Home Entertainment Celebrity CL နဲ့ သီချင်းတွဲဆိုချင်တယ်လို့ ဝန်ခံလိုက်တဲ့ Lorde


0



Unicode : CL နဲ့ သီချင်းတွဲဆိုချင်တယ်လို့ ဝန်ခံလိုက်တဲ့ Lorde

နာမည်ကျော် အနောက်တိုင်း အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ Lorde က 2NE1 အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ တောင်ကိုရီးယားအဆိုတော် CL နဲ့ တွဲဖက်ပြီး တေးသီချင်းတွေ ပူးပေါင်းဖန်တီးသွားချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

Boom Clap အဆိုတော် Lorde ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို လာရောက်ခဲ့ပြီး Jisan Valley Rock Music & Arts Festival ဖျော်ဖြေပွဲကို တတ်ရောက်တင်ဆက်ပေးသွားတာဖြစ်ပါတယ်။ အဆိုပါပွဲအတွင်း အင်တာဗျူးတစ်ခုမှာတော့ Lorde က သူမကို သူမရဲ့အထက်တန်းကျောင်းမှ သူငယ်ချင်းတစ်ဦးက ကိုရီးယားရဲ့နာမည်ကျော် တေးဂီတအဖွဲ့များဖြစ်တဲ့ 2NE1 ၊ Girls’ Generation အဖွဲ့များနဲ့ မိတ်ဆက်ပေးသွားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Kpop ဂီတလောကနဲ့ပတ်သက်ပြီး Lorde က ” တောင်ကိုရီးယားနိုင်ငံမှာ ထူးခြားဆန်းပြားတဲ့ အနုပညာရှင်တွေ အများကြီးရှိနေတယ်လို့ ကျွန်မထင်ပါတယ်။ ဒီထဲမှာ ကျွန်မအနှစ်သက်ဆုံးကတော့ 2NE1 အဖွဲ့ဝင်ဟောင်း CL ပါပဲ။ ကျွန်မ သူနဲ့ သီချင်းတွေကို ပေါင်းစပ်ဖန်တီးလိုပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Lorde က ဆိုးလ်မြို့ကို အရမ်းသဘောကျမိကြောင်းနဲ့ နေချင်စဖွယ်ကောင်းတဲ့ မြို့တော်တစ်မြို့ဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: