Home Lifestyle အထီးကျန်နေပါသလား၊ သေချာတာကတော့ သင်တစ်ယောက်ထဲမဟုတ်ပါဘူး


0





alone



Unicode : အထီးကျန်နေပါသလား၊ သေချာတာကတော့ သင်တစ်ယောက်ထဲမဟုတ်ပါဘူး

lonely

သူငယ်ချင်းတွေမရှိတဲ့အခါမှာ အထီးကျန်တဲ့လို့ခံစားနေရပါသလား။ ဒါဟာ သင်အတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတစ်ခုပါ။

သင်ဟာ တိရစ္ဆာန်ရုံစောင့်တစ်ဦးဖြစ်ပြီး သင့်အနေဖြင့် လူသားများနှင့် မဆက်ဆံရန် သတ်မှတ်ထားခြင်းခံရတယ်ဆိုပါစို့။ ဘယ်အရာက သင်ဂရုစိုက်စရာဖြစ်လာမှာလဲ။ သင်စောင့်ကြည့်ရတဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေး၊ အစာနှင့်ရေလုံလောက်မှု၊ နေရာ စသည်တို့ပဲဖြစ်ပါတယ်။

ဒီလိုအတွေးမျိုးအတွက် လူမှုစိတ်ပညာရှင် John Cacioppo မှအဖြေတစ်ခုကို ရှာခဲ့ပါတယ်။ ဒါဟာ လူတွေကြားမှာ ရှိတဲ့ဆက်ဆံရေးကို လိုအပ်တယ်လို့ တွေးထင်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။

သင်အနေဖြင့် မိသားစု၊ အိမ်နှင့် သူငယ်ချင်းများအဝေးမှာ နေထိုင်လုပ်ကိုင်ရကောင်း ရနိုင်ပါသည်။ ထိုအခါ တစ်ကိုယ်တည်း အားငယ်မှုများရှိလာနိုင်ပြီး မိသားစုကို လွမ်းစိတ်များပေါ်လာခြင်းဖြစ်သည်။

alone

ဤသို့ဖြင့် အထီကျန်ဆန်မှုကို ခံစားရလာရခြင်းဖြစ်သည်။ ထိုသို့ခံစားရမှုသည် ဦးနှောက်ကို ပြောင်းလဲစေပြီး အတွေးများကို နယ်ချဲ့စေကာ ပိုမို စိတ်ဓါတ်ကျဆင်မှုများဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာတွင်သာမက ရုပ်ပိုင်းဆိုင်ရာတွင်လည်း အဝလွန်ခြင်းနှင့် ဆေးလိပ်အလွန်အကျွံသောက်သုံးမှုကိုဖြစ်စေနိုင်ပါတယ်။

အထီးကျန်ဆန်မှုကို ဘယ်တော့မှ ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်လာသည်ဟု မတွေးရပါ။ သင့်အနေဖြင့် စိတ်ကိုထိန်းချုပ်နိုင်ရန်လိုအပ်ပြီး သင့်အတွက် အထီးကျန်ဆန်မှုမဖြစ်ရအောင် တစ်ကိုယ်တည်း လုပ်နိုင်မည့် လှုပ်ရှားမှုမျိုးကိုလုပ်ဆောင်ရှာဖွေကြည့်ပါ။ သူငယ်ချင်းမိတ်ဆွေအသစ်များတိုးလာအောင် ဆောင်ရွက်ကြည့်ပါ။ နေရာသစ်တွင် ငူငူငေါင်ငေါင်မနေသင့်ပဲ အကျွမ်းတဝင်ဖြစ်လာသည့်အထိ ကြိုးစားသင့်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: