဟာ ပိုမိုပြင်းထန်လာပြီး ကမ္ဘာ့စစ်ကြီးအသွင်ပြောင်းဖို့ နှစ်ဖက်လုံးက တာစူနေကြပါတယ်။
မြောက်ကိုးရီးယားအနေနဲ့ ဒုံးကျည်ကို ပစ်လွှတ်တိုက်ခိုက်မယ်ဆိုရင် အမေရိကန်ရဲ့ ဒုံးခွင်းစနစ်များမှ အလိုအလောျက် တုံ့ပြန်ဖျက်စီးပစ်မှာ ဖြစ်ပြီး အမေရိကန်အနေနဲ့ မီးကုန်ယမ်းကုန် ပြန်လည်တိုက်ခိုက်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်မှ ပြင်းထန်စွာ သတိပေးထားပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဂျိန်းစ် မတ်တစ် က မြောက်ကိုးရီးယားသာ မဆင်မခြင်လုပ်ရင် မြောက်ကိုးရီးယား ပြည်သူတွေပါ အသက်ဆုံးရှုံးရလိမ့်မယ်လို့ သတိပေးထားပါတယ်။
လက်ရှိမှာလဲ ကိုးရီးယားကျွန်းဆွယ်ကို အမေရိကန် လေတပ်များမှ အချိန်ြုပည့်စောင့်ကြည့်နေပြီး မြောက်ကိုးရီးယားသာ ပစ်ခတ်မှုစတင်တာနဲ့ ပြုံယမ်းမြို့ကို စက္ကန့်ပိုင်းအတွင်း ပြာချပစ်ဖို့ အမေရိကန်က အမိန့်ပေးထားပါတယ်။
မြောက်ကိုးရီးယားအနေနဲ့ ဒုံးကျည် ၄ စင်းကိုဂူအန်းသို့ စတင်ပစ်လွှတ်မှာ ဖြစ်ပြီး ဒီစီမံကိန်းဟာ သြဂုတ်လ အလယ်ပိုင်းလောက်မှာ ဖြစ်လိမ့်မယ်လို့ နိုင်ငံပိုင် သတင်းစာမှာ တရားဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဒုံးကျည် ၄ စင်းဟာ ဂျပန်နိုင်ငံအပေါ်ကနေ ဖြတ်သန်းပြီး ဂူအန်းဒေသသို့ ကျရောက်မယ်လို့ မြောက်ကိုးရီးယားက ထုတ်ပြန်ထားပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: