Home News ရေဆိုးကနေထုတ်လုပ်လိုက်တဲ့ ရေခဲချောင်း
0
ice2
Unicode : ရေဆိုးကနေထုတ်လုပ်လိုက်တဲ့ ရေခဲချောင်း
ice1
သွားဝယ်မစားမိပါနဲ့ မှားလိမ့်မည်။ ဒါဟာ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ကျောင်းသား(၃)ဦးပုံဖော်ထားတဲ့ ရေဆိုးမှ ပြုလုပ်ထားတဲ့ ရေခဲချောင်းတွေပါ။
ထိုင်ဝမ်ရှိ ရေဆိုးနေရာ(၁၀၀)မှ ရေများကို ယူပြီး ဖန်တီးထားခြင်းပင်ဖြစ်သည်။ ရေသန့်ရှင်းရေး ပညာပေးရည်ရွယ်ချက်အတွက် ဒီလိုဖန်တီးခဲ့ခြင်းဖြစ်ပြီး Young Designers Exhibition 2017 တွင် ပြသခြင်းခံထားရသော အနုပညာလက်ရာများပင်ဖြစ်သည်။ ထိုရေဆိုးများထဲတွင် ပလပ်စတစ် (၉၀)ရာခိုင်နှုန်းပင်ပါဝင်ပြီး တစ်နေ့ခြားပိုမိုများပြားလာကာ လူသားတွေကို ခြိမ်းခြောက်လာနိုင်ပါသည်။ ဒါကြောင့် ထိုကဲ့သို့ ဖန်တီးမှုမျိုးပြုလုပ်ပြီး ပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုထားခြင်းဖြစ်သည်။
ice2
ဒါပေမယ့် အရည်ပျော်နိုင်တာကြောင့် ရေခဲအဖြစ်ပြုလုပ်မပြပဲ Desinn ကို အသုံးပြု ပုံဖော်ထားခြင်းဖြစ်သည်။ တစ်ခုချင်းစီကိုလည်း ထိုရေဆိုးထားရှိတဲ့နေရာ၊ ပါဝင်သောပစ္စည်းများကို ဖော်ပြထားပြီး ထုတ်လုပ်မှုပုံစံအသစ်ဖြင့်ပါ ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းသည် 2017 Young Pin Design award အတွက်လည်း ဆုလျာထားခြင်းခံရသော ဖန်တီးမှုအနုပညာတစ်ခုပင်ဖြစ်သည်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: