Home News အရြယ္အစားၾကီးမားတဲ့ မိေခ်ာင္းကို ဖမ္းဆီးျပီး National Geographic မွာျပသခဲ့တာေၾကာင့္ တိရစၦာန္ခ်စ္သူမ်ား၏ ေ၀ဖန္မႈကိုခံရ

အရြယ္အစားၾကီးမားတဲ့ မိေခ်ာင္းကို ဖမ္းဆီးျပီး National Geographic မွာျပသခဲ့တာေၾကာင့္ တိရစၦာန္ခ်စ္သူမ်ား၏ ေ၀ဖန္မႈကိုခံရ

0

ၾသစေတးလ်မွ ၀ရန္ဂလာ ဆိုသူ က သူ႔ကိုယ္လံုးထက္ အရြယ္အစားအားျဖင့္ ၁၀ ဆ ႀကီးတဲ့ မိေက်ာင္း တစ္ေကာင္ဖမ္းမိထားတာကို သူ႔ ရဲ႕ Facebook စာမ်က္ႏွာမွာတင္ထားပါတယ္။

မိေက်ာင္းေတြဟာပံုမွန္အားျဖင့္ အရြယ္အစားႀကီးၿပီးသားပါ။ ဒါေပမယ့္ ဒီလူႀကီး ဖမ္းမိတဲ့ မိေက်ာင္းက ပံုမွန္ထက္ အရြယ္အစားေတာ္ေတာ္ႀကီးပါတယ္။ သူက ဒီတြားသြားသတၱ၀ါ မိေက်ာင္း ဖမ္းမိထားတဲ့ပံုကို ၿပီးခဲ့တဲ့စေနေန႔က သူ႔ ရဲ႕ Facebook မွာတင္ခဲ့တာပါ။ သူက ဒီသတၱ၀ါ ဟာ ကၽြန္ေတာ့ထက္ ၁၀ ဆပိုႀကီးတယ္လို႔ ေဖာ္ျပထားပါတယ္။

ဓါတ္ပံုေတြက လူေတြရဲ႕ အျမင္အာရံုကို လွည့္စားတတ္ၿပီး သူတင္ထားတဲ့ ပံုက သူေျပာတဲ့အတိုင္း မွန္ႏိုင္ဖြယ္ရွိပါတယ္။ ဒါေပမယ့္လည္း သူဒီလိုတင္ထားတာကို မႀကိဳက္တဲ့သူေတြလည္း ရွိပါတယ္။ သူ တင္ထားတဲ့ ပိုစ့္မွာ ကြန္႔မန္႔ ေရးထားတာက မိေက်ာင္းရဲ႕ ပါးစပ္ကို ပိုက္လံုးတိပ္လို႔ ယူဆရတဲ့ တိပ္နဲ႔ ပါးစပ္တစ္ခုလံုးကို ပိတ္ထားတာဟာ လက္ခံႏိုင္စရာမရွိပါဘူးလို႔ ေရးထားပါတယ္။

ေနာက္ကြန္႕မန္႔ တစ္ခုမွာ ေရးထားတာက “ဒီသနားစရာေကာင္းတဲ့ သတၱ၀ါကို လႊတ္လိုက္ပါ။ သင္ကဘာျဖစ္လို႔ သူ႔ ကိုဖမ္းတာလဲ” ဆိုၿပီးေရးထားပါတယ္။

Wright က National Geographic မွာျပသခဲ့ၿပီး ဒီကေန႔ အဂါၤေန႔မွာ သူ႔ ရဲ႕ Facebook ကြန္႔မန္႔ မွာ ဒီကိစၥနဲ႔ ပတ္သက္ၿပီး စိတ္ေအးေအးထားၾကပါလို႔ ျပန္လည္ေျပာၾကားထားပါတယ္။

“ဒီမိေက်ာင္းကို ေနရာျပန္လည္ခ်ထားေပးဖို႔ လုပ္ေနတဲ့အခ်ိန္မွာ မိေက်ာင္းရဲ႕ စိတ္ အေျခအေနကို တည္ၿငိမ္ေနေစဖို႔ ဂုန္ေလွ်ာ္နဲ႔ ရက္ထားတဲ့ အထည္ၾကမ္း နဲ႔ တိပ္ကို သူ႔မ်က္စိကို ပိတ္ထားဖုိ႔ လုိအပ္ပါတယ္။ ဒီလိုလုပ္ထားရတာက သူ႔ရဲ႕ အာရံုခံနိုင္စြမ္းဂလင္းကို ထိန္းခ်ဳပ္ထားဖို႔အတြက္ ျဖစ္ၿပီး သူ႔ခႏၶာကိုယ္မွာ ရန္လိုတတ္တဲ့ လက္တစ္အက္စစ္ ဖြဲ႔စည္းေနတာကို အနည္းဆံုးအေနထားေရာက္ဖို႔အတြက္ ဒီလိုလုပ္ထားရတာျဖစ္ၿပီး မိေက်ာင္း ကို စိတ္တည္ၿငိမ္ေနေစပါတယ္လို႔” ျပန္လည္ေျဖရွင္းထားပါတယ္။

“ဒီမိေက်ာင္း အသက္ဆက္ရွင္ေနေစဖို႔ နဲ႔ ေဘးကင္းေစဖို႔ က ဦးစားေပးအစီအစဥ္နဲ႔လုပ္ေဆာင္ေနၿပီး သူ႔ ကိုအႏၱရာယ္က ေန လိုအပ္တဲ့ ကာကြယ္မႈေတြလည္း လုပ္ေပးထားလို႔ ဒီလိုလွပ ၿပီးခ်စ္စရာေကာင္းတဲ့ တိရစၦာန္ ကို အႏၱရာယ္က ေနနဲ႔ သူ႔ကို ဖ်က္လိုဖ်က္ဆီး လုပ္မယ့္ရန္ကေန ကာကြယ္ ေပးထားပါတယ္လို႔” လည္းေျပာထားပါတယ္။

သူတို႔ ဟာ ခ်စ္စရာေကာင္းခ်င္ေကာင္း ေနေပမယ့္ သူ႔တို႔ အနားမွာ ေနတဲ့ မည္သည့္ သူမဆို ရန္ျပဳဖို႔လည္း ၀န္မေလးတဲ့ သတၱ၀ါတစ္မ်ိဳးျဖစ္ပါတယ္။

Source : Mashable

Unicode: အရွယ်အစားကြီးမားတဲ့ မိချောင်းကို ဖမ်းဆီးပြီး National Geographic မှာပြသခဲ့တာကြောင့် တိရစ္ဆာန်ချစ်သူများ၏ ဝေဖန်မှုကိုခံရ

သြစတေးလျမှ ဝရန်ဂလာ ဆိုသူ က သူ့ကိုယ်လုံးထက် အရွယ်အစားအားဖြင့် ၁၀ ဆ ကြီးတဲ့ မိကျောင်း တစ်ကောင်ဖမ်းမိထားတာကို သူ့ ရဲ့ Facebook စာမျက်နှာမှာတင်ထားပါတယ်။

မိကျောင်းတွေဟာပုံမှန်အားဖြင့် အရွယ်အစားကြီးပြီးသားပါ။ ဒါပေမယ့် ဒီလူကြီး ဖမ်းမိတဲ့ မိကျောင်းက ပုံမှန်ထက် အရွယ်အစားတော်တော်ကြီးပါတယ်။ သူက ဒီတွားသွားသတ္တဝါ မိကျောင်း ဖမ်းမိထားတဲ့ပုံကို ပြီးခဲ့တဲ့စနေနေ့က သူ့ ရဲ့ Facebook မှာတင်ခဲ့တာပါ။ သူက ဒီသတ္တဝါ ဟာ ကျွန်တော့ထက် ၁၀ ဆပိုကြီးတယ်လို့ ဖော်ပြထားပါတယ်။

ဓါတ်ပုံတွေက လူတွေရဲ့ အမြင်အာရုံကို လှည့်စားတတ်ပြီး သူတင်ထားတဲ့ ပုံက သူပြောတဲ့အတိုင်း မှန်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း သူဒီလိုတင်ထားတာကို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ သူ တင်ထားတဲ့ ပိုစ့်မှာ ကွန့်မန့် ရေးထားတာက မိကျောင်းရဲ့ ပါးစပ်ကို ပိုက်လုံးတိပ်လို့ ယူဆရတဲ့ တိပ်နဲ့ ပါးစပ်တစ်ခုလုံးကို ပိတ်ထားတာဟာ လက်ခံနိုင်စရာမရှိပါဘူးလို့ ရေးထားပါတယ်။

နောက်ကွန့်မန့် တစ်ခုမှာ ရေးထားတာက “ဒီသနားစရာကောင်းတဲ့ သတ္တဝါကို လွှတ်လိုက်ပါ။ သင်ကဘာဖြစ်လို့ သူ့ ကိုဖမ်းတာလဲ” ဆိုပြီးရေးထားပါတယ်။

Wright က National Geographic မှာပြသခဲ့ပြီး ဒီကနေ့ အဂါၤနေ့မှာ သူ့ ရဲ့ Facebook ကွန့်မန့် မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်အေးအေးထားကြပါလို့ ပြန်လည်ပြောကြားထားပါတယ်။

“ဒီမိကျောင်းကို နေရာပြန်လည်ချထားပေးဖို့ လုပ်နေတဲ့အချိန်မှာ မိကျောင်းရဲ့ စိတ် အခြေအနေကို တည်ငြိမ်နေစေဖို့ ဂုန်လျှော်နဲ့ ရက်ထားတဲ့ အထည်ကြမ်း နဲ့ တိပ်ကို သူ့မျက်စိကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ထားရတာက သူ့ရဲ့ အာရုံခံနိုင်စွမ်းဂလင်းကို ထိန်းချုပ်ထားဖို့အတွက် ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ရန်လိုတတ်တဲ့ လက်တစ်အက်စစ် ဖွဲ့စည်းနေတာကို အနည်းဆုံးအနေထားရောက်ဖို့အတွက် ဒီလိုလုပ်ထားရတာဖြစ်ပြီး မိကျောင်း ကို စိတ်တည်ငြိမ်နေစေပါတယ်လို့” ပြန်လည်ဖြေရှင်းထားပါတယ်။

“ဒီမိကျောင်း အသက်ဆက်ရှင်နေစေဖို့ နဲ့ ဘေးကင်းစေဖို့ က ဦးစားပေးအစီအစဉ်နဲ့လုပ်ဆောင်နေပြီး သူ့ ကိုအန္တရာယ်က နေ လိုအပ်တဲ့ ကာကွယ်မှုတွေလည်း လုပ်ပေးထားလို့ ဒီလိုလှပ ပြီးချစ်စရာကောင်းတဲ့ တိရစ္ဆာန် ကို အန္တရာယ်က နေနဲ့ သူ့ကို ဖျက်လိုဖျက်ဆီး လုပ်မယ့်ရန်ကနေ ကာကွယ် ပေးထားပါတယ်လို့” လည်းပြောထားပါတယ်။

သူတို့ ဟာ ချစ်စရာကောင်းချင်ကောင်း နေပေမယ့် သူ့တို့ အနားမှာ နေတဲ့ မည်သည့် သူမဆို ရန်ပြုဖို့လည်း ဝန်မလေးတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။

Source : Mashable

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: