Home How To လုပ်ငန်းခွင်မှာ လစာတိုးလာအောင် ဒီလိုလုပ်မယ်

လုပ်ငန်းခွင်မှာ လစာတိုးလာအောင် ဒီလိုလုပ်မယ်

0
လုပ်ငန်းခွင်မှာ လစာတိုးလာအောင် ဒီလိုလုပ်မယ်

လစာများများတိုးဖို့ကလည်း ဝင်ငွေအတွက် ရေရှည်များ လိုအပ်တဲ့ အဓိကအချက်ပါပဲ။ ကဲ ဒါဆို ဘယ်လို လစာများများတိုးအောင်လုပ်ဆောင်မလဲ။

သင့်လုပ်နေတဲ့ အလုပ်ရဲ့ ရည်မှန်းချက်ကို ပြည့်မှီအောင်လုပ်ပါ။

ဘယ်လိုနေရာမှာ သင်ဟာရောက်ရှိနေသလဲ။ သင်အလုပ်နေရာမှာ လိုအပ်ချက်တွေကို တန်းစီချရေးပြီး ပြည့်မှီအောင် ဆောင်ရွက်ကြည့်ပါ။ လိုအပ်ပါက သင့်အထက်လူကြီးအကူအညီရယူပြီး သင်ဘယ်နေရာတွေမှာ ပိုကောင်းအောင် လုပ်ရမလဲဆိုတာမျိုးကို မေးမြန်းပါ။

ဘယ်လောက်ရာခိုင်နှုန်း တိုးတောင်းသလဲကို ကြိုတင်တွက်ချက်ထားခြင်း

သင် အလုပ်တွေကို ကြိုးစားလုပ်ပြီးပြီဆိုရင် ထိုအတွက် ကောင်းတဲ့ ရလဒ်တွေကို သင့်အလုပ်ရှင်(သို့) အထက်လူကြီးကို ပြပေးနိုင်ရမည်။ ထို့နောက် ထိုရလဒ်အတွက် ကိုက်ညီသည့် လစာကို တောင်းရမည်။ မဖြစ်နိုင်သော ပမာဏများမတောင်းသင့်ပါ။

ညှိနှိုင်းခြင်း

အလုပ်ရှင်(သို့) အထက်လူကြီးမှ သင်တောင်းဆိုသလောက်ကို ပေးရမည်ဟု တွက်မထားပါနှင့်။ ညှိနှိုင်းပြီး နောက်လာမည့် နှစ်များတွင် ဘယ်လိုပိုကောင်းအောင် လုပ်သွားမလဲ စတဲ့အစီအစဉ်တွေကိုပါ ထည့်သွင်းပြောကြားပါ။

အလုပ်ရှင်နှင့် ဆက်ဆံရေးကောင်းအောင် ပြုလုပ်ထားပါ။

သို့မှသာ ညှိနှိုင်းရာတွင် အဆင်ပြေမည်ဖြစ်သည်။ သင့်အနေဖြင့်လည်း ယခုတွင်သာမက အနာဂတ်တွင်ပါ ပိုမိုရလဒ်ကောင်းများ တင်ပြနိုင်ရန်အတွက် အစီအစဉ်ဆွဲ ပြောကြားထားရမည်။

ဒီအချက်တွေဟာ အကြံပြုချက်တွေသာ ဖြစ်ပြီး သင့်အနေဖြင့်လည်း ဒီလို လစာများများတိုးဖူးတဲ့ အတွေ့အကြုံတွေရှိရင် ပြန်လည်ဝေမျှပေးပါအုံးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: