Home Entertainment Celebrity ေနာက္လထဲမွာ မဂၤလာေဆာင္ၾကေတာ့မယ့္ Song Jae Hee နဲ႔ Ji So Yeon တုိ႔စုံတြဲ

ေနာက္လထဲမွာ မဂၤလာေဆာင္ၾကေတာ့မယ့္ Song Jae Hee နဲ႔ Ji So Yeon တုိ႔စုံတြဲ

0

ကုိရီးယား မင္းသား မင္းသမီးမ်ားျဖစ္ၾကတဲ႔ Song Jae Hee And Ji So Yeon တုိ႔ ခ်စ္သူစုံတြဲဟာ လာမယ့္ စက္တင္ဘာလထဲမွာ မဂၤလာေဆာင္သြားၾကေတာ့မွာျဖစ္တယ္လုိ႔ မင္းသား Song Jae Hee ရဲ႕ လူမႈကြန္ယက္ေပၚကေန ထုတ္ျပန္ေၾကညာသြားခဲ႔ပါတယ္။

ဒီသတင္းကုိ မင္းသား Song Jae Hee က သူရဲ႕အင္စတာဂရမ္ေပၚကေန ေၾကညာသြားခဲ႔တာပဲျဖစ္ပါတယ္။ “ ကြ်န္ေတာ္ Song Jae Hee နဲ႔ Ji So Yeon တုိ႔ႏွစ္ဦးက လာမယ့္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ ၇ရက္ေန႔ ထိမ္ျမားလက္ထပ္ၾကေတာ့မွာျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ရဲ႕မဂၤလာပြဲကုိ ႏွစ္ဖက္မိသားစု အသုိင္းအဝုိင္း အနည္းအက်ဥ္းေလာက္နဲ႔ပဲ က်င္းပသြားမွာပါ။ ကြ်န္ေတာ္တုိ႔အေပၚ အကူအညီေတြ အၿမဲေပးခဲ႔တဲ႔ သူငယ္ခ်င္းေတြ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ မဖိတ္ႏုိင္ခဲ႔တာအတြက္ေတာ့ အႏူးအညႊတ္ ေတာင္းပန္ပါတယ္။

မဂၤလာေဆာင္ၿပီးမွပဲ ကြ်န္ေတာ္တုိ႔ႏွစ္ဦးလုံး အားလုံးစီ လာလည္ခဲ႔ပါမယ္။ ကြ်န္ေတာ္နဲ႔ Ji So Yeon တုိ႔ တြဲတာသိပ္မၾကာေသးဘူးဆုိေပမယ့္ သူမက ကြ်န္ေတာ့္အတြက္ အေကာင္းဆုံးလူတစ္ေယာက္ဆုိတာ ကြ်န္ေတာ္သိေနတယ္။ ကြ်န္ေတာ္ရဲ႕ုဆုံးျဖတ္ခ်က္ကုိ အကူအညီေပးခဲ႔ၾကတဲ႔ မိသားစုဝင္မ်ားကုိလည္း အထူးေက်းဇူးတင္ပါတယ္။ ဒီစာဖတ္တဲ႔သူတုိင္းလည္း ကြ်န္ေတာ္တုိ႔ခ်စ္သူႏွစ္ဦး သာယာေပ်ာ္ရႊင္တဲ႔ အိမ္ေထာင္သည္ဘဝေလး ရရွိႏုိင္ေအာင္ ဆုေတာင္းေပးၾကဖုိ႔ ေမွ်ာ္လင့္ပါတယ္ ” လုိ႔ Song Jae Hee က ေရးသားေဖာ္ျပသြားခဲ႔ပါတယ္ခင္ဗ်ာ။

Unicode : နောက်လထဲမှာ မင်္ဂလာဆောင်ကြတော့မယ့် Song Jae Hee နဲ့ Ji So Yeon တို့စုံတွဲ

ကိုရီးယား မင်းသား မင်းသမီးများဖြစ်ကြတဲ့ Song Jae Hee And Ji So Yeon တို့ ချစ်သူစုံတွဲဟာ လာမယ့် စက်တင်ဘာလထဲမှာ မင်္ဂလာဆောင်သွားကြတော့မှာဖြစ်တယ်လို့ မင်းသား Song Jae Hee ရဲ့ လူမှုကွန်ယက်ပေါ်ကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ဒီသတင်းကို မင်းသား Song Jae Hee က သူရဲ့အင်စတာဂရမ်ပေါ်ကနေ ကြေညာသွားခဲ့တာပဲဖြစ်ပါတယ်။ “ ကျွန်တော် Song Jae Hee နဲ့ Ji So Yeon တို့နှစ်ဦးက လာမယ့် ၂၀၁၇ခုနှစ် စက်တင်ဘာလ ၇ရက်နေ့ ထိမ်မြားလက်ထပ်ကြတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကို နှစ်ဖက်မိသားစု အသိုင်းအဝိုင်း အနည်းအကျဉ်းလောက်နဲ့ပဲ ကျင်းပသွားမှာပါ။ ကျွန်တော်တို့အပေါ် အကူအညီတွေ အမြဲပေးခဲ့တဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို မဖိတ်နိုင်ခဲ့တာအတွက်တော့ အနူးအညွှတ် တောင်းပန်ပါတယ်။

မင်္ဂလာဆောင်ပြီးမှပဲ ကျွန်တော်တို့နှစ်ဦးလုံး အားလုံးစီ လာလည်ခဲ့ပါမယ်။ ကျွန်တော်နဲ့ Ji So Yeon တို့ တွဲတာသိပ်မကြာသေးဘူးဆိုပေမယ့် သူမက ကျွန်တော့်အတွက် အကောင်းဆုံးလူတစ်ယောက်ဆိုတာ ကျွန်တော်သိနေတယ်။ ကျွန်တော်ရဲ့ုဆုံးဖြတ်ချက်ကို အကူအညီပေးခဲ့ကြတဲ့ မိသားစုဝင်များကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီစာဖတ်တဲ့သူတိုင်းလည်း ကျွန်တော်တို့ချစ်သူနှစ်ဦး သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝလေး ရရှိနိုင်အောင် ဆုတောင်းပေးကြဖို့ မျှော်လင့်ပါတယ် ” လို့ Song Jae Hee က ရေးသားဖော်ပြသွားခဲ့ပါတယ်ခင်ဗျာ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: