Home How To သင့်ရဲ့ သူဌေး သို့မဟုတ် အလုပ်ရှင်ကို ဘယ်လို Complain တက်မလဲ

သင့်ရဲ့ သူဌေး သို့မဟုတ် အလုပ်ရှင်ကို ဘယ်လို Complain တက်မလဲ

0
သင့်ရဲ့ သူဌေး သို့မဟုတ် အလုပ်ရှင်ကို ဘယ်လို Complain တက်မလဲ

အလုပ်တွေဘဲပိနေတဲ့ ပတ်ဝန်းကျင်ဟာ ဘဝမှာ နေရထိုင်ရတာ တော်တော်လေးခက်ခဲ ပါတယ်။ ဒါပေမယ့် ဒီထက် ပိုအဆင်မပြေဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာကြည့်လိုက်မယ်ဆိုရင်တော့ ကိုယ်ထက် ရာထူးမြင့်တဲ့သူ တွေ၊ မပြော မဆိုရဲတဲ့ ကိုယ့်အထက်က လူကြီးတွေ နဲ့ ကိုယ့်ရဲ့ သူဌေးတွေကြောင့် ဘဝမှာ ပိုခက်ခဲ တဲ့ အချိန်တွေ ရှိပါတယ်။

ဒီလို အခြေအနေတွေ အတွက် ဘာမှလုပ်လို့မရဘူးလို့ ထင်စရာတော့ ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့ နည်းလမ်းတော့ ရှိပါသေးတယ်။ သင်ဘယ်လို အကျိုးသက်ရောက်မှု ရှိအောင် ပြောရမလဲဆိုတာ နဲ့ ကိုယ့် အလုပ်ကိုမထိခိုက်အောင် ပြောရမလဲဆိုတာ သိဖို့တော့ လိုပါတယ်။

သင် အွန်လိုင်းမှာ သင့် အလုပ် ရှင်ကို သင်မကျေနပ်တာနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် သင့်သူဌေး က ဒီအတွက် အလုပ်ထုတ်လို့ မရပေမယ့် ဒီနည်းလမ်းက သင့်အလုပ်ကို ပိုကောင်းအောင် လုံးဝကြီး အထောက်အကူပေးမှာတော့ မဟုတ်ပါဘူး။ သင်က အခြေအနေတစ်ခု စောင့်စားပြီး သင့်အလုပ်ရှင်ကို မကျေနပ်ချက်တွေ ပြောတော့မယ်ဆိုရင် အလေ့အကျင့်ပြုလုပ်လို့ရမယ့် အကောင်းဆုံးနည်းလမ်းတွေ ကို အောက်မှာ ဖော်ပြထားပေးပါတယ်။

သင့် အလုပ်ရှင်ကို မကျေနပ်တာတွေ ပြောတော့ မယ်ဆိုရင်တော့ သင့်မှာ ကောင်းမွန်တဲ့ အကြောင်းပြချက် ရှိဖို့တော့ လိုပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင့်အလုပ်ရှင်ကို မကျေနပ်ချက်တွေ ပြောသင့်တာက ဘာလို့လည်းဆိုတော့ သူတို့က နည်းနည်းလေးမယဉ်ကျေးကြလို့ပါ။ ဒါပေမယ့် သင့်အလုပ်ရှင်က သင့်ကို ပုဂ္ဂိုလ်ရေးအရနဲ့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်ဖူးတာမဟုတ်ရင်တော့ ဒါဟာ မတော်တဆ အမှားပဲဖြစ်ပါတယ်။

သင့် အလုပ်ရှင်က သင့်ကို ထိခိုက်တယ်လို့ ပြောလို့ရတဲ့ တရားဝင် အထောက်အထားတွေက

• ခွဲခြားဆက်ဆံခြင်း

• ဥပဒေ နဲ့ မညီတဲ့ အပြုအမှုတွေ ပြုလုပ်ခြင်း

• အချိန် ပိုခိုင်းခြင်း နှင့် အကြမ်းဖက်မှု ကျူးလွန်ခြင်း

သင်က ဒီအချက်သုံးချက်ကို ကျွမ်းကျွမ်း ကျင်ကျင် သိမြင်နိုင်တဲ့သူ မဟုတ်ဘူးဆိုရင်တော့ အလုပ်ခွင် ရဲ့ စွမ်းဆောင်မှုအပေါ် သင်တိုင်ကြားလို့ ကောင်းမှာတော့ မဟုတ်ပါဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး သင်လုပ်နိုင်မယ့် နောက်တစ်နည်းကတော့ သင့် သူဌေးအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ သူနဲ့ သင့်သူဌေးနဲ့ နည်းနည်း ပါဝါရှိတဲ့ သူဆီမှာ တိုင်လို့ရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ သင်တိုင်မယ့် ပြဿနာနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ ဖြေရှင်းချက်တွေ စဉ်းစားထားတာ ကောင်းပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အမှုအကျင့်တွေကနေတစ်ဆင့် သင့်သူဌေးကို ကောင်းမွန်တဲ့ ဘက်ခြမ်း ရောက်သွားအောင် တွန်းပို့ နိုင်ပါတယ်။

သင့်သူဌေးက အကြောင်းပြချက်ကောင်းကောင်း မရှိပဲနဲ့ သင့်ကို ရန်ပြုတဲ့ ပုံစံ လုပ်နေရင်တော့ ဒီဟာနဲ့ ပတ်သက်ပြီး သင့်သူဌေးထက် သြဇာပိုကြီးတဲ့ သူဆီမှာ ဒီကိစ္စကို ပြောကြားဖို့ စဉ်းစားရပါလိမ့်မယ်။ ဘယ်လိုအခြေအနေတွေမှာလဲဆိုရင်တေ့ာ သင့်သူဌေးဆီက လစာ အလုံအလောက် မရတဲ့အခါမျိုးမှာ နဲ့ ပိုင်ရှင်က လုပ်ငန်းခွင် အခြေအနေတွေကို မသိနိုင်တဲ့ အချိန်တွေမှာ ပြောကြားသင့်ပါတယ်။ ပြဿနာတစ်ခု ဖြစ်ပြီးတာနဲ့ ချကခြင်းကြီး သွားဖြေရှင်းလိုက်တာတော့ မလုပ်ပါနဲ့။

ဒီလို မကြာခဏဖြစ်နေတယ်ဆိုတာ သေချာမှ ဖြေရှင်းတာသင့်တော်ပါတယ်။ နောက်တစ်ခုက ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရမယ့် ပုံစံကို စာစီထားပါ။ ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့ မကျေနပ်ချက်တွေကို မှတ်တမ်းအနေနဲ့ စာရွက်ပေါ်မှာ ချရေးထားပါ။

HR က လူတွေ အကြံပြုထားတာက သင်လုပ်မယ့် အဓိက အလုပ်တွေကို မှတ်ထားပါ။ ဒီလိုလုပ်ထားခြင်းအားဖြင့် သင့်သူဌေးက တစ်ခြား ကိုယ်လုပ်နေကျ အလုပ်တစ်ခုနဲ့ မတူတာတွေ လုပ်ခိုင်းတဲ့အခါ ဒါကို ထောက်ပြလို့ရပါတယ်။ ဒါကို အရေးကြီး အချက်အနေနဲ့ မှတ်ထားပါ။ သင့် ဘက်က မပျင်းရိဖို့ တော့ လိုအပ်မှာဖြစ်ပြီး သင့်သူဌေးက သင့်ရဲ့ စိတ်ကောင်းစေတနာထားမှုကို မကြာခဏ အခွင့် ကောင်းယူပြီး အကူအညီတွေ မကြာခဏတောင်းလာတယ်ဆိုရင်တော့ သင့်သူဌေးက သင်လုပ်ရမယ့် အလုပ်တွေကို လျစ်လျူရှုခိုင်းတာမဟုတ်ပဲ သဘောတူညီမှုအရ တစ်ခြားအလုပ်တွေကို လုပ်ခိုင်းတာ ဖြစ်ရပါမယ်။

သင်ကသာ ဒီလို အပြင်အလုပ်တွေကို လုပ်ဖို့ သဘောတူတယ်ဆိုရင်တော့ သင့်သူဌေးကို အရင်ပြောပြရပါမယ်။ ဘယ်အခြေအနေတွေမှာလဲဆိုရင်တော့ သင့်နေ့လည်စာစားချိန်တွေနဲ့ ခဏတာ အနားယူတဲ့ အချိန်တွေကို မထိခိုက်ဖို့ဖြစ်ပါတယ်။ သင် မကျေနပ်စရာတွေက ဝန်ထမ်းအချင်းချင်းကြား ခွဲခြား ဆက်ဆံခံရတာနဲ့ ဥပဒေနဲ့ မလျော်ကန်တာတွေ လုပ်လာရင်တော့ သင့်ဘက်က သက်သေတော့ ရှိဖို့ လိုအပ်ပါတယ်။

ဒီလို အခြေအနေတွေကို သင်ဘယ်လိုမှတ်တမ်း တင်မလဲ။

နည်းပညာ အကူအညီနဲ့ လုပ်လို့ရပါတယ်။

အထူးသဖြင့် သင့်သူဌေးက မသိမသာနဲ့ အချိန်ပိုတွေ လုပ်ခိုင်းတာတို့ ၊ မက်လုံးပေးပြီး ခိုင်းတာတွေ ဆက်ဖြစ်နေတဲ့အခါ သင့်ဘက်က သက်သေတော့ ရှိဖို့လိုအပ်တယ်မဟုတ်လား။ သင်ဒါကို ခြေရာ ကောက်ဖို့အတွက် အလွန်လွယ်ကူပါတယ်။ သင့်ဘက်က သေချာအောင်လုပ်ထားရမှာ တစ်ခုက အချက်အလက်တွေ အပြည့်အစုံရှိနေဖို့ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အားမနာပဲနဲ့ သင်နဲ့ သင့်သူ ဌေး ပြောတာတွေကို အသံသွင်းထားတဲ့အခါမှာ ကြောက်သလိုလို ရွံ့သလိုလို ဖြစ်မနေဖို့ အရေးကြီးပါတယ်။ သင့်ဘက်ကလည်း အသံသွင်းတဲ့ ခလုတ်တွေကို ခပ်မြန်မြန်နှိပ်ဖို့ လိုပါတယ်။

Webcam အသုံးပြု ခြင်း

သင့်သူဌေးနဲ့ ပတ်သက်ပြီး ထောက်လှမ်းတာတွေလုပ်ဖို့ မလိုအပ်တဲ့အခါမှာ သင့်ကွန်ပျူတာကနေ ဘယ်အရာကိုမဆို မှတ်တမ်းတင်ထားဖို့ webcam ကို အသုံးပြုရတာ ရိုးရှင်းပါတယ်။ သင်ဒါကို သုံး တဲ့အခါမှာ သင့်ဘက်က တစ်ဦးတည်းသုံးတာတော့ ဖြစ်ပါစေ။ ဒါပေမယ့် သင့် သူဌေး က သင် မကောင်းဘူးလို့ထင်တဲ့ အရာတစ်ခုခု လုပ်တဲ့အခါမှာ webcam က သင်သက်သေအထောက်အထား တစ်ခုခု ရဖို့အတွက် ထိထိရောက်ရောက်မှတ်တမ်း တင်ထားပေးမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: