Home News ဗူဒူး အောက်လမ်းပညာဖြင့် ခန္ဓာကိုယ်ထဲ အပ် ၇ ချောင်းသွင်း၍ ပြုစားခံရပြီးနောက် သေဆုံး


0



 needles-inside-body


Unicode : ဗူဒူး အောက်လမ်းပညာဖြင့် ခန္ဓာကိုယ်ထဲ အပ် ၇ ချောင်းသွင်း၍ ပြုစားခံရပြီးနောက် သေဆုံး

voodoo

ဒီလို တိုးတက်နေတဲ့ ခေတ်သစ်ကြီးမှာ အောက်လမ်းပညာတွေကို ယုံစားတဲ့သူတွေရှိသလို မယုံတဲ့သူတွေလည်း ရှိပါတယ်။ ဗူဒူး အရုပ်သွင်း အောက်လမ်းပညာဟာ နာမည်ကြီးအောက်လမ်း ပညာတစ်ခုဖြစ်ပြီး ဒီလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ စမ်းသပ်လေ့လာနေတဲ့သူတွေကတော့ ရှိနေတုန်းပါဘဲ။ အိန္ဒိယနိုင်ငံက ၃နှစ်အရွယ် မိန်းကလေး တစ်ယောက်ကတော့ ပြုစားခံထိပြီး သေဆုံးသွားတယ်လို့ India Today သတင်းအရ သိရပါတယ်။

အဆိုပါ သေဆုံးသွားသူ ၃နှစ်အရွယ် ကလေးငယ်မှာ မိခင်မှ အပြင်ထွက်ချိန်တွင် အိမ်အကူဖြင့် ထားသွားခဲ့ပြီး မကြာမှီအချိန်တွင် အပြင်းအထန်ဖျားသည်ဟု ဆိုကာ ဆေးခန်းသို့ပို့ခဲ့သည်။ ကလေးငယ်တွင် ကိုယ်တွင်းထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဆရာဝန်မှ အတည်ပြုပေးခဲ့ပြီး ဓာတ်မှန်ရလဒ်များအရ ကိုယ်တွင်းတွင် အပ် ၇ ချောင်း ဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။

needles-inside-body

ရဲများရှာဖွေတွေ့ရှိချိန်တွင် ဗူဒူးအရုပ်၌ အပ် ၇ ချောင်းစိုက်ထားပြီး အိန္ဒိယ၏ရှေးရိုးအယူအဆအရ အောက်လမ်းပညာဖြင့် ပြုစားသည်ဟု ယူဆကြသည်။ သို့သော်လည်း ကလေးငယ်ခန္ဓာကိုယ်တွင်းတွင် အပ် ၇ ချောင်းဝင်သည့်ကိစ္စနှင့်ပတ်သတ်ပြီး ဗူဒူးအရုပ်တစ်ခုကို လုပ်ကြံ၍ ဖန်တီးလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ရဲများက ယူဆမှတ်ချက်ပြုကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: