Home News ယီမင္ ႏုိင္ငံတြင္ ကာလ၀မ္းေရာဂါကို ကေလးငယ္ေပါင္း ၁သန္းခန္႕ခံစားေနရ

ယီမင္ ႏုိင္ငံတြင္ ကာလ၀မ္းေရာဂါကို ကေလးငယ္ေပါင္း ၁သန္းခန္႕ခံစားေနရ

0

ယီမင္ ရွိ သန္းနဲ႔ ခ်ီ တဲ့ ကေလးငယ္ေတြဟာ ေသဆံုးႏိုင္ေျခ ရွိတဲ့ ကာလ၀မ္းေရာဂါျဖစ္ပြား မႈ ေတြခံစားေနရတယ္လို႔ Save the Children အဖြဲ႔ ကေျပာပါတယ္။ လူသားခ်င္းကူ ညီေပးေရးအဖြဲ႔က ခရိုင္ေတြက က ေကာက္ထားတဲ့ စိစစ္ခ်က္္ ရဲ႕ ထုတ္ျပန္ခ်က္အရ အဆိုပါ ေနရာမွာ ေနထိုင္ၾကတဲ့ တစ္သန္း ေက်ာ္ေက်ာ္ ေလာက္ ရွိတဲ့ငါးႏွစ္ေအာက္ ကေလး ေတြ ဟာ ဆိုရင္ ေရာဂါကူးစက္ႏႈန္းပိုမ်ား တယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ၂ႏွစ္ေက်ာ္က က ေဆာ္ဒီ ဦးေဆာင္တဲ့ ညြန္႔ ေပါင္း အဖြဲ႔ အစည္း နဲ႔ ဟုိသီ သူပုန္ေတြ ၾကားမွာျဖစ္ခဲ့တဲ့ ပဋိပကၡ ေၾကာင့္ သန္းေပါင္းမ်ားစြာေသာ လူေတြ ငတ္မြတ္ ေဘး နဲ႔ ႀကံဳေတြ႔ ေနရတာျဖစ္ပါတယ္။

အဆိုပါ ပဋိပကၡ ေၾကာင့္ အစာေရစာ ျပတ္လပ္မႈ နဲ႔ ေျမေနရာ ဖယ္ရွားခံ ရမႈ ေတြ က်ယ္ျပန္႔ လာပါတယ္။ အာဟာရခ်ိဳ႕ တဲ့ မႈ ေၾကာင့္ ကေလးေတြ ရဲ႕ ကိုယ္ခံအားစနစ္ အားနည္းလာၿပီး ၀မ္းေလွ်ာ ေရာဂါျဖစ္ပြား လာရင္ေတာ့ အဆိုပါ ကေလးငယ္ေတြ ဟာေသဆံုးႏုိင္ေျခ သံုးဆေလာက္ ရွိနိုင္ပါတယ္။

yemen-water

ကာလ ၀မ္းေရာဂါနဲ႔ ဆင္တူတဲ့ ၀မ္းပ်က္ ၀မ္းေလွ်ာလို ေရာဂါမ်ိဳးဟာ အာဟာရခ်ိဳ႕ တဲ့မႈ ေၾကာင့္ ျဖစ္ပြားရတာျဖစ္ၿပီး ေရာဂါေပ်ာက္ကင္းသြား ရင္ေတာင္ ငတ္မြတ္ တဲ့ ဒဏ္က သူတို႔ ကို ေျခာက္လန္႔ ေနဆဲ ျဖစ္ပါတယ္။

ကာလ၀မ္းေရာ ဂါျဖစ္ပြားမႈ ေၾကာင့္ မၾကာေသးမီ က အဆိုး၀ါးဆံုးျဖစ္သြားတာက ယီမင္ ကၿမိဳ႕တစ္ၿမိဳ႕ ျဖစ္တဲ့ Hodefidah ၊Al Hali ခရိုင္ မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ ေဒသ ဟာ ကာလ၀မ္းေရာ ဂါ ျဖစ္ပြားမႈ အမ်ားဆံုးေနရာလို႔ ယူဆၾကပါတယ္။ အာဟာရခ်ိဳ႕ တဲ့မႈ နဲ႔ ပတ္သက္ တဲ့ လူသားခ်င္း စာနာ တဲ့ အဖြဲ႔ မွာ တက္ေရာက္ခဲ့ တဲ့ ကေလးအေမတစ္ေယာက္ျဖစ္တဲ့ Lamia က ဒီေရာဂါေၾကာင့္ သူ႔ ကေလးႏွစ္ေယာက္ကို ဆံုးရႈံး လိုက္ရပါၿပီ လို႔ေျပာပါတယ္။ သူမ ရဲ႕ က်န္တဲ ့၁၀ႏွစ္သား ကေလးတစ္ေယာက္ျဖစ္တဲ့ Arwa က လက္ရွိအခ်ိန္မွာ အာဟာရခ်ိဳ႕တဲ့ တဲ့ေရာဂါကို ျပင္းျပင္း ထန္ထန္ ခံစားေနရပါတယ္။

“Awra ကအရင္အေျခ အေန ထက္ေတာ့ နည္းနည္း ပိုေကာင္းလာပါၿပီ။ အရင္တုန္းက ဆိုရင္ ဒီ ထက္ပို ပိန္ေနၿပီး သူ႔ လက္ေတြ ဟာဆိုရင္လည္း လႈပ္လို႔ မရခဲ့ပါဘူး။ ဒါေပမယ့္ သူမ ကကံေကာင္းပါတယ္။ သူမ အသက္ ႏွႏွစ္ နဲ႔ ႏွလ အရြယ္မွာ သူ႔ အထက္က တစ္ေယာက္ေသသြားပါတယ္။ အဲ့အခိ်န္တုန္းက လည္း သူမမွာ အရမ္း ကို ဆိုးရြားတဲ့ ၀မ္းေလွ်ာေရာဂါ ျဖစ္ေနခဲ့တာပါ။” လို႔ သူမရဲ႕ အေမ ကေျပာပါတယ္။

ကမၻာ႔ က်န္းမာေရး အဖြဲ႔ အစည္း ရဲ႕ ေျပာၾကားခ်က္အရ ဧၿပီ လကတည္း က ယီမင္မွာ ရွိတဲ့ သူေတြဟာ ကာလ၀မ္းေရာ ဂါခံစား ေနရတယ္လို႔ ယူဆရတဲ့ အစီရင္ခံစာ ေပါင္း ၄၂,၅၀၀ ေက်ာ္ေလာက္ရွိပါတယ္။ အဲ့အခ်ိန္ထဲမွာ ၁,၉၀၀ ေက်ာ္ေလာက္ ရွိတဲ့ လူေတြက ေရာဂါေၾကာင့္ ေသဆံုး ကုန္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ “စစ္ပြဲၿပီးသြားလို႔ ႏွႏွစ္ေက်ာ္ၾကာတဲ့အခါမွာ ကေလးေတြဟာ ဆာေလာင္မြတ္သိပ္မႈ နဲ႔ ေရာဂါဘယ ေတြက ေန ရုန္းမထြက္ နိုင္ျဖစ္ခဲ့ ရပါတယ္။ ဒါကလံုး ၀ကို လက္ခံႏိုင္စရာမရွိတဲ့အေနအထားပါ”လို႔ ယီမင္ရဲ႕ Save the Children ဥကၠထ Tamer Kirolos က ေျပာပါတယ္။

“အာဟာရခ်ိဳ႕ တဲ့တာနဲ႔ ကာလ၀မ္းေရာဂါ ဟာ က်န္းမာ ေရးေစာင့္ ေရွာက္မႈ သာရွိရင္ အလြယ္တကူ ကုသေပ်ာက္ ကင္းႏိုင္ေပမယ့္ ဒီကိစၥ ကိုေျဖရွင္းဖို႔ အတြက္ ကံဆိုးမိုးေမွာင္ က်တဲ့ အေနအထားမွာျဖစ္ေနတယ္လို႔” သူကထပ္ေလာင္းေျပာၾကားပါတယ္။

“ ေဆးရုံနဲ႔ ေဆးခန္းေတြ ဖ်က္ဆီး ခံလိုက္ရၿပီး အစိုးရ ေဆး၀န္ထမ္းေတြဟာ လစာမရတာ ႏွစ္နဲ႔ ခ်ီ ေနပါၿပီ။ ေနာက္ၿပီး လိုအပ္တဲ့ ေဆးပစၥည္း အေထာက္အပံ့ ေတြလည္း ထိုေနရာကို ေရာက္လာဖို႔ ၾကားမွာ အဟန္႔အတားေတြက ရွိေနျပန္ပါတယ္။”

စစ္ပြဲ စတင္တဲ့ မွ မတ္လ အထိ ၁,၀၀၀ ေက်ာ္ ေလာက္ရွိတဲ့သူေတြ အသတ္ခံလိုက္ရၿပီး သန္းနဲ႔ ခ်ီတဲ့ လူေတြ ေနရာကေန ဖယ္ရွားခံလိုက္ရပါတယ္။

ဒီႏွစ္ ရဲ႕ ေမလမွာ ခန္႔မွန္းေျခအားျဖင့္ ၁၇ သန္း ေသာျပည္သူေတြဟာ အစာေရစာငတ္ မြတ္ေဘးက ေနရင္ဆိုင္ ရလု နီးပါးျဖစ္ခဲ့ပါတယ္။

Source: Sky News

Unicode : ယီမင် နိုင်ငံတွင် ကာလဝမ်းရောဂါကို ကလေးငယ်ပေါင်း ၁သန်းခန့်ခံစားနေရ

ယီမင် ရှိ သန်းနဲ့ ချီ တဲ့ ကလေးငယ်တွေဟာ သေဆုံးနိုင်ခြေ ရှိတဲ့ ကာလဝမ်းရောဂါဖြစ်ပွား မှု တွေခံစားနေရတယ်လို့ Save the Children အဖွဲ့ ကပြောပါတယ်။ လူသားချင်းကူ ညီပေးရေးအဖွဲ့က ခရိုင်တွေက က ကောက်ထားတဲ့ စိစစ်ချက် ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ နေရာမှာ နေထိုင်ကြတဲ့ တစ်သန်း ကျော်ကျော် လောက် ရှိတဲ့ငါးနှစ်အောက် ကလေး တွေ ဟာ ဆိုရင် ရောဂါကူးစက်နှုန်းပိုများ တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကျော်က က ဆော်ဒီ ဦးဆောင်တဲ့ ညွန့် ပေါင်း အဖွဲ့ အစည်း နဲ့ ဟိုသီ သူပုန်တွေ ကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခ ကြောင့် သန်းပေါင်းများစွာသော လူတွေ ငတ်မွတ် ဘေး နဲ့ ကြုံတွေ့ နေရတာဖြစ်ပါတယ်။

yemen-water

အဆိုပါ ပဋိပက္ခ ကြောင့် အစာရေစာ ပြတ်လပ်မှု နဲ့ မြေနေရာ ဖယ်ရှားခံ ရမှု တွေ ကျယ်ပြန့် လာပါတယ်။ အာဟာရချို့ တဲ့ မှု ကြောင့် ကလေးတွေ ရဲ့ ကိုယ်ခံအားစနစ် အားနည်းလာပြီး ဝမ်းလျှော ရောဂါဖြစ်ပွား လာရင်တော့ အဆိုပါ ကလေးငယ်တွေ ဟာသေဆုံးနိုင်ခြေ သုံးဆလောက် ရှိနိုင်ပါတယ်။

ကာလ ဝမ်းရောဂါနဲ့ ဆင်တူတဲ့ ဝမ်းပျက် ဝမ်းလျှောလို ရောဂါမျိုးဟာ အာဟာရချို့ တဲ့မှု ကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ရောဂါပျောက်ကင်းသွား ရင်တောင် ငတ်မွတ် တဲ့ ဒဏ်က သူတို့ ကို ခြောက်လန့် နေဆဲ ဖြစ်ပါတယ်။

ကာလဝမ်းရော ဂါဖြစ်ပွားမှု ကြောင့် မကြာသေးမီ က အဆိုးဝါးဆုံးဖြစ်သွားတာက ယီမင် ကမြို့တစ်မြို့ ဖြစ်တဲ့ Hodefidah ၊Al Hali ခရိုင် မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ဒေသ ဟာ ကာလဝမ်းရော ဂါ ဖြစ်ပွားမှု အများဆုံးနေရာလို့ ယူဆကြပါတယ်။ အာဟာရချို့ တဲ့မှု နဲ့ ပတ်သက် တဲ့ လူသားချင်း စာနာ တဲ့ အဖွဲ့ မှာ တက်ရောက်ခဲ့ တဲ့ ကလေးအမေတစ်ယောက်ဖြစ်တဲ့ Lamia က ဒီရောဂါကြောင့် သူ့ ကလေးနှစ်ယောက်ကို ဆုံးရှုံး လိုက်ရပါပြီ လို့ပြောပါတယ်။ သူမ ရဲ့ ကျန်တဲ့၁၀နှစ်သား ကလေးတစ်ယောက်ဖြစ်တဲ့ Arwa က လက်ရှိအချိန်မှာ အာဟာရချို့တဲ့ တဲ့ရောဂါကို ပြင်းပြင်း ထန်ထန် ခံစားနေရပါတယ်။

“Awra ကအရင်အခြေ အနေ ထက်တော့ နည်းနည်း ပိုကောင်းလာပါပြီ။ အရင်တုန်းက ဆိုရင် ဒီ ထက်ပို ပိန်နေပြီး သူ့ လက်တွေ ဟာဆိုရင်လည်း လှုပ်လို့ မရခဲ့ပါဘူး။ ဒါပေမယ့် သူမ ကကံကောင်းပါတယ်။ သူမ အသက် နှနှစ် နဲ့ နှလ အရွယ်မှာ သူ့ အထက်က တစ်ယောက်သေသွားပါတယ်။ အဲ့အချိန်တုန်းက လည်း သူမမှာ အရမ်း ကို ဆိုးရွားတဲ့ ဝမ်းလျှောရောဂါ ဖြစ်နေခဲ့တာပါ။” လို့ သူမရဲ့ အမေ ကပြောပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အစည်း ရဲ့ ပြောကြားချက်အရ ဧပြီ လကတည်း က ယီမင်မှာ ရှိတဲ့ သူတွေဟာ ကာလဝမ်းရော ဂါခံစား နေရတယ်လို့ ယူဆရတဲ့ အစီရင်ခံစာ ပေါင်း ၄၂,၅၀၀ ကျော်လောက်ရှိပါတယ်။ အဲ့အချိန်ထဲမှာ ၁,၉၀၀ ကျော်လောက် ရှိတဲ့ လူတွေက ရောဂါကြောင့် သေဆုံး ကုန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ “စစ်ပွဲပြီးသွားလို့ နှနှစ်ကျော်ကြာတဲ့အခါမှာ ကလေးတွေဟာ ဆာလောင်မွတ်သိပ်မှု နဲ့ ရောဂါဘယ တွေက နေ ရုန်းမထွက် နိုင်ဖြစ်ခဲ့ ရပါတယ်။ ဒါကလုံး ဝကို လက်ခံနိုင်စရာမရှိတဲ့အနေအထားပါ”လို့ ယီမင်ရဲ့ Save the Children ဥက္ကထ Tamer Kirolos က ပြောပါတယ်။

“အာဟာရချို့ တဲ့တာနဲ့ ကာလဝမ်းရောဂါ ဟာ ကျန်းမာ ရေးစောင့် ရှောက်မှု သာရှိရင် အလွယ်တကူ ကုသပျောက် ကင်းနိုင်ပေမယ့် ဒီကိစ္စ ကိုဖြေရှင်းဖို့ အတွက် ကံဆိုးမိုးမှောင် ကျတဲ့ အနေအထားမှာဖြစ်နေတယ်လို့” သူကထပ်လောင်းပြောကြားပါတယ်။

“ ဆေးရုံနဲ့ ဆေးခန်းတွေ ဖျက်ဆီး ခံလိုက်ရပြီး အစိုးရ ဆေးဝန်ထမ်းတွေဟာ လစာမရတာ နှစ်နဲ့ ချီ နေပါပြီ။ နောက်ပြီး လိုအပ်တဲ့ ဆေးပစ္စည်း အထောက်အပံ့ တွေလည်း ထိုနေရာကို ရောက်လာဖို့ ကြားမှာ အဟန့်အတားတွေက ရှိနေပြန်ပါတယ်။”

စစ်ပွဲ စတင်တဲ့ မှ မတ်လ အထိ ၁,၀၀၀ ကျော် လောက်ရှိတဲ့သူတွေ အသတ်ခံလိုက်ရပြီး သန်းနဲ့ ချီတဲ့ လူတွေ နေရာကနေ ဖယ်ရှားခံလိုက်ရပါတယ်။

ဒီနှစ် ရဲ့ မေလမှာ ခန့်မှန်းခြေအားဖြင့် ၁၇ သန်း သောပြည်သူတွေဟာ အစာရေစာငတ် မွတ်ဘေးက နေရင်ဆိုင် ရလု နီးပါးဖြစ်ခဲ့ပါတယ်။

Source: Sky News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: