Home News ဂျပန်နိုင်ငံက သုတသနလုပ်တီထွင်ဖန်တီးလိုက်တဲ့ အရည်မပျော်မယ့် ရေခဲမုန့်
0
Source: Mashable
Unicode : ဂျပန်နိုင်ငံက သုတသနလုပ်တီထွင်ဖန်တီးလိုက်တဲ့ အရည်မပျော်မယ့် ရေခဲမုန့်
icecream
လာမယ့် နွေ ရာသီမှာ ကျွန်တော်တို့ အား လုံး လိုအပ်နေတဲ့ အရာက ဘာများဖြစ်မလဲ။ အရည်မပျော် နိုင်တဲ့ ရေခဲမုန့် ပဲ ဖြစ်ပါတယ်။
ဒီ ရေခဲချောင်းတွေက လာမယ့် နွေ ရာသီ ရဲ့ အပူချိန် ကို အံတု နိုင်တော့မှာဖြစ်ပါတယ်။ ဂျပန် နိုင်ငံမှာ ရှိတဲ့ အနုဇီ ၀ ဖွံ့ ဖြိုး ရေး စင်တာ က သုသေတန တစ်ခုမှာ ကျွန်တော်တို့ သိပြီး သားဖြစ်တဲ့ ဘဝကို သိသိသာသာ ပြောင်းလဲစေမယ့် အရာကို ဖန်းတီး လိုက်နိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ အရည်မပျော်နိုင်တော့ တဲ့ ရေခဲမုန့် ပဲ ဖြစ်ပါတယ်။
ဒီလိုတီထွင် တာက ဒီရည်ရွယ်ချက် တစ်ခုတည်းနဲ့ မဟုတ်ပါဘူး။ ကန်နဇ၀ ကသုတေသန စင်တာ တစ်ခုက ရေခဲမုန့် ရဲ့ အပေါ်မှာ ထည့်ဖို့ အတွက် အလုပ်လုပ်တဲ့ စာဖိုမှုး တွေ ကို အဲ့ ဒီ သရေစာထဲမှာ စတော်ဘယ်ရီက နေ ထုတ် ယူထားတဲ့ အရည်ကနေ ဖြစ်တဲ့ ပိုလီဖီ်လ် နော ကို ထည့် ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲ့အချိန်မှာ စာဖိုမှုးတွေက စောဒက တက်ကြပါတယ်။ သူတို့က သုတေသီ တွေ ညွှန်ကြားတဲ့ အတိုင်း စတော်ဘယ် ရီ ပိုလီဖီလ်နော ကို ပေါင်း ထည့်လိုက်တဲ့အခါမှာ ခရင် တွေက မာခဲခဲ ကြီးဖြစ်သွားပါတယ် လို့ ဆိုကြပါတယ်။ အဲ့လို ဖြစ်ပြီး သွားတဲ့အချိန်မှာ ပဲ သုတေသနစင်တာ က သူတို့မှာ ရွှေတုံး ရွှေ ခဲကြီး ကိုပိုင်ဆိုင်ရတော့ မယ် လို့ သဘော ပေါက် သွားကြပါတယ်။
“ပိုလီဖီလ်နော မှာ ရေ နဲ့ အဆီ တွေက ဒီအရာ ကို ခွဲထုတ်သွားအောင် လုပ်ဖို့ အတော်လေး ခက်ပါတယ်။ ဒါကြောင့် ဒီ အရည်ကို သုံးထားတဲ့ ဘယ်ရေခဲချောင်း၊ ရေခဲမုန့်မဆို သူ့ရဲ့ နဂိုမူလပုံစံ အတိုင်း ပုံမပျက် ပန်းမပျက် ပဲ အချိန် အတော်ကြာတဲ့ အထိ အရည်မပျော် အောင်ထိန်းထားပေးနိုင်ပါတယ်။” လို့ ရေခဲချောင်းတွေကို အရည်အသွေးကောင်းအောင် လုပ်တဲ့ ကန်နဇ၀ ဆေးတက္ကသိုလ်က ပါမောက္ခ တစ်ယောက်ဖြစ်တဲ့ တိုမီဟီစ အုတ်တ က အရှဟီ ရှင်းဘန်း ကို ပြောပါတယ်။
ဂျပန် က သတင်းထောက်တစ်ယောက် က နေအပူချိန် ၂၈ ံ ရှိတဲ့ ရာသီ ဥတု မှာ ရေခဲချောင်း ကို ကိုင် ရင်းလမ်းလျှောက်သွားတာ ငါးမိနစ်ကျော်ကြာတဲ့အထိ ရေခဲမုန့် က သူ့ နဂိုမူလ ပုံအတိုင်းရှိနေတဲ့ အပြင် အအေးဓါတ်က လည်း ပုံမှန်အတိုင်း ရှိနေပါတယ်။
SoraNews ရဲ့ သတင်း တစ်ပုဒ်မှာ ပြောထားတာက ရေခဲမုန့် ဟာ အပြင်မှာ သုံးနာ ရီကျော်ကြာအောင် ထားထားတာတောင် သူ့ ရဲ့ ပုံ သဏ္ဍာန် ကပျက်မသွားဘူးလို့ ဆိုပါတယ်။
သုတေသန စင်တာက နေပြီးတော့ ဒီလို အရည်ပျော်မသွား တဲ့ ရေခဲမုန့် တွေကို ထုတ်လုပ်သွားဖို့ ရှိနေပြီး တစ်နိုင်ငံလုံး မှာ ရှိတဲ့ ရေခဲမုန့် ရောင်းတဲ့ဆိုင်တွေ ဆီကို ရောင်းချသွားမှာ ဖြစ်ပါတယ်။
Source: Mashable
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: