Home How To လုပ်ငန်းခွင်မှာ နောက်ကျသွားရင် တောင်းပန်စကားပြောဖို့ အထိရောက်ဆုံးနည်းလမ်း
0
Unicode : လုပ်ငန်းခွင်မှာ နောက်ကျသွားရင် တောင်းပန်စကားပြောဖို့ အထိရောက်ဆုံးနည်းလမ်း
late work
နောက်ကျခြင်း အတွက် တောင်းပန် စကားပြောကြားဖို့ အကောင်းဆုံး သော့ချက် ကတော့ “နောက်ကျသွားလို့ တောင်းပန်ပါတယ်”လို့ ပြောရုံနဲ့ တောင်းပန်တာ မဟုတ်ပဲ ကိုယ်တစ်ကယ် တောင်းပန် တဲ့ ပုံစံ နဲ့ ပြောမှသာ အရာရောက်တာ ဖြစ်ပါတယ်။ နောက်ကျခြင်း က ဘဝရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပတ်သက်နေပြီး အဲ့လို နောက်ကျ တဲ့ အခါ တိုင်း တောင်း ပန်စကား အမြဲ တမ်း ပြောကြားတာက ယဉ်ကျေးပါတယ်။ ဒါပေမယ့် တစ်ကယ်တောင်း ပန်တဲ့ နည်းလမ်း က ဘာများဖြစ်မလဲ။ လူအများ စု က တစ်စုံတစ်ခု ကြောင့် နောက်ကျ ခြင်းအတွက် တစ်ခြား အရာတွေ နဲ့ ပတ်သက် ပြီး တောင်းပန် တတ်ကြပါတယ်။
လူတွေကတောင်းပန်ပြီး ဆင်ခြေ ပေးဖို့ အခွင့် တောင်းကြပါတယ်။ “နောက်ကျ သွားတာ တောင်းပန်ပါတယ်၊ အစည်း အဝေး ပြီး သွားပြီလား။” “နောက်ကျတဲ့ အတွက်တောင်းပန်ပါတယ်၊ ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး။” စသည်ဖြင့်။ ဒါပေမယ့် သင့် ကို မိနစ်နှစ်ဆယ်လောက် စောင့်နေတဲ့ သူက သင့်လို မရည်ရွယ်ပဲ လုပ်တာ ကို ကြုံဖူးတာ မဟုတ်ပါဘူး။ သူတို့ က ရလဒ် ရဲ့ သက်ရောက်မှု ကိုပဲမြင်ကြပါတယ်။
သင့် ရဲ့ နောက်ကျ မှု ကို အကြောင်းပြချက် တွေ ဆင်ခြေ တွေ ပေးဖို့ တောင်းပန်နေမယ့် အစား သင်ဘယ်လိုတောင်း ပန်ရမယ် ဆိုတာကို ပဲစဉ်းစားပြီး သင်လုပ်ခဲ့ တာတွေ နဲ့ သင်ကြုံလာခဲတဲ့ ပြဿနာ တွေအကြောင်း ကိုပဲစဉ်းစားနေပါ။ “သင်တို့ ကို စောင့်ခိုင်းသလို ဖြစ်သွားတဲ့ အတွက် တောင်းပန်ပါတယ်။” ဒါမှမဟုတ် “ သင်တို့ အချိန်တွေကို ယူသလိုဖြစ်သွားတဲ့ အတွက် တောင်းပန်ပါတယ်။” “အခု လို နားလည် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” သင်သာ လူတိုင်းကို သူတို့ ရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေကို တန်ဖိုးထားကြောင်း ပြနိုင်တယ်ဆိုရင်တော့ သင့်ရဲ့ တောင်းပန်မှု က ပိုသဘာ၀ ကျပြီး ကိုယ့်ဘက်က ရိုးသားမှု ရှိတယ်ဆိုတာကို ပြနေမှာ အမှန်ပါပဲ။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: