Home News ေျမာက္ကိုးရီးယား၏ ဒံုးက်ည္စမ္းသပ္ေအာင္ျမင္မႈသည္ ႏိုင္ငံ၏ေတာက္ပေသာ အနာဂတ္ႏွင့္ ျငိမ္းခ်မ္းေရးအတြက္ ဓားတစ္ေခ်ာင္းသဖြယ္ ျဖစ္ေၾကာင္း ေျပာၾကား

ေျမာက္ကိုးရီးယား၏ ဒံုးက်ည္စမ္းသပ္ေအာင္ျမင္မႈသည္ ႏိုင္ငံ၏ေတာက္ပေသာ အနာဂတ္ႏွင့္ ျငိမ္းခ်မ္းေရးအတြက္ ဓားတစ္ေခ်ာင္းသဖြယ္ ျဖစ္ေၾကာင္း ေျပာၾကား

0

ျပီးခဲ့တဲ့ ေသာၾကာေန႕က ေျမာက္ကိုးရီးယားမွ စမ္းသပ္ပစ္လႊတ္လုိက္တဲ့ ဒံုးက်ည္ဟာ ေအာင္ျမင္မႈရရွိခဲ့ျပီးေနာက္မွာ ေျမာက္ကိုးရီးယားကေန အေမရိကန္ကို ျပင္းထန္စြာ သတိေပးလိုက္ပါတယ္။ ေျမာက္ကိုးရီးယား၏ ဒံုးက်ည္မွာ အေမရိကန္ျပည္ေထာင္စု အထိ ပစ္လႊတ္ႏုိင္ေနျပီ ျဖစ္ေၾကာင္း၊ ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ ကို ထိပါး ဖယ္ရွားဖို႕ ၾကိဳးစားေၾကာင္း လုပ္ေဆာင္ခ်က္ အရိပ္အေယာင္ အနည္းငယ္ေတြ႕သည္ႏွင့္ အေမရိကန္ကို မ်က္ႏွာေထာက္ထားမည္ မဟုတ္ဘဲ ႏ်ဴကလီးယားအပါအ၀င္ အျခားေသာ လက္နက္မ်ားႏွင့္ပါ တိုက္ခိုက္ရလိမ့္မည္ ျဖစ္ေၾကာင္း အေမရိကန္ကို ျပင္းထန္စြာ သတိေပးခဲ့သည္။

icbm

လက္ရွိတြင္ တရုတ္မွလဲ ေျမာက္ကိုးရီးယားအေရးကိစၥႏွင့္ ျငိမ္သက္ေနေသာေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္မွလည္း အျပစ္တင္ေျပာဆိုလိုက္သည္။ သို႕ေသာ္လည္း ေျမာက္ကိုးရီးယားတို႕၏ ဒံုးက်ည္စမ္းသပ္မႈသည္ ႏ်ဴကလီးယားထိပ္ဖူးပါ၀င္ျခင္းမရွိဘဲ သီအိုရ အရသာ ေျပာဆိုေနျခင္း ျဖစ္သည္။ လက္ေတြ႕တြင္ အဆိုပါ တာေ၀းပစ္ ဒံုးက်ည္တြင္ ႏ်ဴကလီးယားထိပ္ဖူး တပ္ဆင္ႏုိင္ျခင္း ရွိ၊ မရွိ ကိုမူ မည္သူမွ မသိၾကေသးေပ။ ေျမာက္ကိုးရီးယားကသာ ႏ်ဴကလီးယားထိပ္ဖူးတင္ဆင္ႏုိင္သည္ဟု ေၾကျငာထားျပီး အေမရိကန္ကမူ မျဖစ္ႏုိင္ေသးေၾကာင္း မွတ္ခ်က္ျပဳထားေသာ္လည္း ဟာ၀ိုင္အီကြ်န္းတြင္ ႏ်ဴကလီးယားလက္နက္ကို တုံ႕ျပန္ႏုိင္မည့္စနစ္မ်ား တပ္ဆင္ထားေၾကာင္း သိရွိရသည္။

ေျမာက္ကိုးရီးယားတို႕၏ လက္နက္စမ္းသပ္တီထြင္မႈသည္ ႏိုင္ငံ၏ ေတာက္ပေသာ အနာဂတ္ႏွင့္ ျငိမ္းခ်မ္းေရးအတြက္ ဓားလက္နက္ သဖြယ္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

Unicode : မြောက်ကိုးရီးယား၏ ဒုံးကျည်စမ်းသပ်အောင်မြင်မှုသည် နိုင်ငံ၏တောက်ပသော အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် ဓားတစ်ချောင်းသဖွယ် ဖြစ်ကြောင်း ပြောကြား

missile-test-july

ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ကိုးရီးယားမှ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အောင်မြင်မှုရရှိခဲ့ပြီးနောက်မှာ မြောက်ကိုးရီးယားကနေ အမေရိကန်ကို ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။ မြောက်ကိုးရီးယား၏ ဒုံးကျည်မှာ အမေရိကန်ပြည်ထောင်စု အထိ ပစ်လွှတ်နိုင်နေပြီ ဖြစ်ကြောင်း၊ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို ထိပါး ဖယ်ရှားဖို့ ကြိုးစားကြောင်း လုပ်ဆောင်ချက် အရိပ်အယောင် အနည်းငယ်တွေ့သည်နှင့် အမေရိကန်ကို မျက်နှာထောက်ထားမည် မဟုတ်ဘဲ နျူကလီးယားအပါအဝင် အခြားသော လက်နက်များနှင့်ပါ တိုက်ခိုက်ရလိမ့်မည် ဖြစ်ကြောင်း အမေရိကန်ကို ပြင်းထန်စွာ သတိပေးခဲ့သည်။

icbm

လက်ရှိတွင် တရုတ်မှလဲ မြောက်ကိုးရီးယားအရေးကိစ္စနှင့် ငြိမ်သက်နေသောကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှလည်း အပြစ်တင်ပြောဆိုလိုက်သည်။ သို့သော်လည်း မြောက်ကိုးရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုသည် နျူကလီးယားထိပ်ဖူးပါဝင်ခြင်းမရှိဘဲ သီအိုရ အရသာ ပြောဆိုနေခြင်း ဖြစ်သည်။ လက်တွေ့တွင် အဆိုပါ တာဝေးပစ် ဒုံးကျည်တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ခြင်း ရှိ၊ မရှိ ကိုမူ မည်သူမှ မသိကြသေးပေ။ မြောက်ကိုးရီးယားကသာ နျူကလီးယားထိပ်ဖူးတင်ဆင်နိုင်သည်ဟု ကြေငြာထားပြီး အမေရိကန်ကမူ မဖြစ်နိုင်သေးကြောင်း မှတ်ချက်ပြုထားသော်လည်း ဟာဝိုင်အီကျွန်းတွင် နျူကလီးယားလက်နက်ကို တုံ့ပြန်နိုင်မည့်စနစ်များ တပ်ဆင်ထားကြောင်း သိရှိရသည်။

မြောက်ကိုးရီးယားတို့၏ လက်နက်စမ်းသပ်တီထွင်မှုသည် နိုင်ငံ၏ တောက်ပသော အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် ဓားလက်နက် သဖွယ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: