Home Tech Mobile News Huawei ဟာ ၂၀၂၁ မွာ ကမၻာေပၚမွာ အႀကီးမားဆံုး စမက္ဖုန္းထုတ္လုပ္သူအျဖစ္ ေရာက္ရွိဖို႔အတြက္ ရည္ရြယ္ထား

Huawei ဟာ ၂၀၂၁ မွာ ကမၻာေပၚမွာ အႀကီးမားဆံုး စမက္ဖုန္းထုတ္လုပ္သူအျဖစ္ ေရာက္ရွိဖို႔အတြက္ ရည္ရြယ္ထား

0

တရုတ္ႏုိင္ငံရဲ႕ စမက္ဖုန္းထုတ္လုပ္ေရာင္းခ်သူျဖစ္ေသာ Huawei ဟာ ၂၀၂၁ မွာ ကမၻာေပၚမွာ အႀကီးမားဆံုး စမက္ဖုန္းထုတ္လုပ္သူအျဖစ္ ေရာက္ရွိဖို႔အတြက္ ရည္ရြယ္ထားတယ္လုိ႔ဆုိပါတယ္။ လက္ရွိမွာေတာ့ Huawei အေပၚမွာရွိတဲ့ Apple နဲ႔ Samsung ကို ျဖတ္ေက်ာ္ဖုိ႔အတြက္ ႀကိဳးစားေနသလို အနာဂတ္ေစ်းကြက္ေဝစုေတြကို လည္း ရယူႏုိင္ဖုိ႔ ရည္ရြယ္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

Huawei ရဲ႕ ၿပီးခဲ့တဲ့ ဒုတိယသံုးလပတ္အတြင္းမွာ စမက္ဖုန္းအလံုးေရ ၃၈.၄ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ႏုိင္ခဲ့ၿပီး အဆိုပါ အေရအတြက္က လြန္ခဲ့ေသာ ၂၀၁၆ ခုႏွစ္ရဲ႕ ဒုတိယသံုးလပတ္ထက္ ၂၀ ရာခုိင္ႏႈန္းအထိ တိုးတက္ လာခဲ့တာျဖစ္ပါတယ္။ ႏိႈင္းယွဥ္ရရင္ေတာ့ တူညီတဲ့ အခ်ိန္မွာပဲ Apple ကေတာ့ ၄၁ သန္းေက်ာ္ေရာင္းခ်ခဲ့ ရၿပီး ၂၀၁၆ အဲဒီအခ်ိန္တုန္းက အလံုးေရ ၄၀.၄ သန္းေက်ာ္ေရာင္းခ်ခဲ့ရလုိ႔ ယခုႏွစ္ ဒုတိယသံုးလပတ္မွာ ၂ ရာခုိင္ႏႈန္းသာ တုိးတက္လာခဲ့ပါတယ္။

Huawei အေနျဖင့္ တစ္ကမာၻလံုးဆုိင္ရာ ေစ်းကြက္ေဝစုမွာေတာ့ ၂၀၁၆ ခုႏွစ္ ဒုတိယသံုးလပတ္မွ ၁၀.၇ ရာခိုင္ႏႈန္းသာ ရွိရာမွာ ယခုနွစ္ ဒုတိယသံုးလပတ္မွာေတာ့ ၁၁.၄ ရာခုိင္ႏႈန္းအထိ တိုးတက္လာခဲ့ၿပီး Apple ႏွင့္ သိပ္မကြာေတာ့တဲ့ အေျခအေနကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ Samsung ကေတာ့ ၂၂.၁ ရာခုိင္ႏႈန္းျဖင့္ ထိပ္ဆံုးကေန ဦးေဆာင္ေနဆဲျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္မွစတင္ကာ စမက္ဖုန္းထုတ္ကုန္ေရာင္းခ်မႈမ်ားတြင္ Samsung ႏွင့္ Apple တို႔သာ ႀကီးစိုးေနခဲ့ၾက ပါတယ္။ တတိယေနရာကိုေတာ့ တစ္ႏွစ္ၿပီးတစ္ႏွစ္ Nokia, Blackberry, Xiaomi ႏွင့္ Huawei တို႔က တစ္ေယာက္တစ္လွည့္ျဖင့္ ၆ ႏွစ္လံုးလံုး ရယူေနခဲ့ၾကပါတယ္။

၂၀၁၄ ခုႏွစ္ကို ေရာက္ခ်ိန္မွာေတာ့ တရုတ္ႏုိင္ငံရဲ႕ စမက္ဖုန္းထုတ္လုပ္သူ အသစ္ျဖစ္ေသာ Xiaomi ကေနၿပီး ကမၻာ့စမက္ဖုန္းထုတ္လုပ္ေရာင္းခ်မႈရဲ႕ တတိယေနရာ အထိကို ေရာက္ရွိလာခဲ့ပါတယ္။ ဒါေပမယ္႔ လက္လီ အေရာင္းဆုိင္အကန္႔အသတ္ရွိမႈ၊ လူႀကိဳက္မ်ားမႈ သိပ္မရွိျခင္းတို႔ေၾကာင့္ အဆိုပါေနရာကို Huawei က ျပန္လည္ ရယူႏုိင္ခဲ့ပါတယ္။

Huawei ဟာ မ်ားစြာေသာ ဥေရာပေစ်းကြက္ကို စမက္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ဖို႔ တြန္းအားေပးေနခဲ့ၿပီး ေနာက္ထပ္ ေစ်းကြက္သစ္တစ္ခုအျဖစ္ ကေနဒါေစ်းကြက္မွာပင္ စမက္ဖုန္းေတြကို ဇူလုိင္လက စတင္မိတ္ဆက္ ေနၿပီျဖစ္ပါတယ္။ Huawei အေနျဖင့္ အေမရိကေစ်းကြက္မွာေတာ့ Verizon, AT&T, T-Mobile ႏွင့္ Sprint တို႔ႏွင့္ သေဘာတူညီမႈေတြ မရႏုိင္တာေၾကာင့္ လူသိမမ်ားလွေပ။

Apple အေနျဖင့္ကေတာ့ ၿပီးခဲ့တဲ့ ဒုတိယသံုးလပတ္မွာ စမက္ဖုန္းေရာင္းခ်မႈမွ ေဒၚလာ ၈ ဘီလီယံသာ ရရွိခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္ ဒုတိယသံုးလပတ္ထက္ ၁၀ ရာခုိင္ႏႈန္းေက်ာ္ ေရာင္းအား က်ဆင္းသြားခဲ့ပါတယ္။ အခ်ိဳ႕ေလ့လာမႈ စစ္တမ္းမ်ားအရေတာ့ iPhone ဟာ တရုတ္ႏုိင္ငံမွာ လူႀကိဳက္မ်ားမႈဟာ တစ္ျဖည္းျဖည္းနဲ႔ ေလ်ာ့က်လာေနၿပီ လုိ႔ ဆုိပါတယ္။
Apple ရဲ႕ တရုတ္စမက္ဖုန္းေစ်းကြက္မွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၆ လပတ္လံုးမွာ ၉ ရာခုိင္ႏႈန္းသာ ေဝစုရွိခဲ့ၿပီး လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက ၁၄ ရာခုိင္ႏႈန္းအထိ ရွိေနခဲ့ပါတယ္။ ေကာင္တာပြိဳင့္သုေတသနစစ္တမ္းအရ iPhone ဟာ ဒုတိယသံုးလပတ္ အတြင္းမွာ တရုတ္ႏုိင္ငံရဲ႕ ေရာင္းအားအေကာင္းဆံုး အဆင့္ ၅ မွာပဲ ရွိခဲ့ တယ္လုိ႔ ဆုိပါတယ္။ သူ႔ေနာက္မွာေတာ့ Oppo ႏွင့္ Xiaomi တုိ႔ ရပ္တည္ေနပါတယ္။

ေနာက္ဆံုးအေနနဲ႔ကေတာ့ Apple ႏွင့္ Huawei တုိ႔ဟာ ေနာက္ထြက္လာမယ္႔ flagship စမက္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ၿပီး ေစ်းကြက္ေဝစုကို တိုးတက္လာေရာင္ လုပ္ေဆာင္ဖုိ႔အတြက္ ႀကိဳးပမ္းေနၾကပါတယ္။ အထူးသျဖင့္ Huawei အေနျဖင့္ Mate 10 ကုိ ထုတ္လုပ္ဖို႔ ရွိေနၿပီး Apple ကေတာ့ iPhone 8 လို႔ေခၚႏုိင္တဲ့ ဖုန္းကို ထုတ္လုပ္ဖုိ႔ ရွိေနပါတယ္။

မိုးဆက္(STM)

UNICODE FONT:

Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထား

တရုတ်နိုင်ငံရဲ့ စမက်ဖုန်းထုတ်လုပ်ရောင်းချသူဖြစ်သော Huawei ဟာ ၂၀၂၁ မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စမက်ဖုန်းထုတ်လုပ်သူအဖြစ် ရောက်ရှိဖို့အတွက် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ Huawei အပေါ်မှာရှိတဲ့ Apple နဲ့ Samsung ကို ဖြတ်ကျော်ဖို့အတွက် ကြိုးစားနေသလို အနာဂတ်ဈေးကွက်ဝေစုတွေကို လည်း ရယူနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Huawei ရဲ့ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်းမှာ စမက်ဖုန်းအလုံးရေ ၃၈.၄ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ပြီး အဆိုပါ အရေအတွက်က လွန်ခဲ့သော ၂၀၁၆ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်ထက် ၂၀ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင်တော့ တူညီတဲ့ အချိန်မှာပဲ Apple ကတော့ ၄၁ သန်းကျော်ရောင်းချခဲ့ ရပြီး ၂၀၁၆ အဲဒီအချိန်တုန်းက အလုံးရေ ၄၀.၄ သန်းကျော်ရောင်းချခဲ့ရလို့ ယခုနှစ် ဒုတိယသုံးလပတ်မှာ ၂ ရာခိုင်နှုန်းသာ တိုးတက်လာခဲ့ပါတယ်။

Huawei အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဝေစုမှာတော့ ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်မှ ၁၀.၇ ရာခိုင်နှုန်းသာ ရှိရာမှာ ယခုနှစ် ဒုတိယသုံးလပတ်မှာတော့ ၁၁.၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး Apple နှင့် သိပ်မကွာတော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Samsung ကတော့ ၂၂.၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးကနေ ဦးဆောင်နေဆဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှစတင်ကာ စမက်ဖုန်းထုတ်ကုန်ရောင်းချမှုများတွင် Samsung နှင့် Apple တို့သာ ကြီးစိုးနေခဲ့ကြ ပါတယ်။ တတိယနေရာကိုတော့ တစ်နှစ်ပြီးတစ်နှစ် Nokia, Blackberry, Xiaomi နှင့် Huawei တို့က တစ်ယောက်တစ်လှည့်ဖြင့် ၆ နှစ်လုံးလုံး ရယူနေခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်ကို ရောက်ချိန်မှာတော့ တရုတ်နိုင်ငံရဲ့ စမက်ဖုန်းထုတ်လုပ်သူ အသစ်ဖြစ်သော Xiaomi ကနေပြီး ကမ္ဘာ့စမက်ဖုန်းထုတ်လုပ်ရောင်းချမှုရဲ့ တတိယနေရာ အထိကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် လက်လီ အရောင်းဆိုင်အကန့်အသတ်ရှိမှု၊ လူကြိုက်များမှု သိပ်မရှိခြင်းတို့ကြောင့် အဆိုပါနေရာကို Huawei က ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

Huawei ဟာ များစွာသော ဥရောပဈေးကွက်ကို စမက်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ တွန်းအားပေးနေခဲ့ပြီး နောက်ထပ် ဈေးကွက်သစ်တစ်ခုအဖြစ် ကနေဒါဈေးကွက်မှာပင် စမက်ဖုန်းတွေကို ဇူလိုင်လက စတင်မိတ်ဆက် နေပြီဖြစ်ပါတယ်။ Huawei အနေဖြင့် အမေရိကဈေးကွက်မှာတော့ Verizon, AT&T, T-Mobile နှင့် Sprint တို့နှင့် သဘောတူညီမှုတွေ မရနိုင်တာကြောင့် လူသိမများလှပေ။

Apple အနေဖြင့်ကတော့ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်မှာ စမက်ဖုန်းရောင်းချမှုမှ ဒေါ်လာ ၈ ဘီလီယံသာ ရရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ် ဒုတိယသုံးလပတ်ထက် ၁၀ ရာခိုင်နှုန်းကျော် ရောင်းအား ကျဆင်းသွားခဲ့ပါတယ်။ အချို့လေ့လာမှု စစ်တမ်းများအရတော့ iPhone ဟာ တရုတ်နိုင်ငံမှာ လူကြိုက်များမှုဟာ တစ်ဖြည်းဖြည်းနဲ့ လျော့ကျလာနေပြီ လို့ ဆိုပါတယ်။
Apple ရဲ့ တရုတ်စမက်ဖုန်းဈေးကွက်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ၆ လပတ်လုံးမှာ ၉ ရာခိုင်နှုန်းသာ ဝေစုရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ၁၄ ရာခိုင်နှုန်းအထိ ရှိနေခဲ့ပါတယ်။ ကောင်တာပွိုင့်သုတေသနစစ်တမ်းအရ iPhone ဟာ ဒုတိယသုံးလပတ် အတွင်းမှာ တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး အဆင့် ၅ မှာပဲ ရှိခဲ့ တယ်လို့ ဆိုပါတယ်။ သူ့နောက်မှာတော့ Oppo နှင့် Xiaomi တို့ ရပ်တည်နေပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Apple နှင့် Huawei တို့ဟာ နောက်ထွက်လာမယ့် flagship စမက်ဖုန်းတွေကို ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ဝေစုကို တိုးတက်လာရောင် လုပ်ဆောင်ဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ အထူးသဖြင့် Huawei အနေဖြင့် Mate 10 ကို ထုတ်လုပ်ဖို့ ရှိနေပြီး Apple ကတော့ iPhone 8 လို့ခေါ်နိုင်တဲ့ ဖုန်းကို ထုတ်လုပ်ဖို့ ရှိနေပါတယ်။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: