Home News မြောက်ကိုးရီးယားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြင်းထန်စွာ သတိပေး


0





Unicode : မြောက်ကိုးရီးယားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြင်းထန်စွာ သတိပေး

trump warns nk

မြောက်ကိုးရီးယား၏ နျူကလီးယားလက်နက်စမ်းသပ်မှု ကိစ္စနဲ့ပတ်သတ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းထန်စွာသတိပေးလိုက်ပါတယ်။ မြောက်ကိုးရီးယားကနေ အမေရိကန်ကို ဘယ်နည်းနဲ့မှ ထိပ်တိုက်ရင်ဆိုင်ဖို့ မလုပ်ရန် ပြင်းထန်စွာ သတိပေးလိုက်ပြီး အမေရိကန်အနေနဲ့ တစ်ကမ္ဘာလုံးမှာ ဘယ်သူမှ မတွေ့ဖူးသေးတဲ့ လက်နက်နဲ့ ပြန်လည် တိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မြောက်ကိုးရီးယားရဲ့ အကောင်းဆုံးဆိုတဲ့ လက်နက်တွေ ကအမေရိကန်ကို မြူမှုန်လောက်တောင် ထိခိုက်အောင် မလုပ်နိုင်မှာဘူး။ အမေရိကန်နိုင်ငံကသာလျှင် အပြင်းထန်ဆုံးလက်နက်တွေနဲ့ မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်မှာပါ ဟု သမ္မတ ထရမ့်က ပြောဆိုလိုက်သည်။

ဒီရက်ပိုင်းမှာ မြောက်ကိုးရီးယားနဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှုပိုမိုပြင်းထန်လာပြီး မြောက်ကိုးရီးယားမှလည်း အမေရိကန်ကို နျူကလီးယားလက်နက်နဲ့ အချိန်မရွေးပစ်လွှတ်နိုင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းစာကနေ တရားဝင်ကြေငြာထားပါတယ်။

လက်ရှိမှ မြောက်ကိုးရီးယားနိုင်ငံမှာ နျူကလီးယားလက်နက်ပေါင်း ၁၃ ခုကနေ ၃၀ ကျော်ထိ ရှိမယ်လို့ ခန့်မှန်းထားကြပြီး ICBM ဒုံးကျည်တွေမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်၍ ပစ်ခတ်နိုင်ပြီဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းမှာတော့ တုံ့ပြန်မယ့် လက်နက်တွေ တပ်ဆင်ထားပြီး ပြီးခဲ့တဲ့ အပတ်က ဂျပန်ရေနက်ဆိပ်ကမ်းထဲကို ပစ်ခတ်စမ်းသပ်လိုက်တဲ့ မြောက်ကိုးရီးယားရဲ့ ဒုံးကျည်ကို လမ်းတစ်ဝက်မှာတင် အမေရိကန်ရဲ့ ဒုံးခွင်းစနစ်တွေက ပစ်ချလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: